Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

စစ်သည်အိုကြီးတဦး-ဒေါ်အောင်ဆန်းစုကြည် (မိုင်အိနိချိနေ့စဉ်သတင်းစာ -ဂျပန်)

$
0
0

မြန်မာပြည်မှပေးစာ
(စစ်သည်အိုကြီးတဦး)-ဒေါ်အောင်ဆန်းစုကြည်
ကောင်းမွန်တဲ့ဘဝတခုဆုံးခန်းတိုင်သွားတဲ့အခါ အမြဲကို ဝမ်းနည်းစရာဖြစ်ပါတယ်။ တချိန်တည်းမှာ ဒီကမ္ဘာမြေပေါ်ခရီးမှာ လူသားတဦးရဲ့ဂုဏ်ဒြဗ်နဲ့ ယာယီနားခိုမှုပြီးဆုံးသွားတဲ့အဖြစ်ကို သိတဲ့စိတ်က ကျေးဇူးတရားရဲ့အကြာင်းအရာနဲ့ အံ့သြဘွယ်ခံစားမှုတခုဖြစ်ပါတယ်။ အဲန်အယ်လ်ဒီတည်ထောင်သူ အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးလွင် ဒီဇင်ဘာ ၆ ရက်နေ့မှာ ကွယ်လွန်သွားတဲ့အခါ စစ်သည်အိုကြီးတဦးရဲ့ ဖျော့မှိန်သွားတာလို့ ကျွန်မမြင်မိပါတယ်။ ကျွန်မကိုယ်တိုင်ရဲ့ စူးစမ်းလိုစိတ်ကိုလဲ တွေ့မြင်လိုက်ပါ တယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်က ကျွန်မရဲ့ မြန်မာပြည်မှပေးစာများတခုမှာ ဦးလွင်အကြောင်းကိုရေးခဲ့ပါတယ်။ ဂျပန်နိုင်ငံ “ရိခုဂွန် ရှင်ခန် ဂတ်ခို” မှာ စစ်အတွင်း လေ့ကျင့်ရေးသင်တန်းတက်ခဲ့တဲ့အကြောင်း အပါ အဝင် သူ့ရဲ့စစ်ဘက်ဆိုင်ရာအသက်မွေးဝမ်းကျောင်းဘဝကောက်ကြောင်းကိုပေါ့။ အဲဒိနောက် မြန်မာ့ ဆိုရှယ်လစ်ပါတီအုပ်ချုပ်ရေးမှာ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး၊ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံတော်ကောင် စီဝင်အဖြစ် တာဝန်ဆက်လက်ထမ်းဆောင်းရင်း ၁၉၈၀ ခုနှစ် နောက်ဆုံးရာထူးမှနှုတ်ထွက်လိုက်တဲ့အ ထိ ကျွန်မရေးခဲ့ပါတယ်။

၁၉၈၈ ခုနှစ်မှစ၍ သူဟာ အဲန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်ဖြစ်လာခဲ့ပါတယ်။ ပါတီရဲ့ ဘဏ္ဍ်ာရေးမှူးရုံးကို အထူးစုံစမ်းစစ်ဆေးရေးဗျူရိုရဲ့ ပြင်းထန်ပြီး ရန်လိုတဲ့ စာရင်းစစ်ဆေးမ၈ ကြိမ်တိ တိအတွင်း ဘဏ္ဍာရေးမှူးရုံးမှ သူ့ရဲ့သတိကြီးစွာနှုတ်ထွက်မှုဖြင့် ပါတီရဲ့သိက္ခာကိုဆယ်ခဲ့တာပါ။ စုစု ပေါင်း သူ့ရဲ့နိုင်ငံအတွက် အမှုထမ်းသက်မှာ ၁၉ နှစ်တာ စစ်သည် ဘဝနဲ့ ယင်းအချိန်ရဲ့ ၂ ဆဖြစ်တဲ့ အရပ်ဘက်ဝန်ထမ်းသက်တို့ဖြစ်ကြပါတယ်။ ပြီးတော့ သူ့ဘဝနိဂုံး ချုပ်ချိန်မှာ သူ့ကို စစ်သည်အိုကြီး တဦးအဖြစ်ကျွန်မစဉ်းစားမိတာကို ကျွန်မကိုယ်တိုင် တွေ့ရှိရပါတယ်။

အဲန်အယ်လ်ဒီအလုပ်အမှုဆောင်ကော်မီတီရဲ့ သက်ကြီးအဖွဲ့ဝင်အချို့မှာ စစ်သင်တန်းတက်ခဲ့တာဟာ မမှားတဲ့အမှတ်အသားအဖြစ် ကျန်ရစ်လျက်ပါ။ သင့်လျော်စွာ ထိပ်ပိုင်းကစရလျှင် သူတို့ရဲ့ဆံပင်တွေ က အရောင်မဆိုးပကတိအတိုင်း သပ်သပ်ယပ်ယပ်ဆီလိမ်းသလျက် အိတ်တခုခုမှာပါတဲ့ ဘီးငယ်လေး နဲ့ မကြာခဏဖီးကြပါတယ်။ ပြီးတော့ တည့်မတ်တဲ့ဟန်ပန်အမူအရာနဲ့ တိကျတဲ့လှုပ်ရှားမှုဟာ စစ်ရေး ပြသင်တန်းရဲ့ မဆုံးနိုင်တဲ့ အချိန်များကို ပြောနေသလိုပါပဲ။ ကျွန်မတို့ရဲ့ လူ့အသိုင်းအဝိုင်းမှာ သာမန် လိုဖြစ်နေတဲ့ အမျိုးသမီးများရဲ့ အိမ်မှုဝေယျာဝစ္စအဖြစ် သတ် မှတ်ပေးရမဲ့အစား သူတို့ကိုယ်တိုင် မိမိ တို့ရဲ့အဝတ်အစားများကို လျှော်ဖွတ်သန့်စင်လိုစိတ် ရှိနေကြ ပါတယ်။ ကျွန်မတို့စစ်သည်အိုကြီးများ ရဲ့အကောင်းဆုံးများမှာ အမူအရာရဲ့ သီးသန့်ချိုမြိန်မှုရှိနေပါတယ်။ ဒါဟာလဲ စစ်အတွင်း ကြမ်းတမ်းတဲ့ နေ့ရက်များရဲ့ လက်ငုတ်လက်ကျန်ဖြစ်ရမယ်လို့ ကျွန်မစဉ်းစားမိပါတယ်။ အဲဒိအချိန်အခါမှာ သူတို့ရဲ့ သက်တောင့်သက်သာမှုအနည်းငယ်နဲ့ တခါတရံ သူတို့ရဲ့လုံခြုံ စိတ်ချရမှုများအတွက် ပြည်သူများရဲ့ မေတ္တာနဲ့ရက်ရောမှုများအပေါ်မှီခိုနေရတာကို။

ဦးလွင်ကို ကျွန်မပထမဆုံးစတင်တွေ့ရှိရချိန်မှာ သူဟာယုံကြည်ချက်ခိုင်မာကာ တာဝန်ကျေပွန်တဲ့ ဗဟိုကော်မီတီဝင်တဦးဖြစ်ကြောင်း သိမြင်ခဲ့ရပါတယ်။ သူဟာ အစည်းဝေးများမှာ သူ့ရဲ့ဘဏ္ဍာရေးမှူး တာဝန်များနဲ့ပတ်သက်တဲ့အကြောင်းများမှလွဲပြီး စကားများများပြောလေ့မရှိခဲ့ပါ။ ၁၉၉၅ ခုနှစ်ကျွန်မ ပထမဆုံးနေအိမ်အကျယ်ချုပ်မှ လွတ် မြောက်လာပြီးနောက်မှာမှ သူကိုကောင်း ကောင်းသိကျွမ်းခဲ့ပါ တယ်။ “လွင်”ဆိုတဲ့အမည်နာမဟာ မြန်မာပြည်မှာ အသုံးများပါတယ်။ စစ်တပ်တွင်းက အခြား“လွင်” များနဲ့ ခွဲခြားနိုင်အောင် သူ့ကို မကြာခဏ “လူချော ဦးလွင်” သို့မဟုတ် “မာတီနိပြယုဂ် ဦးလွင်”လို့ ခေါ်ဆိုကြပါတယ်။ (နောက်ဆုံး ကျွန်မလေ့လာမိတာကတော့ သူ့ကို“ပေါင်မုန့်”လို့ခေါ်ဆိုကြတယ်ဆို တာပါ။ သူ ဘောလုံးကစားစဉ် လေမှုတ်ထုတ်လှုပ်ရှားတဲ့အခါမှာ သူ့ပါးဖောင်းဖောင်းဝိုင်းဝိုင်းလေးဟာ ပေါင်မုန့်ပုံ ပေါက်နေလို့ဖြစ်ပါတယ်။) သူရဲ့ဥပဓိရုပ်ကောင်းခြင်းဟာ အရွယ်အိုချိန်မှာတောင်ပေါ်လွင် ထင်ရှားနေလျက်ပါ။ ကျွန်မသူ့ကို စိတ်ထဲစွဲမှတ်ခဲ့တာက နှုတ်ခမ်းစူစူ အသွင်ဟာ နှုတ်ခမ်းစူနေတဲ့ အရုပ်နဲ့တူနေတာကိုပါ။ ဒီသရုပ်က သူ့ရဲ့ ကြင်နာစရာသဘာဝကိုထင်ယောင်ထင်မှားဖြစ်စေကာ ဆွဲဆောင်မှုရှိတဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ဖုံးကွယ်နေစေပါတယ်။ အဲဒိအချိန်က အမေရိကန်ဆိုင်ရာ ကုလသမဂ္ဂသံအမတ်ဖြစ်နေတဲ့ မစ္စ မဲဒလင်း အောဘရိုက်နဲ့အဖွဲ့တို့ မြန်မာနိုင်ငံလာရောက်လည်ပတ် စဉ် ကျွန်မအိမ်မှာ မနက်စာ တည်ခင်းရင်း တွေ့ဆုံဆွေးနွေးဘို့ စီစဉ်ခဲ့ပါတယ်။ ဦးလွင်က အမေရိကန် အဖွဲ့ဝင်အချို့နဲ့ တစားပွဲတည်း အတူထိုင်ကြပါတယ်။ အဲန်အယ်လ်ဒီအတွင်းမှာ ကျွန်မဟာ စစ်ဘက် အုပ်စုရဲ့ထိန်းကျောင်းမှုကိုခံနေရသူ ဖြစ်ကောင်းဖြစ်မယ်လို့ အချို့အသိုင်းအဝန်းမှာ ခံစားနေတဲ့စိုးရိမ် ပူပန်မှုကို ဧည့်သည်တဦးက ထုတ်ဖော်ပြောလိုက်ပါတယ်။ ဒါဟာ ဗဟိုကော်မီတီမှာ ကျွန်မနဲ့ အနီးကပ် လုပ်ကိုင်နေတဲ့ စစ်ဘက်အရာရှိ ကြီးဟောင်း ၄ ဦးကို ရည်ညွှန်းလိုက်တာပါ။

ဦးလွင်က ဝါရှင်တန်မှာ စစ်သံမှူးအဖြစ်ထမ်းဆောင်စဉ် ရရှိခဲ့တဲ့ အလွန်ယဉ်ကျေးတဲ့ အမေရိကန်စစ် ဘက်အရာရှိတဦးရဲ့ အမူအရာနဲ့ “မဒမ်”ခင်ဗျား စစ်သား လေးသိန်းရှိတဲ့ မြန်မာစစ်တပ်ကတောင် မစွမ်းဆောင်နိုင်တဲ့အလုပ်ကို ကျွန်တော်တို့လေးယောက်က ဘယ်လိုစွမ်းဆောင်နိုင်မှာလဲဗျာလို့ ” ပြန်လည်တုန့်ပြန်လိုက်ပါတယ်။

ဦးလွင်ဟာ အထက်တန်းကျောင်းပြီးပြီးခြင်း အိမ်ကထွက်ပြေးကာ မြန်မာ့လွတ်လပ်ရေးတပ်မတော်ကို ဝင်ရောက်လိုက်ပါတယ်။ သူ့မှာ အဆင့်မြင့်ပညာအရည်အချင်းမရှိခဲ့တဲ့အခြေအနေကြောင့် ဦးလွင်ဟာ အတော်ကို နှိမ်နှိမ်ချချနေထိုင်ခဲ့ပါတယ်။ ဘဏ္ဍာရေးဝန်ကြီးအဖြစ်ခန့်အပ်ခံရချိန်မှာ ဦးလွင်က သူ့ရဲ့ အရပ်ဘက်လက်အောက်ဝန်ထမ်းများကို သူ့မှာ ပညာရေးမှတ်တမ်းအထောက်အထားများ မရှိတဲ့အ တွက် သူ့ကို ဝိုင်းဝန်းသင်ကြားပေးကြဘို့ ပွင့်ပွင့်လင်းလင်းပြောခဲ့ပါတယ်။ ဒီလို သင်ကြားလိုစိတ်ဆန္ဒ ပြင်းပြမှုကြောင့် ဦးလွင်ဟာ မဆလ အစိုးရထဲမှာ အကောင်းဆုံးဝန်ကြီးများထဲကတပါးဖြစ်ခဲ့စေပြီး၊ ကဏ္ဍများစွာရဲ့ ကျယ်ပြောတဲ့ဝန်းကျင်မှာ သူ့ကို အံ့သြဂုဏ်ယူဘွယ်အဖြစ်လဲ အသိအမှတ်ပြုခံရစေခဲ့ ပါတယ်။ အသံပိုင်းဆိုင်ရာစနစ်၊ ဥယျာဉ်စိုက်ပျိုးရေနဲ့ တရားထိုင်ခြင်း အကြောင်းများနဲ့ပတ်သက်တဲ့ သူ့ရဲ့ပြောစကားများကို ဝမ်းမြောက်စွာကြားရလေ ပွင့်သစ်စမြန်မာ့တပ်မတော်မှာ သူရှိစဉ်အချိန်များရဲ့ အမှတ်ရအတွေ့အကြုံများကို နားထောင်ရလေပါပဲ။

စစ်သားအဖြစ်ခံယူထားတဲ့ဦးလွင်ဟာ အဲန်အယ်လ်ဒီအတွင်းမှ အခြားစစ်ဘက်အရာရှိဟောင်းတဦး ဖြစ်တဲ့ ဦးတင်ဦးက ကျွန်တော်ရဲ့ “တပ်မှူး”လို့ ရည်ညွှန်းသလို အစဉ်အမြဲမှန်ကန်နေပါတယ်။ သူက ကျွန်မရဲ့တရားဝင်ရာထူးကို အသိအမှတ်ပြုခြင်းရဲ့ သတိမူထောက်ခံခြင်းနဲ့ ဘခင်တဦးရဲ့နွေးထွေးမှု ဖြင့်ဆက်ဆံတဲ့မြင်ကွင်းကို ထင်ထင်ရှားရှား ခံစားစေခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ လက ကျွန်မသူ့အိမ်ကို သွားကြည့်ခဲ့စဉ် သူသက်တမ်းတိုတိုကျန်နေတော့မယ်လို့ သိသာထင်ရှားမှုမရှိခဲ့ပေမဲ့ သူ့ရဲ့ကျန်းမာ ရေးအခြေအနေဟာ အတော်ယိုယွင်းနေပါပြီ။ စကားကိုဖြည်းညှင်းစွာပြောရင်း ကျွန်မရဲ့ ကြီးလေးတဲ့ တာဝန်များကြားက ဒုက္ခခံလာကြည့်တာကို ကျေးဇူးတင်ကြောင်း သမရိုးကျပြောဆိုခဲ့ပါတယ်။ ပြီးတော့ ကျွန်မခေါင်းညွှတ်အရိုအသေပေးတော့ လေးနက်တဲ့အဓိပ္ပါယ်နဲ့ ရင်းနှီးဖော်ရွေမှုတို့ စိမ့်ဝင်နေတဲ့ ပြင်း အားကြီးဆွဲငင်မှုဖြင့် ဆုပေးပါတယ်။

ဦးလွင်ကွယ်လွန်ခြင်းဟာ ညင်ညင်သာသာပါ။ စစ်သည်အိုကြီးအဖြစ်ခံယူထိုက်တဲ့ ကြီးမားတဲ့ ဂုဏ်ဒြဗ် နဲ့ ပျောက်ကွယ်သွားပါတယ်။

(ဒေါ်အောင်ဆန်းစုကြည်)

(မိုင်အိနိချိနေ့စဉ်သတင်းစာ ဂျပန်) ဒီဇင်ဘာ ၂၄ ၂၀၁၁

( ဂျပန်နိုင်ငံထုတ် မိုင်အိနိချိသတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Letter from Burma – An Old Soldier ကို ဘာသာပြန်ပါတယ် )

မောင်မောင်လှကြိုင်

ဒီဇင်ဘာ ၂၅ ၂၀၁၁



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>