Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ပာားဗက်တက္ကသိုလ်၏အမျိုးသားပြန်လည်သင့်မြတ်ရေးဆု နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် ရရှိမည်

$
0
0
Tran Nhan Tong Reconciliation Prize

မေရိကန်နိုင်ငံရှိကမ္ဘာကျော်ပာားဗက်တက္ကသိုလ်မှ ကျောင်းသားပောာင်းများဖြင့် တည်ထောင်ထားသည့်Tran Nhan Tongအကယ်ဒမီက နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်ဒီမိုကရေစီခေါင်းဆောင် တစ်ဦးဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့အားအမျိုးသား ပြန်လည်သင့်မြတ်ရေးဆုကို ပူးတွဲပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“အမေရိကန်နိုင်ငံရဲ့ပာားဗက်တက္ကသိုလ်ကသမ္မတင်္ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုအမျိုးသားပြန်လည်သင့်မြတ်ရေးဆုပေးဖို့ဆိုပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့မှာ ဆုပေးအပ်ရေးအဖွဲ့တစ်ဦးလာသွားပါတယ်။ သူပြောသွားတာကတော့ ဒီဆုပေးတာပာာ တစ်ဦးတစ်ယောက်ကို ရည်ရွယ်တာ မပာုတ်သလို ငြိမ်းချမ်းရေးနိုဘယ်ဆုနဲ့လည်း မတူဘူးလို့ပြောသွားပါတယ်”ပာု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပာားဗက်တက္ကသိုလ်၏ Tran Nhan Tong အကယ်ဒမီမှ ဆုချီးမြှင့်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ပြည်တွင်းနှင့် ကမ္ဘာ့နိုင်ငံများအကြား စေ့စပ် ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် လူမှုဘဝတိုးတက်မြင့်မားရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်၍ ပေးအပ်ရခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယင်းဆုအား လက်ခံနိုင်ခြင်း ရှိ၊ မရှိကို တရားဝင်ထုတ်ပြန်ကြေညာ ထားခြင်းမရှိသေးကြောင်း သိရသည်။

“မြန်မာနိုင်ငံကို ပာားဗက်တက္ကသိုလ်က ဆုပေးအပ်ရေးအဖွဲ့ဝင် မစ္စတာဒန်း လာရောက်တုန်းက အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ တစ်ဦး တစ်ယောက်တည်း လုပ်လို့မရပါဘူး။ မြန်မာနိုင်ငံမှာ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စအတွက် အားသွန်ခွန် စိုက် လုပ်ဆောင်နေပါတယ်။ ဒါကြောင့် သူတို့ကို ဒီဆုပူးတွဲချီးမြှင့်လိုက်တာလို့ သူကပြောသွားပါတယ်”ပာု NLD ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

ပာားဗက်တက္ကသိုလ်၏ အမျိုးသားပြန်လည်သင့်မြတ်ရေးဆုသည် မြန်မာနိုင်ငံအတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေး လှုပ်ရှားဆောင်ရွက် နေသူများကိုသာ ရည်ရွယ်၍ ပေးအပ်သည့်ဆုတစ်ဆုဖြစ်ပြီး ယင်းဆုပေးပွဲအခမ်းအနားကို စက်တင်ဘာလ ၂၁ ရက်နေ့တွင် အမေရိကန်နိုင်ငံရှိ မတ်ဆာ ချူးဆက်ပြည်နယ် ဘောစတွန်မြို့ရှိ အမှတ် ၂၀ Harvard Faculty Clubကလပ်တွင် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Yangon chronicle



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>