Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

၂၀၀၇ ခုနှစ်ရွှေဝါရောင်တော်လှန်ရေးမှာလူထု အုံကြွ မှု သတင်း ရယူ စဉ် ဂျပန်သတင်း ထောက် ကန်ဂျိနာဂါအိသေဆုံးပြီးဒုတိယမြောက် ဆီးရီးယားမှာ အလားတူသေဆုံး ခဲ့ရတဲ့ သတင်း ထောက် ယာမာမိုတိုရဲ့နောက်ဆုံးVideo မှတ်တမ်း(ရုပ်/သံ)

$
0
0

ဆီးရီးယား နိုင်ငံတွင် အစိုးရနှင့် အတိုက်အခံ အဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသော အလတ် ပိုဆိပ်ကမ်းမြို့ ၌ ဂျပန် အမျိုးသမီး ဂျာနယ်လစ် တစ်ဦး သတင်းလိုက်ရင်း အသတ်ခံ ခဲ့ရကြောင်း ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး BBC သတင်းတွင် ဖော်ပြထားသည်။

တိုကျိုမြို့ တော် အခြေစိုက် Japan Press သတင်း အေဂျင်စီ ၏ အသက် ၄၅ နှစ်အရွယ် အမျိုးသမီး စစ်သတင်းထောက် ယာမာမိုတို ဆီးရီးယား နိုင်ငံ၌ အသတ်ခံ ခဲ့ရခြင်း ဖြစ်သည်။

အသတ်ခံရချိန်တွင် အနီး၌ သတင်းလိုက်ဖော် တစ်ဦး ပါဝင်ကြောင်း ဂျပန် နိုင်ငံခြားရေး ၀န်ကြီး ဌာန ပြောရေးဆိုခွင့် ရှိသူက ပြောကြား သွားသည်။

အဆိုပါ သတ်ဖြတ် ခံရမှုနှင့် ပတ်သတ်၍ Japan Press သတင်း အေဂျင်စီက မည်သည့် သတင်း ထုတ်ပြန်ချက်မျှ ထုတ်ပြန် သွားခြင်း မရှိသေးပေ။
ယာမာမိုတိုသည် ၁၉၉၅ ခုနစ်မှ စတင်ပြီး Japan Press သတင်း အေဂျင်စီနှင့် လက်တွဲ လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး အာဖဂန်နှင့် အီရတ် စစ်ပွဲ များတွင်လည်း စစ်သတင်းများ လိုက်ခဲ့ကြောင်း အေဂျင်စီ ၀က်ဆိုဒ်တွင် ဖော်ပြထားသည်။

ဆီးရီးယား နိုင်ငံတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ အကြောင်း စစ်သတင်း လိုက်ရင်းဖြင့် အမေရိကန် သတင်းထောက် တစ်ဦး နှင့် ပြင်သစ် သတင်းထောက် နှစ်ဦးလည်း သေဆုံး ခဲ့ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

၂၀၁၁ခုနှစ် မတ်လမှ စတင်ဖြစ်ပွားသော အစိုးရနှင့် အတိုက်အခံများကြား တိုက်ပွဲများကြောင့် ဒေသခံ ၁၈၀၀၀ ကျော် သေဆုံးခဲ့ပြီး နိုင်ငံသား ၂ ဒသမ ၅ သန်းကျော် အရေးပေါ် ကူညီမှုများ လိုအပ်နေကြောင်း ကုလသမဂ္ဂ သတင်း ထုတ်ပြန်ချက်များတွင် ဖော်ပြ ထားသည်။
The Voice Weekly



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>