Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မစ်ရှီဂန်တက္ကသိုလ်က ပေးအပ်တဲ့ Wallenberg Medal ဆု ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်ပေးအပ်

$
0
0
အခုလို ထိုင်ကန်တော့နေတဲ့ အမေရိကန်နိုင်ငံသား Dominic Nardi ရဲ့ အမျိုးသမီးက မြန်မာမိန်းကလေး ပါ ။ သူမရဲ့ အဖိုးက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရံတော်တစ်ဦး ဖြစ်ခဲ့ပြီး ဒေါ်စုငယ်ငယ်တုန်းက ထိန်းကျောင်းခဲ့သူတွေထဲက တစ်ယောက်ပါတဲ့ ။

Dominic Nardi က မစ်ရှီဂန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ Ph.D ကျောင်းသားဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့် မြန်မာ ၊ ဖစ်လစ်ပိုင် ၊ အင်ဒိုနီးရှား ၊ ထိုင်းတို့ရဲ့ judicial politics ကို စိတ်ဝင်စားလေ့လာသူပါ ။ လွန်ခဲ့တဲ့ ၁၁ နှစ်က မြန်မာနိုင်ငံကိုလာတဲ့ ပထမဆုံး ခရီးမှာ ရန်ကုန်လေဆိပ်မှာ အတားခံခဲ့ရဖူးတယ် ။

တားခံရတဲ့ အကြောင်းရင်းက သူ့မှာ ပါလာတဲ့စာအုပ်တွေထဲကတစ်အုပ်ရဲ့မျက်နှာဖုံးမှာ ဒေါ်စုပုံ သေးသေးလေးတစ်ခု ပါလို့ပါ တဲ့ ။
2011 မှာ မစ်ရှီဂန်တက္ကသိုလ်က ပေးအပ်တဲ့ Wallenberg Medal ကို ဒေါ်စုကို လာရောက်ပေးအပ်စဉ်က ရိုက်ထားတဲ့ ပုံပါ ။

Wallenberg Medal ဆိုတာက ဒုတိယကမ္ဘာစစ်အတွင်းမှာ ထောင်ပေါင်းများစွာသော ဂျူးတွေကို ကယ်တင်ခဲ့တဲ့ ဆွီဒင်လူမျိုး သံတမန် Raoul Wallenberg ကို ဂုဏ်ပြုပြီး ပေးတဲ့ ဆုပါ ။ အကာအကွယ်မဲ့ ဖိနှိပ်ခံရသူများအတွက် ကိုယ်ကျိုးစွန့် လုပ်ဆောင်ပေးမှုကို ဂုဏ်ပြုသော ဆု ။

အဲဒီဆွီဒင်လူမျိုးRaoulWallenbergဆိုတာမစ်ရှီဂန်တက္ကသိုလ်မှာဗိသုကာပညာသင်ကြားခဲ့တဲ့ ကျောင်းသားဟောင်းတစ်ယောက်လည်း ဖြစ်တယ် ။

ဒလိုင်းလားမား၊ တောင်အမေရိက က Desmond Tutu တို့ အပါအ၀င် ကမ္ဘာပေါ်မှာ ဒီဆုကို ပေးအပ်ခြင်းခံရသူ ၂၁ ယောက်တိတိရှိပြီး ဒေါ်စုက ၂၁ ယောက်မြောက် ( ၂၀၁၁ တွင် ပေးအပ်ခြင်း ခံရ )

ဒေါ်စုက မစ်ရှီဂန်ပြည်နယ် Ann Arbor မြို့ထိ သွားရောက် မယူနိုင်လို့ University of Michigan က မြန်မာပြည်ထိ လာပေးဖို့ Dominic Nardi ကို လွှတ်လိုက်ခြင်း.........။

http://globalportal.umich.edu/2012/01/burma-wallenberg/

ဘာသာပြန်သူ Spring Flowersအားကျေးဇူးတင်ရှိပါသည်..



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>