Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

သမ္မတကြီးသို့ပေးစာ

$
0
0
မင်္ဂလာပါ သမ္မတကြီး နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ ခင်ဗျား

လက်ရှိအစိုးရ၏ ကောင်းမွန်သော အပြောင်းအလဲတချို့ကို တွေ့ရှိခဲ့လို့ ၀မ်းသာကြည်နူးခဲ့ရသလို ယခင် စစ်အစိုးရ လက်ထက်ကအတိုင်း အချို့သော ကိစ္စရပ်များဖြစ်ပွားနေဆဲ တွေ့ရှိခဲ့ရလို့ စိတ်မကောင်းဖြစ်ခဲ့ရပါတယ် ။

သမ္မတကြီး ဦးဆောင်၍ လက်ရှိ အစိုးရ အနေဖြင့် လာဘ်ပေးလာဘ်ယူမှုများ ပပျောက်အောင် အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့ထားတယ်လို့ သိရပါတယ် ။

တညင်းကုန်းအုတ်စက်ရုံကို မြေတစ်ဧကလျှင် တစ်လငှားရမ်းခ ကျပ် ၇၄၀၀၀ ကျော်ဖြင့် စက်မှုဝန်ကြီးဌာနမှ Mother Industrial ကုမ္ပဏီလီမိတက်သို့ လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း စက်မှုဝန်ကြီးဌာနနှင့် Mother Industrial တို့ လက်မှတ်ရေးထိုးချုပ်ဆိုသည့် သဘောတူစာချုပ်ကို ကြည့်ရှုလျှင်ထိုနောက်ကွယ်တွင် အလွန်ကြီးကျယ်သော လာဘ်ပေးလာဘ်ယူမှု ရှိနေသည်ကို ရိုးရိုး ပြည်သူလူထုပင် အလွယ်တကူ နားလည်နိုင်ပါသည်။

ထို့ကြောင့် လက်ရှိ အစိုးရ အနေဖြင့် လာဘ်ပေးလာဘ်ယူမှု အမှန်တကယ် ပပျောက်စေချင်ပါလျှင် ယခုကိစ္စကို စံပြအနေဖြင့်သေချာစွာ စုံစမ်း၍ ထိရောက်စွာ အရေးယူပေးပါရန် နိုင်ငံသား တဦးအနေဖြင့် လေးစားစွာ တိုင်ကြားအပ်ပါသည် ။

ကျွန်ူပ်တို့ တိုင်းပြည် ဘဏ္ဍာကို တရားဝင်ဗြောင်ကျကျ လိမ်လည်လှည့်ဖျားကာ ကိုယ်ကျိုးစီးပွား အတွက် အသုံးချနေသည့် ၀န်ထမ်းများနှင့်စီးပွားရေး လုပ်ငန်းရှင်များကြောင့် ပြည်သူလူထု မှာ ပိုမို ဆင်းရဲမွဲတေလာကြခြင်း ဖြစ်ပါသည်။

ကျွန်ူပ်တို့ တိုင်းပြည်ကို အမှန်တကယ် ဖွံ့ဖြိုး တိုးတက်စေလိုသည့် အစိုးရ မှန်ခဲ့ပါလျှင် ၀န်ကြီးဌာနများနှင့် စီးပွားရေး လုပ်ငန်းရှင်များပူးပေါင်းကာ တိုင်းပြည်ကို နွံထဲက ရုန်းမထွက်နိုင်အောင် လုပ်ဆောင်နေသည့် လာဘ်ပေးလာဘ်ယူမှုများကို အမြန်ဆုံးအရေးယူပေးပါရန်လေးစားစွာ မေတ္တာရပ်ခံလိုပါတယ် ။

ခင်မင်လေးစားလျှက်
ဗမာ့သွေး



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>