Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

"လက်ပံတောင်းတောင်စီမံကိန်း ရပ်စဲရေးအတွက် သချိုင်းမြေက သေသူတွေ ရှင်သူတွေနဲ့အတူပါဝင်လာကြပြီ"

$
0
0
အောက်တိုဘာလ ၉ ရက်ညနေ ၂နာရီခွဲ မှ ၃နာရီခွဲ ခန့် အထိဆည်တည်းကျေးရွာ သင်္ချိုင်းကုန်းတွင် “လက်ပံတောင်းတောင်စီမံကိန်း ဧရိယာ အတွင်းရှိမြေသိမ်းခံ ကျေးရွာများ မှ ဝိညာဉ်များ မှ အရိုးတွန်သံ “ခေါင်းစဉ်ဖြင့်  PERFORMANCE ပြုလုပ်ကာ
လက်ပံတောင်းမှာ သေသူတွေရဲ့ ၀ိဥာဉ်များက သားစဉ်မြေးဆက်များ ဘိုးဘွားပိုင်မြေအား မျိုးဆက်အဆင့်ဆင့်သို့ လက်ဆင့်ကမ်း အမွေးပေးပြီး အမိမြေကို အသက်ပေးလို့ ကာကွယ်ရမယ်ဆိုတာ......သချိုင်းမြေတွေ ရုံးကြွ မြေပြင်အောက်က ကကြုံးဝါးသံတွေနဲ့ နိုးထလာခြင်းတွေနဲ့ အမိမြေကို ကယ်နေတဲ့ သားမြေးတွေနဲ့အတူ လက်ပံတောင်းတောင်နဲ့ ဒေသကျေးရွာ သဘာဝတွေ မပျောက်ပျက်ဖို့အရေး ယှဉ်တွဲရှိနေမယ်ဆိုတာ....ဒီနေ့ ပါဖော့မတ်စ် အတ် တစ်ခုအနေနဲ့ ဒေသခံတွေကြား စိတ်ဓာတ်ခွန်အားတွေ ပိုမိုနိုးကြားလာစေဖို့ အတွေးစတွေနဲ့ ရွာသားတွေက အမိမြေအတွက် အရာရာကိုလုပ်ဖို့ ပေးဆပ်ဖို့ အသင့်ရှိတယ်ဆိုတာကို ဘယ်လိုလူတွေက ရူးတယ်ထင်ရင်တောင် ဂရုမစိုက်ပဲ....မိမိတို့ ယာမြေ၊ရွာတွေ၊ဒေသအလှသဘာဝနဲ့ လက်ပံတောင်းတောင်ကြီး မပျောက်ပျက်ရေးအတွက် အရာရာကို ပေးဆက် လုပ်ဆောင်ဖို့ဝန်မလေးကြောင်း သချိုင်းမြေမှာ ၀ိဥာဉ်များထမြောက်ခြင်းပွဲတော်ကြီးကို ကျင်းပခဲ့ကြတယ်တဲ့ဗျာ......... လက်ပံတောင်းတောင် စီမံကိန်းမရပ်သ၍ သချိုင်းမြေက သူတို့ရွာသားတွေနဲ့အတူ တရားမျှတမှု တိုက်ပွဲအတွက် ဒုတိယ အကြိမ်သေမယ်ဆိုရင်တောင် ဒီတိုက်ပွဲကို တိုက်ရမယ်တဲ့ဗျာ.......(KO WAILU)
Photo..The voice weekly,Heinminhtet Htet

အနတ္တ

ဒါ...ဘာလဲ!
ဖြစ်ပျက်ခဲ့ ခန္တာတစ်ဘက်စွန်းရဲ့
အမှောင်တိုက်တွေလား
ဝိညာဉ်တွေလား
မှားမယ်....မှားလိမ့်မယ်
ဒါ...နာနာဘာဝမဟုတ်
အယူတိမ်းနတ်စိမ်းလဲမဟုတ်
တစ်ခုတော့သေချာတယ်
ဒါ.....
ရာဇ၀င်စာတင်မယ့် တော်လှန်ရေး
အပေးအယူဆိုတာဗလာမဲ့
သည်အရာ...ဒီအဖြစ်...
အားလုံးပိုင်ဆိုင်ရမယ်
တစ်လက်မမှာမလွန်ကျူးစေရ...
သည်မြေ...
ငါတို့အားလုံးပိုင်တဲ့မြေ...။

အဇ္ဈတ္တ

တွေးမိရဲ့လား၊တွေးရဲရဲ့လား
မြင်လိုက်တာနဲ့
နှလုံးသားမှာဆူပွက်
ဒါ...အနုပညာလား
ဒါ...ကစားကွက်တစ်ခုလား
အကြိမ်ကြိမ်ကြည့်
အဖန်တရာ ရင်နာတယ်။
ဒီချဉ်ချင်းဟာ
လိမ္မော်သီးစားရုံနဲ့မပြည့်စုံနိုင်ဘူး။
ကိုင်း...လူကြီးမင်းတို့
ဒါ...ပုန်ကန်တာမဟုတ်
ဒါ...ပရောဂကြောင့်မဟုတ်
နားလည်ပါ...လူကြီး လူကောင်းဆန်ပါ
အမျှော်အမြင်ကြီးပါ
ပြောပါရစေ...
အားနာပါရဲ့....
ဒါတို့ပြည်..တို့မြေ..
အဘိုးတန်တဲ့မြေ....
.........................။
ခက်ထဏ် —



Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>