Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

နိုင်ငံပိုင်သတင်းစာများ နှစ်လ အတွင်းပြုပြင်ပြောင်းလဲမည်

$
0
0
ပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်း သမဂ္ဂ (MJU) မှ ဖြစ်မြောက်ရေး အဖွဲ့ဝင် ဒေါ်အေးအေးဝင်း၊ ဖြစ်မြောက်ရေးအဖွဲ့ဝင် ဦးဇော်သက်ထွေးတို့တွေ့ဆုံ (ဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန)

ဆယ်စုနှစ်များစွာအစိုးရ၏ဝါဒဖြန့်ချီရေးအနေနှင့်သာရပ်တည်ခဲ့သောနိင်ငံပိုင်သတင်းစာများကို ပြန်ကြားရေးဝန်ကြီးအသစ် ဦးအောင်ကြည်က ၂ လအတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်သွားမည်ဟု ၎င်း၏စကားကို ကိုးကားကာ စာပေစီစစ်နှင့် မှတ်ပုံတင်ဦးစီးဌာန ဒုညွှန်ချုပ် ဦးတင့်ဆွေက ပြောကြားသည်။

"လွယ်တော့မလွယ်ဘူးပေါ့၊ ပုဂ္ဂလိက မီဒီယာလုပ်ငန်းတွေက ရှေ့မှာရောက်နေတယ်"ဟု ၎င်းက လူသားအရင်းအမြစ်များစွာ လိုအပ်သည့် အခြေအနေနှင့်ပတ်သက်ပြီး ပြောဆိုသည်။

ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးရဲထွဋ်က စက်တင်ဘာ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံ သတင်းစာတို့၏ မျက်နှာဖုံးတွင် ဖော်ပြထားသော သတင်းများကို ရည်ညွန်းကာ သတင်းစာများကို ပြုပြင်ပြောင်းလဲမှု၏ ရလဒ်တစ်ခုဖြစ်ကြောင်း ပြောကြားသည်။

"ယခင်က ဒီသတင်းများကို အတွင်းမှာပဲ ဖော်ပြခဲ့ပါတယ်။ အခုတော့ အယ်ဒီတာများက လွတ်လပ်စွာ ဆုံးဖြတ်ခွင့် ပေးထားပါတယ်"ဟု ၎င်းက ဆိုသည်။

အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေလျက်ရှိသော နိင်ငံပိုင် The News Light of Myanmar သတင်းစာကို မကြာမီ ရက် ပိုင်း အတွင်း အပတ်စဉ်ထုတ် ပုဂ္ဂလိ ဂျာနယ်များကဲ့သို့ ကာလာစာမျက်နှာများနှင့် ဖြန့်ချီမည်ဖြစ်ကြောင်း ယင်း တိုက် တာဝန်ခံ အယ်ဒီတာတစ်ဦးက ရှင်းပြသည်။

" သတင်းစာမှာထည့်မဲ့သတင်းတွေကို ဂျာနယ်မှာပါတဲ့ အတိုင်းရေးခိုင်းနေတာ၊ ဦးတို့က အရိုးစွဲနေပြီ "ဟု ယခင် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ် မှူးကြီးသန်းရွှေ၏ ခရီးစဉ်များကို အမြဲလိုက်ပါ သတင်းယူရသူ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ထမ်း သတင်းစာဆရာတစ်ဦးက ညီးတွားပြောဆိုသည်။

မီဒီယာလောကကို ၁၈ လအတွင်း ပြုပြင်ပြောင်းလဲသွားမည်ဖြစ်ပြီး ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာများကိုလည်း ထုတ်ဝေခွင့် ရရှိအောင် ဆောင်ရွက် ပေးသွားမည်ဟု ပြန်ကြားရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့သော ရက်ပိုင်းအတွင်း ဦးအောင်ကြည်က မြန်မာတိုင်းဂျာနယ်နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ကတိပြု ပြောကြားခဲ့သည်။

သတင်းစာပညာအခြေခံများကို ယခင်နှစ်ပိုင်းလောက်ကပင် ပြန်ကြားရေးဝန်ထမ်းများကို သင်ကြားပေးခဲ့ရဘူးသည်ဟု သတင်းစာဆရာ တစ်ဦးဖြစ်သူ ဥိးရဲနိုင်မိုးက ရှင်းပြသည်။

sweet (Yangon chronicl)



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>