Quantcast
Viewing all articles
Browse latest Browse all 32865

ဇာဂနာ တောင်းပန်ပြီ

Photo..The voice weekly

သြဂုတ်လ ၃၁ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လာခွင့် ရခဲ့သော ဒေါက်တာ သောင်းထွန်း၊ ဒေါက်တာ နိုင်အောင်၊ ဦးညိုအုန်းမြင့်တို့ကို သတင်းမီဒီယာများမှ သတင်းရယူရန် ရန်ကုန်လေဆိပ်သို့ ရောက်ရှိခဲ့ကြသည်။ ယင်းတို့ ရောက်ရှိခဲ့ကြရာတွင် အထက်ဖော်ပြပါ ပုဂ္ဂိုလ်များကို ကြိုဆိုသူများနှင့် ခရီးသွားသူများ ဖြင့် ရန်ကုန်လေဆိပ်တွင် စည်ကားနေခဲ့သည်။

သတင်းမီဒီယာများမှ သတင်းရယူရန် ကြိုးပမ်းနေစဉ်တွင် ဒေါက်တာ နိုင်အောင်နှင့် အဖွဲ့ကို ကြိုဆိုနေသူ များထဲက စုံစမ်းရေးကော်မရှင် အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရေး တာဝန်ရှိသူ ဇာဂနာနှင့် မပြေမလည် ဖြစ်ခဲ့ရသည်။ သတင်းမီဒီယာများကို ဇာဂနာမှ ဆဲဆိုခဲ့သည်ဟု ပြောဆိုကြသည်။ ယင်းကိစ္စနှင့် ပတ်သတ်၍ ဇာဂနာက တောင်းပန်ကြောင်း မီဒီယာများသို့ ပေးစာတစ်စောင် ပေးပို့ခဲ့သည်။ အဆိုပါပေးစာကို မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။

ပြည်သူနှင့် မီဒီယာသမားများအား အသိပေးတောင်းပန်ခြင်း



၂ဝ၁၂ သြဂုတ်လ (၃၁)ရက် နေ့တွင် ကျွန်တော် ဇာဂနာသည် စစ်အုပ်ချုပ်ရေးကာလက ပြည်ပသို့ ထွက်ခွာသွားသောဒီမိုကရေစီအရေးလှုပ်ရှား ဆောင်ရွက်နေသူများအနက်တိုင်းပြည်သို့ ပြန်လာခွင့်ရသော ဒေါက်တာ သောင်းထွန်း၊ ဒေါက်တာ နိုင်အောင်၊ ဦးညိုအုံးမြင့်တို့ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သွားရောက် ကြိုဆိုခဲ့ပါသည်။ လေဆိပ်တွင်သတင်းရယူရန် စောင့်ဆိုင်းနေကြသော သတင်းထောက်များအား အဆင်ပြေပြေ သတင်းရယူနိုင်ရန် စီစဉ်ပေးခဲ့သော်လည်း အဆင်မပြေဘဲ အခြားခရီးသည်များကိုပါ အနှောက်ယှက် ဖြစ်စေခဲ့ပါသည်။

ထိုအပြင် သတင်းထောက်တစ်ဦးမှ ကျွန်တော့်အား တွန်းလိုက်သည့်အတွက် လဲကျသွားရာမှ အမှတ်မဲ့ ဆဲမိခဲ့ပါသည်။ ထိုဖြစ်ရပ်သည် မီဒီယာနယ်ပယ် အားလည်းကောင်း၊ သတင်းရယူနေသော သတင်းထောက်များအား လည်းကောင်း၊ စိတ်အနှောင့်အယှက် ဖြစ်သည်ဟု ကြားရသည့် အတွက် များစွာဝမ်းနည်း စိတ်မကောင်း ဖြစ်ရပါသည်။

ကျွန်တော်သည် နိုင်ငံနှင့် နိုင်ငံသားတို့၏ လွတ်လပ်မှုနှင့် တိုးတတ်ရေးအတွက်သာ အမြဲလုပ်ဆောင်လိုသော ဆန္ဒရှိပြီး နိုင်ငံ၏အရေးပါသော စတုတ္ထမဏ္ဍိုင်ကို အရှင်း စော်ကားလိုသောစိတ် မရှိသောကြောင့် ယခုဖြစ်ရပ်တွင် ပါဝင် ပတ်သတ်သူများနှင့် မီဒီယာများအား တောင်းပန်အပ်ပါသည်။

ဇာဂနာ

မြန်မာ အင်ဒီပဲန်ဒင့်

Image may be NSFW.
Clik here to view.

Image may be NSFW.
Clik here to view.


Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>