Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မြန်မာ့အရေးကိုင်တွယ်မှုများနှင့်ပတ်သက်ပြီး တရုတ်အစိုးရအား တရုတ်နိုင်ငံသားကျွမ်းကျင်သူများက ပြန်လည်ဝေဖန်

$
0
0
တရုတ်အစိုးရအနေဖြင့်ယခင်မြန်မာအစိုးရလက်ထက်တွင်အာဏာရထိပ်သီးပိုင်းနှင့်သာမကဘဲ၊ ပြည်တွင်းနိုင်ငံရေးအတိုက်အခံအင်အားစုများနှင့်ပါ ဆက်ဆံရေးကောင်းမွန်အောင် ဆောင်ရွက်ရန်လိုခဲ့ကြောင်း တရုတ်အစိုးရ နိုင်ငံတကာအကူညီပေးရေးမူဝါဒဆိုင်ရာ ကျွမ်းကျင်သူ ဘေဂျင်း နိုင်ငံတကာလေ့လာရေးတက္ကသိုလ် ပါမောက္ခ Mr.Zhang Xiaomin ကဝေဖန်ပြောကြားလိုက်သည်။ သို့မှသာ တရုတ်နိုင်ငံ၏ စီးပွားရေးမူဝါဒများအကောင်ထည်ဖော်ဆောင်ရွက်ရာတွင် ရေရှည်တည်ငြိမ်မှုရရှိနိုင်မည်ဖြစ်ပြီး၊ တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံအပေါ် ပိုမိုသြဇာသက်ရောက်မှုရှိနိုင်မည်ကြောင်းပြောကြားသည်။

မြန်မာ့အရေးနှင့်ပတ်သက်ပြီး တရုတ်အစိုးရအနေဖြင့် အသွင်သစ်ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လက်ရှိမြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများက အချက်ပေးနေပြီဖြစ်ကြောင်း တရုတ်စီးပွားရေးကျွမ်းကျင်သူ Mr.Zhu Feng က ထောက်ပြဝေဖန်လိုက်သည်။တရုတ်အစိုးရသည်ယခင်စစ်အစိုးရလက်ထက်တွင် နိုင်ငံရေး၊စစ်ရေးအရ မြန်မာနိုင်ငံအပေါ်များစွာလွှမ်းမိုးမှုရှိပြီး၊ အစိုးရပိုင်ကော်ပရေးရှင်းများအချင်းချင်း လုပ်ငန်းသဘောတူညီမှုများစွာရရှိခဲ့သော်လည်း၊ မြန်မာပြည်သူများအတွက် အလုပ်အကိုင်နှင့် အကျိုးဖြစ်ထွန်းမှုများနိုင်သော ကဏ္ဍများတွင် လစ်လျူရှုခဲ့မှုများရှိကြောင်း၊ ထိုသို့ လစ်လျူရှုခဲ့မှုများကြောင့် တရုတ်အစိုးရအပေါ် မြန်မာပြည်သူများ၏ ထောက်ခံမှုများ ကျဆင်းပျက်သုဉ်းခဲ့ရကြောင်း ပီကင်းတက္ကသိုလ် နိုင်ငံတကာဆက်ဆံမှုဌာန ပါမောက္ခ Mr.Zhu Feng ကဝေဖန်ပြောကြားလိုက်သည်။

"ဥပမာအားဖြင့် ကချင်မြစ်ဆုံစီမံကိန်းပေါ့။ တရုတ်အစိုးရက အစိုးရအချင်းချင်းပဲ နားလည်မှုယူထားပြီး ကချင်ပြည်သူတွေအတွက် အလုပ်အကိုင် အကျိုးအမြတ်မရှိတော့ မြန်မာအစိုးရက ဒီမိုကရေစီစံပြအဖြစ်နဲ့ အဲဒီစီမံကိန်းကို ရပ်ပစ်လိုက်တယ်။ နောက်ဆုံးနစ်နာတာက တရုတ်အစိုးရပိုင် CNPC ပဲ။ အခုတော့ အဲဒီသင်ခန်းစာယူပြီး ကချင်လူထုနဲ့ ပိုမိုနီးနီးကပ်ကပ်ဖြစ်အောင် CNPC ပိုင်းက လုပ်ဆောင်နေတယ်" ဟုပြောကြားသွားပါသည်။

သို့သော်လက်တွေ့တွင် CNPC အနေဖြင့် မြစ်ဆုံစီမံကိန်းပြန်လည်အကောင်အထည်ဖော်ရန် ကချင်လက်နက်ကိုင်တပ်ဖွဲ့များနှင့် လျှို့ဝှက်ဆွေးနွေးညှိနှိုင်းနေပြီး၊ တရုတ်အစိုးရအနေဖြင့်လည်း ကချင်လက်နက်ကိုင်အဖွဲ့များအား လက်နက်များ လျှို့ဝှက်ထောက်ပံ့မှုများပြုလုပ်နေပြီလား ဟု မြန်မာပြည်သူများကြားတွင် မေးခွန်းထုတ်စရာဖြစ်နေကြောင်း။

People Development For Knowledge



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>