အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားကြီးအတွက် နေတိုးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အနုပညာရှင်တွေ တွေ့ဆုံတဲ့နေ့မှာ ဦးနုနဲ့တူတဲ့အတွက် သရုပ်ဆောင်ပေးဖို့ ပြောခဲ့တယ်လို့ သိရပါတယ်။ အဲဒီအတွက် လည်း ကျေ နပ် ဝမ်းသာမိတယ်လို့ ပြောတဲ့နေတိုးက ”အန်တီစုကဦးနုနေရာမှာ သရုပ်ဆောင်ပေးဖို့ ပြောတော့တအားဝမ်းသာမိတယ်။ တအားပဲအမြဲတမ်းအဆင်သင့်ပါပဲ။ ဒီကားမှာ ပါဝင်ခွင့်ရတယ်၊ ဒီနေရာမဟုတ်ဘဲ တခြားနေရာတစ်ခုမှာပါဝင်ခွင့်ရတယ်ဆိုရင်ပဲ ကျေနပ်ရမယ့် အနေအထားပါ။ ကိုယ်ပါတဲ့နေရာကိုအတတ်နိုင်ဆုံးဖြစ်အောင် လုပ်မှာ ပါ။ လောလောဆယ်တော့ မသေချာသေး ဘူးဆိုတော့ မသိသေးဘူး”လို့ပြောပြခဲ့ပါတယ်။
မေမွန်မောင်(Popular Journal)
↧
ချောင်းသာမှာဇာတ်ကား ရိုက်ကူးရင်းမူးလဲခဲ့တဲ့နေတိုး ဒေါ်အောင်ဆန်းစုကြည်က ဦးနုနေရာသရုပ်ဆောင်ဖို့ ပြော
↧