Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

၈၈ မျိုးဆက် စေတနာဝသန် ဂီတရန်ပုံငွေပွဲမှာ ၅၈၈သိန်းနဲ့လေလံအောင်သွားတဲ့၈၈ ဂစ်တာ

$
0
0
၈၈ မျိုးဆက် စေတနာဝသန် ဂီတရန်ပုံငွေပွဲမှာ ၈၈ မျိုးဆက်ကျောင်းသားများဖြစ်သော ကိုမင်းကိုနိုင်၊ ကိုပြုံးချိုနှင့် ကိုဌေးကြွယ်တို့ ပန်းချီရေးဆွဲထားသော ဂစ်တာကို လေလံဆွဲယူတာ ဖြစ်ပါတယ်။ အခုအခါ အဆိုပါ ဂစ်တာကို လေလံစတင်နေပြီးဖြစ်ပြီး ၈ သိန်း ၈ သောင်းနဲ့ လေလံစတင်ကာ (၁) သိန်း ၂၀ (၂) သိန်း ၅၀ (၃) သိန်း (၄) ၈၈ သိန်း (၅) ကိုဝင်းနိုင်မှ သိန်း ၁၀၀ (၆) ကိုဇော်စိုးအောင် ၁၀၈ သိန်း ၈ သောင်း ၈ ထောင် (၇) ၁၈၈ သိန်း ၈ သောင်း ၈ ထောင် (၈) ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် ၂၀၈ သိန်း (၉) Sky Net မှ ၂၈၈ သိန်း ၈ သောင်း ၈ ထောင် (၁၀) ဦးဇော်ဇော်မှ သိန်း ၃၀၀ တိတိ (၁၁) ၃၈၈ သိန်း ၈ ထောင် (၁၂) ဦးဇော်ဇော်မှ သိန်း ၄၀၈ သိန်း (၁၃) Sky Net ရုပ်သံမှ ၄၈၈ သိန်း (၁၄) ဦးဇော်ဇော်မှ သိန်း ၅၀၀ (၁၅) SKY Net မှ သိန်း ၅၈၈ (စာရင်းပိတ်) ရယူသွားခဲ့ပါသည်။ အခု ရရှိတဲ့ လေလံငွေထဲမှ သိန်းတရာကို ကချင်ဒေသ စစ်ဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းတဲ့အပြင် နောက်ထပ် သိန်း ၁၀၀ ကိုပါ ချမ်းအေးလှတဲ့ ရာသီမှာ ဒုက္ခခံနေရရှာတဲ့ ကလေးငယ်တွေအတွက် လှူဒါန်းတဲ့အတွက် စုစုပေါင်း သိန်း ၂၀၀ တိတိကို ကချင်ဒေသအတွက် လှူပါတယ်၊ ရခိုင်ဒေသအတွက် သိန်း ၁၀၀ ထပ်မံ လှူဒါန်းပါသည်။ —
ဂီတပွဲ အခမ်းအနားသို့ တက်ရောက်လာသော အမျိုးသားဒီမိုကရေအဖွဲ့ချုပ် နာယက အဖွဲ့ဝင် ဦးတင်ဦးနှင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း နှင့် ဦးအောင်မင်း
ယနေ့ညနေ ၈၈မျိုးဆက်ကျောင်းသားများရန်ပုံငွေ ဂီတဖျော်ဖြေပွဲသို့ တက်ရောက်လာသော သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း

ဂီတဖျော်ဖြေပွဲတွင် ကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုပြုံးချိုတို့က ဂစ်တာပေါ်တွင် ပန်းချီရေးဆွဲထားသောဂစ်တာကို လေလံတင် ရောင်းချရာSkyNetကကျပ်သိန်း၅၈၈အမြင့်ဆုံးပေး၍ လေလံအောင်သွားသည်။ အဆိုပါဂစ်တာကို လေလံဆွဲသူတစ်ဦးဖြစ်သော ဒေါ်သတိုးသူဇာအောင်ကကျပ်ရှစ်သိန်းရှစ်သောင်းပေး၍ လေလံကို စဖွင့်သည်။ နာမည်ကျော်စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်ကလည်း ၀င်ရောက်လေလံဆွဲခဲ့ပြီး ကျပ်သိန်း ၅၀၀ အထိ ပေးခဲ့ရာ၊SkyNetကအမြင့်ဆုံးဈေးဖြစ်သော၅၈၈သိန်းပေးကာ လေလံအောင်သွားခြင်းဖြစ်သည်။ လေလံမအောင်သော်လည်း ဦးဇော်ဇော်က ဧရာဝတီ၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့မှ ဒုက္ခသည်များအတွက် ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့သည်။

ဂီတဖျော်ဖြေပွဲမှ အလှူငွေများ ထပ်မံရရှိသည့်အတွက် ဧရာဝတီတိုင်းဒေသကြီးမှ ဒုက္ခသည်များအတွက် ကျပ်သိန်း ၁၀၀၊ ကချင်စစ်ပြေးဒုက္ခသည်များအတွက် ကျပ်သိန်း ၁၀၀၊ ရခိုင်ပြည်နယ်မှ ဒုက္ခသည်များအတွက် ကျပ်သိန်း ၁၀၀ စီ ထပ်မံလှူဒါန်းမည်ဖြစ်ကြောင်း ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ကိုမြအေးက ကြေညာသွားသည်။ ထို့ကြောင့် အထက်ပါဒေသသုံးခုမှ ဒုက္ခသည်များအတွက် လောလောဆယ် အလှူငွေရရှိမှုအရ တစ်နေရာလျှင် ကျပ်သိန်း ၂၀၀ စီ လှူဒါန်းမည်ဖြစ်သည်။
ကျပ် သိန်း ၅၈၈ သိန်းဖြင့် ၈၈မျိုးဆက်ကျောင်းသားများ၏ ဂီတာကို လေလံဆွဲသွားသူ Sky Net TV မှ MD ဦး
burma vj medianetwork,7 dasys news journal
Photo..အံဘွယ်ကျော်.Thiha nwe



Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>