Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ပြည်ခိုင်ဖြိုးပါတီမှ NLD ပါတီမှ ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်းအား တရားစရိတ်ပေးရမည်

$
0
0
ပြီးခဲ့သည့်ကြားဖြတ်ရွေးကောက်ပွဲမသမာမှုများအတွက်ကန့်ကွက်လွှာတင်သွင်းခဲ့သည့် ပြည်ခိုင်ဖြိုးပါတီမှ ဒေါ်လဲ့လဲ့အေးအနေနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းအား တရားစရိတ်ကျပ်ငွေ ငါးသိန်းပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ခုံရုံးက စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဆုံးဖြတ်ချမှတ်ခဲ့သည်။

“ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ခုံရုံးက စက်တင်ဘာလ ၁၁ ရက်နေ့မှ ဒေါ်ဖြူဖြူသင်းကို အနိုင်ပေးခဲ့ ပါတယ်။ ပြည်ခိုင်ဖြိုးပါတီ ဆိုတာက ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာကတည်းက အငြင်းပွားဖွယ် ရွေးကောက်ပွဲနဲ့ တက်လာတာပါ။ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ပာာ တရားမျှတမှု ရှိပါတယ်။ ဒီအမှုမှာ သက်သေအဖြစ် NLD ဘက်က မဲဆန္ဒနယ်က ပြည်သူ တွေပါ ပါဝင်လာပါတယ်”ပာု NLD ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့်ဧပြီ၁ရက်နေ့တွင် ပြုလုပ်ခဲ့သည့်ကြားဖြတ်ရွေးကောက်ပွဲများတွင်မသမှုများ ပြုလုပ်သည်ပာုဆိုကာ ပြည်ခိုင်ဖြိုးပါတီမှ ဒေါ်လဲ့လဲ့ အေးနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းတို့မှ ကြားဖြတ်ရွေးကောက်ပွဲအတွင်း မဲဆွယ်မှု၊ စည်းရုံးပောာပြောမှုများနှင့် ပတ်သက်၍ အပြန်အလှန် တရားစွဲဆိုခဲ့မှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မေလမှစတင်၍ နှစ်ဖက်သက်သေ များကို စစ်ဆေးကာ ယခုကဲ့သို့ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“စစ်ဆေးတာ နေပြည်တော်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ခုံရုံးအမှတ်(၁)မှာ စစ်ဆေးတာပါ။ ရှေ့နေ တွေကလည်း အခမဲ့လိုက်ပေး တယ်။ NLD ဘက်က သက်သေတွေ ခိုင်လုံတဲ့အတွက်လည်း တက်ဖက်ကို ငြင်းချက် ၄ ချက်စီနဲ့ ပြစ်မှုမမြောက်ကြောင်း ခုလိုဆုံးဖြတ်ချက် ချလိုက်တာပါ။ ဒီဆုံးဖြတ်ချက်တွေကို အများပြည်သူ လေ့လာနိုင်ဖို့အတွက် နိုင်ငံတော်ပြန်တမ်းအဖြစ် ထုတ်ဝေမယ်လို့ သိရပါတယ်”ပာု NLD ပါတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် မင်္ဂလာတောင်ညွှန့်မဲဆန္ဒနယ်မှ ပါတီငါးခု ဝင်ရောက်ယှဉ် ပြိုင်ခဲ့ပြီး အမျိုးသားကွန်ဂရက် ပါတီမှ ဆန္ဒမဲ ၁၄၀ မဲ၊ အမျိုးသားဒီမိုကရေစီပါတီသစ်(NNDP)ပါတီမှ ဆန္ဒမဲ ၇၆၅ မဲ၊ ဒီမို ကရက် တစ်ပါတီ(မြန်မာ)မှ ဆန္ဒမဲ ၇၉၃ မဲ၊ ပြည်ခိုင်ဖြိုးပါတီမှ ဆန္ဒမဲ ၅၉၇၇ မဲနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီမှ ဆန္ဒမဲ ၅၅၈၁၉ မဲရရှိခဲ့ကြောင်း သိရသည်။

Yangon chronicle



Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>