Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ABSDF ဗဟို ဥက္ကဋ္ဌ ဟောင်းများ မြန်မာနိုင်ငံ တွင်း အမြဲတမ်း နေထိုင်ခွင့် ရရှိရန် ကြိုးပမ်း

$
0
0
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ငန်းများ ပါဝင် ဆောင်ရွက်နိုင်ရန်တွက် အမြဲတမ်းနေ ထိုင် ခွင့် PR (Permanent Resident ) ရ ရှိအောင် ကြိုးပမ်းသွားမည် ဖြစ် ကြောင်း လက်ရှိ အမေရိကန် နိုင်ငံ သား ခံယူထားသူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ဗဟို ဥက္ကဋ္ဌဟောင်း နှစ်ဦးဖြစ်သော ဦးမိုးသီးဇွန် နှင့် ဦးထွန်းအောင်ကျော် တို့ က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ယုဇန ဟိုတယ်တွင် စက်တင်ဘာလ ၃ ရက်နေ့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ကျွန်တော် တို့ အခုလာရတာ ဗီဇာက ၂၁ ရက် ပဲ ရတယ် ။အဲ့ဒီ အချိန်နဲ့ ကျွနတော် လုပ် ချင်တာ တွေ မလုပ် နိုင်ဘူးဆိုတာလည်း ကျွန်တော် တို့ သိတယ်။ အမြဲ တမ်း နေ ထိုင် ခွင့် ရဖို့ တွက် အစိုးရ ပေါ် မူတည်ပါတယ် “ဟု ဦးထွန်းအောင်ကျော် ကပြော ဆိုသည်။

ABSDF အဖွဲ့ ဝင်များ သည် လက်နက် ကိုင် တပ် ဖွဲ့ ဝင် များ၊ တိုင်း ရင်း သား လက်နက် ကိုင်ခေါင်း ဆောင်၏ များ ပြသနာ၊ အခက်ခဲများ နှင့် အစိုး ရအပေါ် ထားရှိ သည့် သဘော ထာား ကို နား လည် သိရှိ သော ကြောင့် ပြည် တွင်း စစ် ရပ် ဆဲရေး နှင့် ငြိမ်း ချမ်း ရေး လုပ် ငန်း စဉ်များတွင် ဝင်ရောက် ကူညီ လုပ် ကိုင် ရန် မြန် သို့ ပြန်လည်ရောက် ရှိ လာခြင်းဖြစ်ကြောင်း ဦးမိုးသီးဇွန် ကပြောသည်။

ပြည်ပ မှာရှိတဲ့ အတိုက်ခံများပြန်လာရန် သဘောတူထားပြီးဖြစ်ကြောင်း၊ ပညာရှင်အားလုံးအား ဖိတ်ခေါ်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားတွေနှင့်လည်း အမြန်ဆုံး ငြိမ်းချမ်းရေး ရရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးရေး အတွက် အမြန်ဆုံး လုပ်ကိုင်ဆောင်ရွက်သွားဖြစ်ကြောင်း ဦးမိုးသီးဇွန်က ဆက်လက်ပြောကြားခဲ့သည်။

အစိုးရမှ အမည်ပျက်စာရင်း Black List သတ်မှတ်ခံထားရသူများကို စာရင်းမှပယ်ဖျက်ပေးခဲ့ရာ ABSDF ဗဟို ဥက္ကဌဟောင်းများဖြစ်သည့် ဒေါက်တာနိုင်အောင်၊ ဦးမိုးသီးဇွန်နှင့် ဦးထွန်းအောင်ကျော်တို့ ၉ဦးအဖွဲ့သည် သြဂုတ်လ ၃၁ ရက်နေ့နှင့် စက်တင် ဘာလ၁ရက်နေ့တို့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာ ခဲ့ကြသည်။

မိုးသီးဇွန်အပါအဝင် ၇ဦးအဖွဲ့သည် စက်တင်ဘာလ ၁ရက်နေ့တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိခဲ့ပြီး စက်တင်ဘာလ ၂ရက်နေ့ ညနေပိုင်းအချိန်တွင် ဒေါက်တာနိုင်အောင်အဖွဲ့နှင့် အစိုးရအဖွဲ့တို့အား ၈၈ရုံးချုပ်၌ တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီး နိုင်ငံတော်သမ္မတ ရုံးဝန်ကြီး ဦးစိုးသိန်းမှ ၎င်းတို့အား Civil Society အပိုင်းများ ပြုလုပ်ရန်အတွက် ဝင်ရောက်ကူညီပေးရန် ထည့်သွင်းပြောကြားသွားကြောင်း ထိုသို့ပြောကြားသွားသည့်အတွက်လည်း ကျေနပ်မိ ကြောင်း ကိုကိုလေးက ပြောကြားသည်။

“စက်တင်ဘာ ၂ရက်နေ့ ညနေက ဝန်ကြီးတွေနဲ့ ၈၈ရုံးချုပ်မှာ သွားတွေ့ပါတယ်။ ကျွန်တော်တို့ကြီးပဲလို့ ထင်တာ။ ဟိုရောက်တော့ ဒေါက်တာ နိုင်အောင်နဲ့အဖွဲ့ပါရောက်နေတယ်။ မထင်ထားဘူး။ ချိန်းလည်းမချိန်းထားပါတယ်”ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

ထို့နောက် ၎င်းတို့သည် အဆိုပါသတင်းစာရှင်းလင်းပွဲ၌ မီဒီယာများမှ မေးမြန်းသည့် မေးခွန်းများဖြေကြားသွားရာ ၎င်းတို့အနေဖြင့် ယခု မြန်မာ နိုင်ငံသို့ပြန်လာသည့် ပြည်ဝင်ခွင့်ဗီဇာသည် အမှန်တကယ်တွင် ၇ရက်သာ ရရှိခဲ့သော်လည်း နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းမှ ၂၁ရက် ထပ် တိုးပေးခဲ့သောကြောင့် အားလုံးပေါင်း ပြည်ဝင်ခွင့်ဗီဇာမှာ ၂၈ရက် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး ယခုမြန်မာနိုင်ငံသို့ ပြန်လာသည့်ခရီးစဉ်တွင် လေ့လာ ရုံမျှသာဖြစ်ကြောင်းနှင့် မြောက်ပိုင်းရဲဘော်များ မတရားနှိပ်စက်မှုကြောင့် ကျဆုံးခြင်းအပေါ်ကိုလည်း သက်ဆိုင်ရာမိသားစုများအတွက် တရားဥပဒေအရ ဝင်ရောက်ကူညီသွားမည်ဖြစ်ကြောင်း ABSDF (တောင်ပိုင်း)၏ ပထမဦးဆုံးဥက္ကဋ္ဌဖြစ်ခဲ့သူ ကိုထွန်းအောင်ကျော်က ပြောကြားသည်။

ယင်းသတင်းစာရှင်းလင်းပွဲ၌ သတင်းမီဒီယာသမားများသာ မေးမြန်းဖြေကြားမှုများ ပြုလုပ်သွားကြောင်း သိရှိရပြီး ယင်းပွဲသို့ တက်ရောက်လာ သည့် ABSDF ရဲဘော်ဟောင်းအချို့အား ပွဲစောင့်ကြည့်သူအချို့မှ တစုံတရာ မေးမြန်းခွင့်မပြုခဲ့၍ ယင်းပွဲသို့တက်ရောက်သည့် မြောက်ပိုင်းရဲဘော် ဟောင်းအချို့နှင့် နိုင်ငံရေးပါတီအချို့မှ မကျေမနပ်ဖြစ်ရခြင်းများ ရှိကြောင်း သိရပြီး ၎င်းတို့အတွက် သီးသန့်ပွဲတစ်ခု ထပ်မံစီစဉ်ပေးမည်ဖြစ်ကြောင်းနှင့် အဆိုပါသတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ၁၉၉၀ခုနှစ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးတစ်ဦးမှ ကိုမိုးသီးဇွန်အား မြန်မာနိုင်ငံသို့ ပြန်လာ၍ နိုင်ငံရေးပါတီထူထောင်ရန် အစီအစဉ်ရှိမရှိဆိုသည့် မေးခွန်းအား မေးမြန်းခဲ့ကာ ကိုမိုးသီးဇွန်မှ အစီအစဉ်မရှိ ကြောင်း အဆိုပါ မေးခွန်းအား ပြန်လည်ဖြေကြားသည်။
ref..The voice weekly,Yangon chronicle



Viewing all articles
Browse latest Browse all 32865

Trending Articles