Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဘဘဦးကြည်မောင်(ရွေးကောက်ပွဲ အောင်နိုင်ရေးဗိသုကာကြီး--အကြောင်း)

$
0
0
၁၉၃၈တတိယကျောင်းသားသပိတ်တွင်ကျောင်းသားခေါင်းဆောင်ဗိုလ်အောင်ကျော်နှင့်အတူ ဦးခေါင်းတွင် အရိုက်ခံခဲ့ရပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သူ တဦးဖြစ်ပါသည်။။ ဗိုလ်အောင်ကျော် ဒဏ်ရာ ပြင်းထန်လွန်းသဖြင့် လဲကျသွားရာအချိန်မှ ကွယ်လွန်သည်အထိ အနီးကပ် ဖေးမပြုစု ခဲ့သူလည်း ဖြစ်ပါသည်။

ရွေးကောက်ပွဲအောင်နိုင်ရေးဗိသုကာကြီးးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ဗဟိုအလုပ်အမှုဆောင်ဒုတိယဥက္ကဌအဖြစ် တာဝန်ယူခဲ့သောဗဟန်းမြို့ နယ်အမှတ်(၂)မဲဆန္ဒနယ်၏ပြည်သူ့ လွှတ် တော်ကိုယ်စားလှယ်ဗိုလ်မှူးကြီးဟောင်းသီရိပျံချီ ဦးကြည်မောင်၏နိုင်ငံရေးဖြတ်သန်းမှုအကျဉ်းချုပ်

ဦးကြည်မောင်ကိုအဖဦးဖိုးသိန်းအမိဒေါ်ငွေခင်တို့မှ၁၉၂၀ဒီဇင်ဘာလ၂၀ရက်တွင်မွေးဖွါးခဲ့သည်..

်၁၉၃၆တွင်တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး၁၉၃၈တတိယကျောင်းသားသပိတ်တွင်ကျောင်းသားခေါင်းဆောင်ဗိုလ်အောင်ကျော်နှင့်အတူ ဦးခေါင်းတွင် အရိုက်ခံခဲ့ရှု ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သူ တဦးဖြစ်ပါသည်။။ ဗိုလ်အောင်ကျော် ဒဏ်ရာ ပြင်းထန်လွန်းသဖြင့် လဲကျသွားရာအချိန်မှ ကွယ်လွန်သည်အထိ အနီးကပ် ဖေးမပြုစု ခဲ့သူလည်း ဖြစ်ပါသည်။

၁၉၄၁တွင်ဘီအေနောက်ဆုံးနှစ်စာမေးပွဲ အားကျောခိုင်း ၍မြန်မာလွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ) သို့ဝင်ရောက်ခဲ့ပါသည်၊

၁၉၄၃ မှ ၁၉၄၅ ထိ ဂျပန်နိုင်ငံစစ်တက့သိုလ်တွင်အပတ်စဉ် (၅၇) သင်တန်း ပြီးဆုံးသည် အထိစစ်သင်တန်း တက်ရောက်ခဲ့သည်၊ ၁၉၄၅တွင် ဗမာ့သေနတ်ကိုင်တပ်ရင်း(သ န က ၅) သို့ ရောက်ရှိပြီး ၁၉၄၈တွင် တပ်ရင်းမှူး တာဝန်ထမ်းဆောင် ခဲ့သည်၊ ၁၉၅၁တွင် ထိုစဉ်က မေမြို့တွင်အခြေစိုက်သော မြောက်ပိုင်းတိုင်း စစ်ဌါနချုပ့်  စစ်ဦးစီးပထမတန်း တာဝန် ထမ်းဆောင်ခဲ့သည်၊
၁၉၅၃တွင် တပ်မဟာ(၇) တပ်မဟာမှူး အဖြစ်တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၅၅။၅၆တွင်အမေရိကန် နိုင်ငံ စစ်တက္ကသိုလ်တွင် သင်တန်းတက်ရောက်ခဲ့သည်။။၁၉၆၀ တွင် ရန်ကုန်တိုင်းစစ်ဌါနချုပ် တိုင်းမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်၊
၁၉၆၂ တွင်တပ်မတော်မှ နိုင်ငံတော်အာဏာသိမ်းယူစဉ် တွင် တော်လှန်ရေးကောင်စီဝင်အဖြစ် တာဝန်ပေးအပ်ခြင်း ခံရသည်၊
၁၉၆၂ = ၆၃ တွင် အနောက်တောင်တိုင်း စစ်ဌါနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူစဉ် စစ်တပ်နှင့်နိုင်ငံရေး အခန်းက္ဂအား ကောင်းစွာခွဲခြား သိရှိသူတစ်ဦး ဖြစ်သည့် အားလျော်စွာ ၁၉၆၂ စစ်အာဏာသိမ်းယူသည့် ကိစ္စအား အပြင်းအထန်ဆန့်ကျင်ခဲ့သည်၊

၁၉၆၃ တွင် တော်လှန်ရေးကောင်စီမှ ကြီးမှူးကျင်းပသည့် ဒူးယားနှီးနှောဖလှယ်ပွဲကို မတက်ရောက်ပဲအမိန့်အာဏာ ဖီဆန်ခဲ့ သဖြင့်အငြိမ်းစားပေးခြင်းခံခဲ့ရပါသည်။။
၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ ကာလတွင်အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ဖွဲ့စည်းသောအခါဦးအောင်ကြီး ဦးဆောင်သည့် အဖွဲ့တွင်ပါဝင်လာပြီးဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်သုတေသန ဌါနမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါ သည်၊ နိုင်ငံရေးလမ်းစဉ်ချင်း မတူညီကြ၍ အဖွဲ့ချုပ်မှ ဦးအောင်ကြီးအုပ်စု ခွဲထွက်ရာတွင် ဦးအောင်ကြီး. အဖွဲ့ ချုပ်အပေါ်စွပ်စွဲချက်များကို လက်မခံပဲ ဒေါ်အောင်ဆန်းစုကြည် ဖက်မှ ပြတ်ပြတ်သားသား ရပ်တည်ခဲ့ပါသည်။။

ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် အဖမ်း ခံခဲ့ရပြီးနောက် အဖွဲ့ချုပ်. ယာယီဥက္ကဌအဖြစ် တာဝန်ယူ ခဲ့ပါသည်။။
၁၉၉၀ တွင်ကျင်းပခဲ့သည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲ တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား မဲအပြတ် အသတ်ဖြင့် အနိုင်ရရှိအောင် ဦးဆောင်ခဲ့သည့် ရွေးကောက်ပွဲ အောင်နိုင်ရေး ဗိသုကာ}ကီး တဦး ဖြစ်ပါသည်၊ ကိုယ်တိုင်လည်း ဗဟန်း မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မှ ၀င်ရောက်ယှဉ်ပြိုင် ခဲ့ရာ မဲရာခိုင်နှန်း (၇၃ . ၁၇)ဖြင့် အရွေး ချယ် ခံခဲ့ရသူ ဖြစ်သည်။။

၁၉၉၀ပြည်ဇူလှိုင်(၂၈။၂၉)တွင်ကျင်းပခဲ့သည့်ဂန္ဒီခန်းမအစည်းအဝေးကို အောင်မြင်အောင်ဦး ဆောင်နိုင်သူလည်း ဖြစ်သည်။။

ဂန္ဒီခန်းမအစည်းအဝေးပြီးနောက် စစ်အုပ်စုမှ ဖမ်းဆီး ခြင်းခံခဲ့ရသည်။။ ပုဒ်မ ၅ည နှင့်အစိုးရလျို့ ဝှက် အက်ဥပဒေ ပုဒ်မ ၆(၂)ခနှင့် ၆(၃) အရပြစ်မှုထင်ရှားသည်ဟု စီရင်ခြင်း ခံရသည့် အပြင် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၁ ည နှင့်ငြိစွန်းသဖြင့်ပြည်သူ လွတ်တော် ကိုယ်စားလှယ် အဖြစ်မှပယ်ဖျက် ကြောင်းရွေးကောက်ပွဲကော်မရှင်မှ ၁၉၉၁ ဒီဇင်ဘာ (၁၀)ရက်နေ့တွင်ကြေညာခဲ့သည်၊

ဦးကြည်မောင်သည် ၁၉၉၅ မတ်လ ၁၄ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လွတ်လာပြီး ဒေါ်အောင်ဆန်းစုကြည် မှာ ဇူလှိုင်လ ၁၀ရက်နေ့ တွင်ပြန်လည် လွတ်မြောက် လာခဲ့သည်၊

၁၉၉၅ အောက်တိုဘာ ၉ ရက်နေ့တွင် အဖွဲ့ချုပ် အား ပြန်လည်ဖွဲ့စည်းရာ ဦးကြည်မောင်အား ဗဟိုအလုပ် အမှုဆောင်အဖွဲ့တွင် ဒုတိယဥက္ကဌအဖြစ် ရွေးချယ် တင်မြှောက် ခြင်းခံခဲ့ပါသည်၊

အပါတ်စဉ် စနေ တနင်္ဂနွေ ဟောပြောပွဲများတွင် စစ်အုပ်စုအား ပါးနပ်သော စကားလုံးများ။ ထိမိသော သုံးသပ်ချက်တို့ဖြင့်ထောက်ပြဟောပြော ခြင်းကို လာရောက် နားထောင်သော ပြည်သူ လူထုကြီးမှ ကျေနပ် အားရပြီး ဦးကြည်မောင်ရပ်တည်ချက် အပေါ် အားကိုး ယုံကြည်မှုကြီးမားအထူး လေးစားခြင်း ခံရသူလည်းဖြစ်သည်၊
မျိုးဆက်သစ် လူငယ်များအား ခေါင်းဆောင်မှု နည်းပညာများကို ကမ္ဘာတ၀ှမ်းလုံး. ခေတ်မှီ တိုးတက် မှုများနှင့်ချိန်ထိုးပြီးမှတ်သားဖွယ်ရာအတု ယူဖွယ်ရာများကို အချိန်နှင့် အမျှဆွေးနွေး သင်ကြားပြပေး နေခဲ့သူ ဖြစ်ပါသည်။။

ထိုကဲ့သို့ မမောမပမ်းစတမ်း ဦးဆောင်လမ်းပြ ပေးသလို သူ ၀ါသနာ ပါသော ဂီတ အနုညာကိုလည်း လူငယ်များအား လေ့လာတတ်ကျွမ်း စေသည်။။
၁၉၉၆ တလျောက်လုံး ကြီးလေးသည့်ပါတီ တာဝန်များအပြင် အမျိုးသားနေ့ အခမ်းအနား။ လွတ်လပ် ရေးနေ့ အခမ်းအနားများကို ကိုယ်တိုင်ကိုယ်ကျ နေ့ရော ညပါ မနားပဲ လူငယ်များနှင့်လက်ပွန်းတတီး အနီးကပ် ဦးဆောင်မှုပြုခဲ့သည်။။
၉။၁၁။၉၆ တွင်ကမ္ဘောဇရိပ်သာအ၀င်ဝနှင့် တက္ကသိုလ် ရိပ်သာလမ်းတို့ တွင် ၂}ကိမ်တိတိ စစ်အုပ်စု. လက်ကိုင်ဒုတ် များမှ ဦးကြည်မောင် ။ ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် တို့အား အသက်အန္တယ်ဖြစ်နိုင်သည့် လုပ်ကြံမှုကြီး နှစ်ကြိမ် ပြုလုပ်ခဲ့ရာတွင် ဦးကြည်မောင်. ဦးခေါင်းနှင့် ပါးတွင် ထိခိုက်ဒါဏ်ရာရခဲ့သည်။။

မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ မှစ ဒီမိုကရေစီ တော်လှန်ရေး ကာလ တလျောက်လုံးတွင် ဦးကြည်မောင် သည် စစ်အုပ်စု. မရားလုပ်ကြံမှု အကြိမ်ကြိမ်ခံရသည့် အပြင် ထောင်တွင့်း လေးကြိမ်တိတိ အကျဉ်းချ ထားခြင်း လည်း ခံခဲ့ရသည်၊
အကျဉ်းချခံရမှုများတွင် တပ်မတော်မှ အငြိမ်းစားယူပြီး နောက် ၂၅နှစ်တာကာလအတွင်း ထောင်နှစ်ကြိမ် ကျခံခဲ့ရပြီး ထောင်တွင့်း (၇)နှစ်နေခဲ့ရသည်။။

၁၉၈၈ခုနှစ် ဒီမိုကရေစီအရေးတော်ပုံ ဖြစ်ဖြစ်ချင်း တတိယအကြိမ် တစ်လခန့် ဖမ်းဆီးခံခဲ့ရသည်၊
၁၉၉၀ စက်တင်ဘာလတွင် လေးကြိမ်မြောက် အဖမ်းခံခဲ့ရပြီး ထောင်ဒါဏ်အနှစ် နှစ်ဆယ် ကျခံခဲ့ရသည်၊ ထောင်တွင့်း (၅)နှစ်နီးပါး နေခဲ့ရပြီး ၁၉၉၅တွင် ပြန်လည်လွတ်မြောက် ခဲ့ပါသည်၊ ဦးကြည်မောင်. နီုင်ငံရေး ဘ၀တလျောက်လုံး ထောင်တွင်း ၁၂နှစ်ခန့် နေခဲ့ရသည်၊ သို့သော် ဦးကြည်မောင်သည် ဘ၀နောက်ဆုံး အချိန် ဖိစီးလာသော ရောဂါဝေဒနာများ ဒဏ်ကို ကြံ့ကြံ့ ခံရင်း စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ခေတ်မှီ တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက် နိုင်ရေးအတွက် မျိုးဆက်သစ်များအား လေ့ကျင့် ပျိုးထောင် ပေးခဲ့ပါသည်၊ သွေးလည်ပါတ်မှု စံနစ်ပျက်စီး၍သွေးကြော များမှ သွေးများ ဦးနှောက်တွင်းသို့ ၅၀ ရာခိုင်နှုန်း သာ ပေးပို့ အလုပ်လုပ်တော့သည့်အချိန်အထိ စာပေ သင်ကြား ပေးခြင်းနှင့် နိုင်ငံရေးဗဟုသုတများ ပေးခဲ့ပါသည်၊

အဘက်ဘက်မှ ချွတ်ခြုံကျနေသည့် ကြားမှတိုင်းပြည် အတွက် ခံစားချက် စေတနာ တရားကြီးမားစွာ ရုန်းကန် တိုက်ပွဲဝင်ရင်း ၁၉။၈။၂၀၀၄မွန်းလွဲ (၁၂း၁၅) အချိန်တွင် ရွှေတောင်ကြား(၁)ရပ်ကွက် ကမ္ဘေဇရိပ်သာ လမ်းနေအိမ်တွင်ဘဘ ချစ်တဲ့ တိုင်းပြည်နဲ့အဖိနှိပ်ခံပြည်သူ တရပ်လုံး အား ခွဲခွာသွားခဲ့ပါသည်၊

ကတိပြု ခြင်း။
ရှစ်နှစ်(၈)နှစ်တာ ကာလ ပြည့်ခဲ့ပြီ ဖြစ်ပါသော်လည်း ဘဘ ဦးကြည်မောင်. စေတနာ။ အနစ်နာခံမှု နှင့် စံပြ ဦးဆောင်ခဲ့မှုများ အား
မျိုးဆက်သစ် လူငယ်များနှင့်လူထု တရပ်လုံးရင်ထဲတွင် အမြဲထာဝရတန်ဖိုးထားမြဲဖြစ်သည်။ ဘဘ ကဲ့သို့ ခေါင်းဆောင်မှုပေးနိုင်သည့် ခေါင်းဆောင်တယောက် ဆုံးရှုံးသွားသည့် အတွက် နှမြောတသ ၀မ်းနည်းနေရင်း ဘဘမှာကြား ခဲ့သည့် ‘’လမ်းတခုလျောက်ရင် အဆုံးအထိလျောက်။ စေတနာ အရင်းခံပြီး သတ္တိ ရှိရှိလျောက် ရောက်ကို ရောက်မယ်” ဆိုတဲ့စကားအတိုင်း ဘဘတပည့်များ အားလုံး ဒီမိုကရေစီတည်းဟူသော ပန်းတိုင်သို့ အရောက် လျောက်လှမ်းပါ့မည်ဟု ကတိပြုအပ်ပါသည်၊ မြင့်မြတ်သည့်ဘုံဘ၀မှ ဘဘ သာဓုအနုမောဓနာ ခေါ်နိုင်ပါစေ။
အနန္တဂိုဏ်းဝင်မို့ 
ထာဝရဦးထိပ်ပန်ဆင်လျက်

သမီး /သားတပည့်များ

မှတ်ချက် ။ ။ ဘဘ၏တပည့်ဟုဆိုရာဝယ် ဆရာသမားဂုဏ်ကို သာတင့်တယ်စေသောသူများဖြစ်သင့်သည်။ တပည့် အမည်ခံ၍ ဆရာသမား ၏ ဂုဏ် နှင့် ရပ်တည်မှုလုပ်ကိုင်စွမ်းရည် ထိခိုက်စေနိုင်လျှင် တပည့်ဟု မဆို နိုင်ပေ ။
ဘဘဦးကြည်မောင် ဖြစ်စေ့ချင်သော တိုင်းပြည်ကို ဖွံ့ ဖြိုးတိုးတက် ခေတ်မှီပြီး နိုင်ငံတကာနှင့်ယှဉ်ဘောင်တန်းနိုင်ရန် စွမ်းစွမ်းတမံ ကြိုးစားကြပါမည်ဟု ဘဘ ကွယ်လွန်ပြီး ရှစ်နှစ်ပြည့်တွင် သံဓိဌါန်ပြုပါသည်။

Ma may Facebook



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...