Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အပြစ်မဲ့သော ပူဖောင်းငယ်လေးများ

$
0
0


၂ဝ၁၂ ခုနှစ်၊ သြဂုတ်လအတွင်း လျှပ်စစ်မီးကြိုးမှတဆင့် ဓါတ်လိုက်၍ နှစ်လောင်းပြိုင်သေဆုံးမှု ဖြစ်ရပ်တူ ထူးခြားဖြစ်စဉ်နှစ်ရပ် ကြုံတွေ့ခဲ့ရသည်။ ယင်းဖြစ်စဉ်ကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသူ/သားများနှင့် ဝန်ထမ်းများမှ နိဗ္ဗာန်ယာဉ်နှစ်စီးဖြင့် ရေဝေးသုဿန်သို့ ပို့ဆောင်သင်္ဂြိုလ်မှု (၂) ကြိမ်တိုင်တိုင် ကူညီမှုပြုခဲ့သည်။

လွန်ခဲ့သော (၁ဝ) ရက်က အမှတ် ၄ဝ၊ သခင်မြလမ်း၊ မြောက်ဒဂုံမြို့နယ်တွင် လျှပ်စစ်ဓါတ်ယိုစီး နေမှုကြောင့် သားအမိနှစ်ယောက် ဓါတ်လိုက်၍ သေဆုံးမှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ မိုးရာသီ ဖြစ်သော ကြောင့် နေအိမ်အနီးတဝိုက်တွင်ရေများ ဖုံးလွှမ်းလျှက်ရှိသည်။ ၇.၈.၂ဝ၁၂ နံနက် (၆းဝဝ) နာရီအချိန်တွင် (၁၃)နှစ်အရွယ် (၈) တန်းကျောင်းသားမှာ ကျောင်းသွားရန်အတွက် မိခင်အားနှုတ်ဆက်၍ ထွက်ခွာသွား ချိန် ကျယ်လောင်သောအော်သံကြောင့် မိခင်မှာ သားရေနစ်နေပြီထင်သဖြင့် မိခင်သည် သားဇောဖြင့် ရေထဲသို့ ဆင်းလိုက်သွားချိန်တွင် ဓါတ်မီးတိုင်အား လဲမကျသွားစေရန် ဓါတ်တိုင်အားထိန်းထားသော ဆိုင်းကြိုးမှတဆင့် လျှပ်စစ်ယိုစီးဝင်ရောက်နေသဖြင့် ရေထဲသို့ လျှပ်စစ်များ ယိုစီးဆင်းနေသည့်အတွက် ကြောင့် သားအမိနှစ်ဦးမှာ ဓါတ်လိုက်၍ သေဆုံးမှုဖြစ်ပွားခဲ့သည်။

ထိုနည်းတူစွာ ၁၆.၈.၂ဝ၁၂ ရက်နေ့တွင် ရပ်ကွက်တွင်းရှိ နေအိမ်သွပ်နံရံမှ လျှပ်စစ်ဓါတ် ယိုစီး ဆင်းနေခြင်းကြောင့် ဦးလေးနှင့်တူနှစ်ဦး ဓါတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ယင်းနေ့ ညနေ (၆းဝဝ) နာရီအချိန်တွင် အမှတ် ၁၁၊ သရဖီလမ်း၊ (က)ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်နေ တူဖြစ်သူ မောင်ထွန်းထွန်းဝင်း အသက်(၂ဝ)နှစ်သည် မိုးပျံပူဖောင်းရောင်းရန်အတွက် ရပ်ကွက်ထဲရှိ အိမ်တန်းများ၏ လမ်းကြားထဲသို့ဝင်ရောက်စဉ် အိမ်နှစ်အိမ်၏အလယ်ရှိ လမ်းသွယ်လေးမှတဆင့် အနောက်လမ်းသို့ ဈေးသွားရောင်းရန်အဝင် အိမ်ဘေးနားတွင် ကာရံလျှက်ရှိသောသွပ်ပြားအား ထိမိကာ မောင်ထွန်းထွန်း ဝင်း တစ်ယောက် မြေကြီးပေါ်သို့လဲကျ သွားတော့သည်။ မောင်ထွန်းထွန်းဝင်း မြေကြီးပေါ်သို့လဲကျ သွားသည်နှင့်တပြိုင်နက် သူ၏လက်ထဲတွင် ကိုင်ဆောင်လာသော မိုးပျံပူဖောင်းငယ်တချို့သည် လေထဲသို့ လွင့်ပျံ၍တက်သွားခဲ့သည်။ မီးကြိုးကာဗာများပေါက်ပြဲကာ လျှပ်စစ်ယိုစီး၍ သွပ်ပြားအား ထိမိနေခြင်း ကြောင့် လျှပ်စစ်ဓါတ်များယိုစီးကာ မောင်ထွန်းထွန်းဝင်း အသက် (၂ဝ) နှစ်သည် ဓါတ်လိုက်၍ လဲကျ သွားခြင်း ဖြစ်ပေသည်။

ဦးလေးဖြစ်သူ ကိုမင်းကျော်စိုး အသက် (၂၅) နှစ်သည် လမ်းလျှောက်လာစဉ် တူ ဖြစ်သူ လဲကျသွားသည်ကိုမြင်၍ ပြေး၍ဆွဲထူလိုက်စဉ် ဦးလေးပါ ဓါတ်လိုက်၍ လဲကျသွားခဲ့သည်။ ထိုစဉ် ရပ်ကွက်တွင်းမှ လူများသည် ထိုဖြစ်ရပ်အားတွေ့မြင်ကာ နေအိမ်ပေါ်သို့တက်၍ ဓါတ်အားလိုင်းခလုတ် ဖြုတ်ချလိုက်သော်လည်း တူဝရီးနှစ်ယောက်စလုံး ဓါတ်လိုက်မြဲဖြစ်ကြောင်း တွေ့မြင်ရသည်။ ထိုစဉ် ရပ်ကွက်တစ်ခုလုံး မီးပြတ်သွားပါသဖြင့် ရပ်ကွက်မှ ကိုမင်းကျော်စိုးနှင့် တူဖြစ်သူ မောင်ထွန်းထွန်းဝင်း တို့အား အရေးပေါ်ကယ်တင်ခဲ့ကြသော်လည်း သင်္ဃန်းကျွန်း၊ စံပြဆေးရုံသို့အပို့ လမ်းခုလတ်တွင်ပင် အသက်ဆုံးပါးသွားခဲ့သည်။ အကယ်၍များ ရပ်ကွက်မီးပြတ်တောက်မှု မရှိခဲ့ပါက လဲကျသွားသော တူဝရီး နှစ်ယောက်အား စာနာစိတ်ဖြင့် ဆွဲထူပေးကြမည့် ရပ်ကွက်သူ/သားများအတွက် မတွေးဝံ့တော့ချေ။


ဘဝတစ်ပါးသို့ ကူးပြောင်းသွားသော ဦးလေးဖြစ်သူ ကိုမင်းကျော်စိုး (၂၅) နှစ်နှင့် တူဖြစ်သူ မောင်ထွန်းထွန်းဝင်း (၂ဝ) နှစ်တို့အား ရေဝေးသုဿန်သို့ နေ့မကူးဘဲ သင်္ဂြိုလ်ရန် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ဖုန်းဆက်အကြောင်းကြားလာသဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံမှ ရေဝေးသုဿန်သို့ နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားများ၊ ဝန်ထမ်းများမှ ပို့ဆောင်သင်္ဂြိုလ်မှုကို ပြုလုပ်ကူညီပေးခဲ့သည်။

မောင်ထွန်းထွန်းဝင်းတစ်ယောက် ဝမ်းရေးအတွက် သမာအာဇီဝဖြင့် ရှာဖွေလုပ်ကိုင်နေသော လုပ်ငန်းဖြစ်သည့် မိုးပျံပူဖောင်းငယ်လေးများသည် ကမ္ဘာမြေပြင်မှ အထက်သို့လွင့်ပျံသွားခဲ့သလို အပြစ်မဲ့ သော မောင်ထွန်းထွန်းဝင်းနှင့် ဦးလေးဖြစ်သူ ကိုမင်းကျော်စိုးတို့သည်လည်း ကမ္ဘာမြေပြင်မှ တစ်ချိန်တည်း တစ်ပြိုင်တည်း ထွက်ခွာ သွားခဲ့ရတော့သည်။ ကွယ်လွန်သွားရှာကြသော တူဝရီးတို့နှစ်ဦးသည်လည်း မိုးပျံ ပူဖောင်းငယ်လေးများကဲ့သို့ အထက်ဘုံသို့ရောက်ရှိကြပါစေဟူ၍ ဆုတောင်းလိုက်ရပါသည်။

ထို့ကြောင့် လူ့လောကကြီးထဲသို့ အတူတကွ မရောက်လာကြသော်လည်း အတူတူနေ၊ အတူတူ စား၊ အတူတူသွား၊ အတူတူလောကကြီးမှ ပြန်လည်ထွက်ခွာသွားရသည်ကို သံဝေဂရစွာဖြင့် ကံတရားအား အပြစ်ပုံချရမည်ဖြစ်သကဲ့သို့ ကျွန်တော်တို့မြန်မာနိုင်ငံတွင် ပြန်လည်ထူထောင်ရေးကာလအပိုင်းအခြား၌ ပြည်သူ/သားအားလုံး အစစအရာရာ သွားသတိ၊ လာသတိ၊ စားသတိ ဟူသော “သတိ” တရားကို “အသိ” တရားနှင့်ယှဉ်တွဲ၍ နေထိုင်သွားလာ စားသောက်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

(ကျော်သူ)



Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>