Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

သံအမတ်သေဆုံးခဲ့ရမှုအပေါ်အမေရိကန်သမ္မတ အိုဘားမား တုံ့ပြန်ပြောကြား

$
0
0

လစ်ဗျားနိုင်ငံတွင် တိုက်ခိုက်မှု တစ်ခုအတွင်း အမေရိကန် သံအမတ် သေဆုံးမှုအတွက် မိမိတို့အနေဖြင့် တရားမျှတမှုကို ပြန်လည် ရယူမည်ဟု အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက ပြောကြားလိုက်သည်။
(တိုက်ခိုက်ခံရမှုအတွင်း သေဆုံးသွားသည့် အမေရိကန်သံအမတ် ခရစ္စတိုဖာ စတီဗန်)

လစ်ဗျားနိုင်ငံတွင် တိုက်ခိုက်မှု တစ်ခုအတွင်း အမေရိကန် သံအမတ် သေဆုံးမှုအတွက် မိမိတို့အနေဖြင့် တရားမျှတမှုကို ပြန်လည် ရယူမည်ဟု အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက ပြောကြားလိုက်သည်။ အစ္စလာမ် အစွန်းရောက် တိုက်ခိုက်ရေး သမားများ၏ လုပ်ကြံပစ်ခတ်မှုကြောင့် လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ခရစ္စတိုဖာ စတီဗန်စ်နှင့် အခြားသော အမေရိကန်နိုင်ငံသား သံရုံးဝန်ထမ်း(၃)ဦးတို့သည် ခုခံနိုင်စွမ်း လျော့နည်းသည့် ဘန်ဂါဇီမြို့ရှိ ကောင်စစ်ဝန်ရုံးတွင်ရှိနေစဉ် အင်္ဂါနေ့ည ပစ်ခတ်မှုများအတွင်း သေဆုံးသွားခဲ့သည်။ အဆိုပါ သေနတ်သမားများက အမေရိကန်တွင် ပရောဖက် မိုဟာမက်ကို စော်ကားသည့် ရုပ်ရှင်ဇာတ်ကားတစ်ခု ရိုက်ကူးမှုကြောင့် ယခုလို တုံ့ပြန်ခြင်းဟု ကြေညာထားခဲ့သည်။

ဘန်ဟာဇီတွင် ဖြစ်ပွားသော အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး ယခုအခါ အိုဘားမားက "အမေရိကန် ပြည်ထောင်စုဟာ ခုလို တုန်လှုပ်စရာ တိုက်ခိုက်မှုမျိုးအတွက် အပြင်းထန်ဆုံး ရှုတ်ချပါတယ်။ ဒါဟာ လစ်ဗျားအစိုးရသစ်နဲ့ အမေရိကန်တို့ရဲ့ ဆက်ဆံရေးကို အများကြီး ထိခိုက်စေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လစ်ဗျားအစိုးရသစ်နဲ့ ပူးပေါင်းပြီးကျွန်တော်တို့ရဲ့ နိုင်ငံသားတွေကိုသတ်ဖြတ်ခဲ့သူတွေဆီကတရားမျှတမှုကို ပြန်ယူပါမယ်"ဟု ပြောကြားလိုက်သည်။ လစ်ဗျားခေါင်းဆောင် မိုဟာမက် မာဂရစ်ဖ်သည် ယခုကိစ္စနှင့် ပတ်သက်၍ အမေရိကန် အစိုးရထံ တောင်းပန်မှု ပြုလုပ်ထားကြောင်းလည်း သိရသည်။
အသက်(၅၂)နှစ်ရှိ သံအမတ်သည် အာဖဂန်နစ္စတန်တွင် (၁၉၇၉)ခုနှစ်က တိုက်ခိုက်မှုအတွင်း အဒေါ့ဖ်ဒက်ဘ်စ် သေဆုံးမှုနောက်ပိုင်း ပထမဆုံး သတ်ဖြတ်ခံရသည့် အမေရိကန် သံအမတ်လည်း ဖြစ်လာသည်။ ယခုဖြစ်စဉ် ပေါ်ပေါက်ပြီးနောက် အမေရိကန် စစ်တပ်သည် ရေတပ်မှ ဖျက်သင်္ဘော (၂)စင်းကို လစ်ဗျားကမ်းခြေသို့ ချက်ချင်း စေလွှတ်လိုက်သည်။ ထို့အပြင် လိုအပ်ပါက ရေတပ်၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးကွန်မန်ဒိုများကို စေလွှတ်ရန် တပ်လှန့်မှုလည်း ပြုလုပ်ထားကြောင်း သိရှိရသည်။

Source: Reuters
www.planet.com.mm



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>