Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ခွပ်ဒေါင်းအလံကို လွှင့်တဲ့ ဗကသ နှင့် ခေါက်သိမ်းထားချင်သူ အနေအထား ။

$
0
0
နောင်တော် တစ်ယောက်က မုံရွာမှာ ပျားရည် လိုက်ရောင်းနေတယ် ။
ဗကသ ကျောင်းသားတွေ ကို ဝမ်းချပေးချင်နေတယ် ။

အထက်ဗကသ ကျောင်းသားတွေ ကို ငုတ်ထုတ်ထားပြီးစကားတခွန်း မဟ ၊ နုတ်မဆက် ၊ အားမပေး ပဲ
ခွဲခြား ဆက်ဆံတဲ့ အလုပ်ဟာ မြင့်မြတ်သူတွေ အလုပ်မဟုတ်ဘူး ။နောင်တော်တို့ တုန်းက တော်လှန်ရေး ဆိုပြီး လုပ်ခဲ့တာပဲ..။

ခုကျောင်းသားတွေက ပြည်သူ့ ဘက်က ရပ်နေတာကို ပြဿနာ ကောင်တွေ ဆိုတဲ့ အပေါက်မျိုး လာမချိုးနဲ့ ...။

ဗကသ ညီနောင်တွေ က နောင်တော်ကြီးရဲ့ ရွှေပြည်အေးတရားနာဖို့ မျှော်ခဲ့တာမဟုတ်ဘူး ကျေးဇူးရှင် တောင်သူတွေ အပေါ် နောင်တော် တို့ စားနေတဲ့ ထမင်းတစ်စေ့လောက်အထောက်အကူ ပြုမလားလို့ မျှော်ခဲ့တာ...။

နောင်တော်တို့ ထောင်ထဲ ရောက်တုန်းက သား ဆုံးရှုံးရတဲ့ မိဘတွေ ကို ဘယ်လို ခံစားရလဲ မေးကြည့် ...။
ခုလည်း မတရားဖြင့် လိမ်ညာ သိမ်းပိုက်လို့ ဆုံးရှုံးသွားတဲ့ လယ်တွေ ဟာ တောင်သူတွေ အတွက်တော့ ရင်ထဲက သွေးပဲ... ။

ဘယ်လို ခံစားရမလဲ...။

ကိုယ်ချင်းစားတရားတွေ ၊ မတရားမှုကို ငုံမခံတဲ့ စိတ်ဓါတ်တွေ ဘယ်ရောက် ကုန်ပြီလဲ ...။အားအား ရှိ ရိုက်လို့ ရတဲ့ ဗီနိုင်းတွေ အောက် အဖုံးခံ အလွှမ်း ခံလိုက်ရပြီလား...။
လယ်ပဲ လုပ်စားတတ်တဲ့ အရိုးခံတောင်သူတွေက လယ်မရှိတော့ပဲ ဘာလုပ်စား မလဲ ။
လုပ်စားစရာမရှိပဲ ငတ်နေတာကို အေးအေး ဆေးဆေး အိမ်ပြန်ပါ ဆိုတာ ကျွန်တော် ငတုံးတော့ နားမလည်ဘူး။
အကွက်ရိုက် ခြံခတ်ပြီး အဖြစ်ဆောက် ၊ ဓါတ်တိုင်ရှိပြီးမီးမလာ ၊ ပိုင်ဆိုင်ပါတယ် ဆိုတဲ့ ဂရန် ကို ပေးအပ်ခြင်း မရှိပဲ ချုပ်ကိုင်ခံရ ။

ကိုယ့်နေရာလဲ ပြန်လို့ မရ ၊ ကိုယ့်လယ်မှာလဲ စိုက်ခွင့်မရ ၊ အင်း... တောင်သူတွေ အေးအေး နေတတ်အောင် ဘယ်လိုများ နည်းလမ်းရှိလည်း သင်ကြားပေးပါဦး နောင်တော်ကြီးရေ..။

ကျွန်တော် နာမည် ရဲရင့်ကျော် (ကိုဝိုင်ဝိုင်ကေ)
လုပ်နေတာ ဗကသ ( အထက်ဗမာပြည်) သတင်းပြန်ကြားရေးကော်မတီ
လုပ်ခဲ့တာ ၈၈-၈၉-၉၀-၉၁ ၊ပြီးတော့ထောင်ကျ... ဟုတ်ပြီလား
ဖုန်းက ၀၉ ၄၀ ၂၅၅ ၄၀ ၁၅
သိချင်တာ ရှိသေး လှမ်းမေး
ခုလိုရေးတာ မင်းက ဘာကောင်မို့လဲ မေးကြလွန်းလို့ ...။


ဒါပဲ ဒေါင်းတွေ အိုချင် အိုပါစေ
ဇရာ ပဲ ကိစ္စ မရှိဘူး ..။
စိတ်ဓါတ်တွေ အိုပြီး ချိနဲ့လာရင်တော့ ကိစ္စ ရှိလာပြီ ။
သင့်ကြောင့် သင်ပါဝင်သော အဖွဲ့အစည်း သမိုင်း မယိုင်ပါစေနဲ့ ။

လေးစားချစ်ခင်ဆဲ တန်းလန်းပါ။
ကိုဝိုင်ဝိုင်ကေ
၁၂-၉-၁၂
၁၁း၂၂



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>