Quantcast
Viewing all articles
Browse latest Browse all 32865

ဂျပန်နိုင်ငံခြားရေးဝန်ကြီး၊ စီးပွားရေး၊စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး ၊ ၀န်ကြီးချုပ်ဟောင်းတို့ရဲ့ မြန်မာနိုင်ငံခရီးစဉ်

Image may be NSFW.
Clik here to view.
Secretary Clinton holds a bilateral meeting with Japanese Foreign Minister Koichiro Gemba, at the Department of State

ဒီကနေ့ (၂၅)ရက်နေ့မှာ ဂျပန် နိုင်ငံခြားရေး ၀န်ကြီး ဂန်ဘာက မြန်မာနိုင်ငံကို ရောက်မယ်လို့ မျှော်လင့်ရပြီး၊ လာမည့် ဇန္နာဝါ ရီလဆန်းမှာ "မီတီ"လို့ လူသိများတဲ့ ဂျပန် စီးပွားရေး၊ စက်မှုနှင့် ကုန်သွယ်ရေး ၀န်ကြီး အဲဒါနို က မြန်မာနိုင်ငံကို သွားဖို့ ရှိနေပြီး၊ လာမည့် ဇန္နာဝါရီလ (သို့) ဖေဖါဝါရီလမှာ ၀န်ကြီးချုပ်ဟောင်းဖြစ်တဲ့ ရှင်ဇိုအာဘေး က မြန်မာနိုင်ငံကို သွားဖို့ ရှိနေ တယ်လို့ ဂျပန်အလုပ်သမား သမဂ္ဂ များထံမှ သိရပါတယ်။ စီးပွားရေး၊ စက်မှုနှင့် ကုန်သွယ်ရေး ၀န်ကြီး အဲဒါနိုဆံ က ဂျပန် ဒီမိုကရစီ ပါတီရဲ့ အထွေထွေ အတွင်းရေးမှုး ဖြစ်ခဲ့တဲ့ အပြင်၊ သြဇာ အလွန်ကြီးပြီး၊ အာဏာရှင်ဆန်တဲ့ ဂျပန် ဗျူရိုကရက်များကို ထိမိလှတဲ့ မေးခွန်းတွေ မေးပြီး စိန်ခေါ်နိုင်ခဲ့လို့ နာမည် ကြီးခဲ့သူ တစ်ဦး ဖြစ်တာကြောင့် သူ့ခရီးစဉ်ဟာ စိတ်ဝင်စားစရာ ဖြစ်သလို၊

ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာ နာမည်ကြီး ၀န်ကြီးချုပ်ဟောင်း တဦးဖြစ်တဲ့ နာကဆိုနေ လက်ထက်က နိုင်ငံခြားရေး ၀န်ကြီးဖြစ်ခဲ့တဲ့ ရှင်တာရို အာဘေးရဲ့ သားဖြစ်ပါတယ်။ ရှင်တာရို အာဘေး နိုင်ငံခြားရေး ၀န်ကြီး အဖြစ်နှင့် အရှေ့တောင်အာရှ ခရီးစဉ် သွားရောက်ခဲ့ရာမှာ အရှေ့တောင်အာရှ နိုင်ငံတွေမှာ ဂျပန် ဆန့်ကျင်ရေး စိတ်ဓါတ် အလွန်ပြင်းထန်တာ တွေ့ခဲ့ရပြီး၊ မြန်မာနိုင်ငံမှာက ဂျပန်ဆန့်ကျင်ရေးစိတ် မတွေ့ရပဲ၊ နှစ်သက် လိုလားမှုတွေကို တွေ့ခဲ့ရလို့ သေဆုံးချိန်အထိ မြန်မာနိုင်ငံကို အလွန်နှစ်သက်သူအဖြစ် လူသိများခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ဟာ သူ့ဖခင်ရဲ့ အရှေ့တောင်အာရှ ခရီးစဉ်မှာ ကိုယ်ရေးအရာရှိ အဖြစ် လိုက်ပါခဲ့တာကြောင့် သူဟာလည်း ဖခင်နှင့်အလားတူ မြန်မာနိုင်ငံကို အလွန်နှစ်သက်သူအဖြစ် လူသိ များတာကြောင့် စိတ်ဝင်စားစရာ ခရီးစဉ် ဖြစ်လိမ့်မယ်လို့ အကြားအမြင်များတဲ့ ဂျပန်ပညာရှင် အသိုင်းအ၀ိုင်းက ပြောဆိုနေကြပါသည်။

u tin win
Federation of Workers' Union of the Burmese Citizens(in Japan),

Image may be NSFW.
Clik here to view.

Image may be NSFW.
Clik here to view.


Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>