Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ပြည်တော်ပြန်ဝင်လာသူများအပေါ် ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်ရဲ့အမြင်

$
0
0

ခုတလော ကျနော့်ကို ညီငယ်များ၊ မိတ်ဆွေများက တမေးတည်း မေးလာကြသည်။ ပြည်တော်ပြန်ဝင်လာတဲ့ ဘယ်သူ့ကို ဘယ်လိုထင်သလဲ။ တပ်မတော် အရာရှိဟောင်း အနေနဲ့ရော လက်ရှိ လူမှုနိုင်ငံရေး လှုပ်ရှားမှုတွေ မှာ ထဲထဲဝင်ဝင် လုပ်ဆောင်နေတဲ့ လူတယောက် အနေနဲ့ရော ဘယ်လို ထင်မြင် ယူဆပါသလဲ။ ဘယ်သူတွေ နဲ့ ဘယ်လို လက်တွဲဆောင်ရွက်သွားပါမလဲ ဘာတွေ ဆက်လုပ်ဖို့ ရည်စူးထားပါသလဲ ဆိုတာကို အတော်လေး မေးလာကြပါတယ်။

ကျနော့် ပင်ကိုယ် ရည်မှန်းချက် ကိုက ညီညွတ်ရေး ၊ တိုးတက်ရေး နဲ့ ငြိမ်းချမ်းရေး အတွက် ဦးတည်ပြီး ရှုဒေါင့်ပေါင်းစုံကနေ တိုင်းပြည်ကောင်းဖို့ နောက်လာနောင်သားတွေ ကောင်းစားဖို့ အတွက် ရတဲ့နည်းမှန်သမျှနဲ့ ညီညွတ်ရေးကို အခြေတည်ပြီး တပ်မတော်နဲ့ ပြည်သူ ဟန်ချက်တူစွာနဲ့ ပေါင်းကူးချိတ်ဆက် နိုင်ငံသစ် အတွက် တည်ဆောက် ကြိုးစားသွားချင်တာ ကျနော့် ဆန္ဒပါ ။

ဒီအတွက် အချို့သော မေးခွန်းမေးလာသူ များကို အခုလို ဖြေခဲ့ဖူးပါတယ်။
....................ပြည်တော်ပြန်ဝင် လာတဲ့ သူများရော။ လက်ရှိ နိုင်ငံရေး ရပ်ဝန်းထဲမှာ ထင်ပေါ်သူ မထင်ပေါ်သူ ၊ ထောင်ကျဖူးသူ၊ ထောင်မကျဖူးသူ အားလုံးသော နိုင်ငံရေး အပြေးပြိုင် ၀င်္ကဘာထဲမှာ ဦးတည်ချက် အမျိုးမျိုးနဲ့ သွားနေသူတိုင်းကို ဘယ်လိုမြင်သလဲ ဆိုတဲ့ မေးခွန်းအတွက်။

.........တရားဥပဒေ စိုးမိုးမှု ဖြစ်လာတဲ့ တနေ့ သူ့လမ်းသူသွားမယ် သူတွေဖြစ်တယ်။

သူစိုက်ခဲ့တဲ့ မျိုးစေ့ကို သူရိတ်သိမ်းရမယ့် နိုင်ငံရေး သမား တွေ ဖြစ်တယ်။

ကိုယ့် ယုံကြည်ချက်နဲ့ ကိုယ် တိုင်းပြည်အတွက် အလုပ်လုပ်နေကြသူတွေ လို့ပဲမြင်ပါတယ်။

အလင်းအမှောင်၊ နေ့ည၊ အကောင်းအဆိုး ဆိုတာ အမြဲဒွန်တွဲလေ့ရှိတတ်တဲ့ အတိုင်း အဖွဲ့အစည်းတိုင်း မှာ ကောင်းသူ မကောင်းသူ ဆိုတာတွေ ရှိနေစမြဲပါ။ ဒါကြောင့် ...........................

နိုင်ငံရေး အသွင်ကူးပြောင်းစ အခု လတ်တလော ကာလ အတွင်း မှာတော့ ဘယ်သူဟာ ဘာဖြစ်လာနိုင်မယ်။

ဘယ်သူဟာ ဘာအတွက် ဘယ်လိုနည်းနဲ့ ဘယ်သူ့ကို ချည်းကပ် နေတယ် သိပ် မသဲကွဲသေးပါဘူး ဥပမာ နှိုင်းပြရရင် အမြီးလေးတွေ ကိုယ်စီနဲ့ ငါးဖလောင်းလေးတွေ ရေထဲမှာလူးလားခေါက်တုန့် သွားနေသလိုပါပဲ။

ငါးလား ဖါးလား ကွဲမှာ မဟုတ်ပါဘူး။

အားလုံးသော လှုပ်ရှားနေကြသူ အပေါင်းဟာ ရေထဲမှာဖလောင်းလေးတွေ အမြီးလေး တရမ်း ရမ်းသလို အလုပ်တွေ တကုပ်ကုပ်တော့ ရှုပ်နေကြတာပဲမဟုတ်လား။

ဒါပေမယ့် ................

အချိန်တန်ရင်တော့
ငါးလား............
. ဖါးလား .........................
ရေထဲမှာနေကျန် မှာလား
ကုန်းတပိုင်းရေတပိုင်း အသက်ရှင်မယ့်သူလား ................................... ကွဲသွားမှာပါ။
အချိန်က စကားပြောလာပါလိမ့်မယ်။.................................
.. ပြည်သူက မှတ်ကျောက်တင်ပေးသွားပါလိမ့်မယ်။................................
.သမိုင်း စာမျက်နှာတွေက အသက်ဝင်လာပါလိမ့်မယ်။

နေမျိုးဇင်
(မျိုးချစ်တပ်မတော် အရာရှိဟောင်း တဦး)
မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>