Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

စစ်တွေမြို့ လမ်းမများပေါ်တွင် ထောင်ချီသည့် ရခိုင်အမျိုးသမီးများက မိုးရေထဲမှာ ငြိမ်းချမ်းစွာ စီတန်း၍ (OIC) ကို ကန့်ကွက် ဆန္ဒပြ

$
0
0
Photos..Rakhine Straight Views ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့နေ့လည်ပိုင်းက ထောင်နှင့်ချီသည့်ရခိုင်အမျိုးသမီးများက OIC (Organization of Islamic Cooperation ) ရုံးဖွင့်မည်ကို ကန့်ကွက်သည့် အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်ပြသခဲ့ကြသည်။

ဆန္ဒပြပွဲကို ခွင့်ပြုချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ပြီး  စစ်တွေမြို့ ကမ်းနားလမ်း ဧစေတီ ဘုရားမှ ဆိုင်းဘုတ်များ၊ လက်ကိုင် ပိုစတာများကို ကိုင် ဆောင်ပြီး မြို့ထဲထိ ချီတက်ကာ  ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော် ပြသခဲ့ကြသည်ဟု  ဦးဆောင်သူတဦးဖြစ်သူ ဒေါ်မညိုအေးက ပြောသည်။

“အဓိက အချက်(၈)ချက်ပါတယ်။
နံပါတ်(၁) ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို လိုက်နာလေးစား ပါ၊
(၂) တရားမ၀င် ခိုးဝင်လာသော ဘင်္ဂလီများအား အလိုမရှိ၊
(၃) မြန်မာ့ပြည်တွင်းကို OIC ၀င်မစွက် နဲ့ ထွက်သွား၊
 (၄) မြန်မာပြည်မှာ ဘယ်အချိန်ကမှ ရိုဟင်ဂျာမရှိ၊
(၅) သားရေပေါ်အိပ်၊ သားရေနားစား တွေ ထွက်သွား၊
(၆) မြေမျို၍ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပျောက်မည်၊
 (၇) မြန်မာ့ အမျိုးသမီးများ ဘ၀ လှပလုံခြုံမှုရှိပါစေ၊
(၈) မြန်မာ တမျိုးသားအားလုံး စည်းလုံးညီညွတ်ကြ ဆိုတဲ့ ပိုစတာများတွင် ရေးသားကာ မိမိတို့၏
သဘောထားများကို ထုတ်ဖေါ်ခဲ့ကြသည်″ ဟု သူမက ပြောသည်။

ဆန္ဒပြပွဲတွင် အမျိုးသမီးများက အကြမ်းဖက်ဝါဒ အလိုမရှိ (OIC Get Out)ဟု ရေးထားသည့် တီချပ် အကျီင်္များကို ၀တ် ဆင်ထားပြီး ဆရာတော်ဦးဥတ္တမပန်းခြံမှ မြို့လယ်ရှိ ၀င်္ကာဘာကွင်းသို့ သွားရောက်လူစုပြီး ထိုမှ တဆင့်  မြို့တွင်းသို့ လှည့်လှည်ကာ ဆရာတော် ဦးဥတ္တမပန်းခြံတွင် ဆန္ဒပြပွဲကို အဆုံး သတ်ခဲ့ဟု သိရသည်။

ဆန္ဒပြပွဲတွင် အမျိုးသမီး ၂၀၀၀ ခန့်ပါဝင်ပြီး တဖြည်းဖြည်း မြို့သူမြို့သားများ ပူးပေါင်း ပါဝင်လာသည့်အတွက် လူ ၅၀၀၀ ခန့်ဖြစ်သွားခဲ့ပြီး ဗလီကြီးရှိရာဘက်သို့ သွားသည့်လမ်းကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ပိတ်ဆို့ထား ခဲ့ ကြောင်း မြို့ခံလူငယ် တဦးကပြောသည်။

ယမန်နေ့ကလည်း စစ်တွေမြို့နှင့် ရဟန်းသံဃာတော်များ ဦးဆောင်ပြီး ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကောင်စစ်ဝန်ရုံးရှေ့ တွင် OIC ရုံးဖွင့်မည့်ကိစ္စနှင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် စက်တင်ဘာလ ၂၉ ရက်နေ့က လူနည်းစု ဗုဒ္ဓဘာဝင်များ အကြမ်းဖက်ခံရမှုကို ကန့်ကွက်သည့်နေဖြင့် ဆန္ဒပြပွဲတခုကို ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့ကြသည်။

ယခုကဲ့သို့စစ်တွေမြို့တွင် ရက်ဆက် (OIC)ကို ဆန္ဒထုတ်ဖော်ပြသနေသည့်အပေါ် စစ်တွေမြို့နယ် ပြည်နယ် လွတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားသည်။

“ OIC ဆိုတာက ဘာသာရေးကို အဓိကထားတဲ့ အဖွဲ့အစည်းတခုဖြစ်တယ်လို့ ဒီကလူတွေက သုံးသပ်ကြ တယ်။ NGO မဟုတ်ဘဲ သီးခြားမူဆလင်နိုင်ငံတွေ ပူးပေါင်းဖွဲ့ထားပြီး ဘာသာရေး ကို အဓိကအခြေခံတဲ့ အတွက် မြန်မာနိုင်ငံဆိုတာက ဗုဒ္ဓဘာသာ အများစုနေတဲ့နိုင်ငံဖြစ်တယ်။ သူတို့က ရခိုင်မှာဖြစ်ခဲ့တဲ့ အရေးအခင်းကို အကြောင်းပြုဝင်လာပြီး သူတို့ရဲ အယူဝါဒတွေကို အသုံးချ လုပ်သွားမှာကို စိုးရိမ်တဲ့အတွက် ခုလို ကန့် ကွက်တဲ့ သဘောလို့မြင်ပါတယ်” ဟု ဆိုသည်။

OIC အနေနှင့် တခြားပြဿနာများစွာတက်နေသည့် မူဆလင်နိုင်ငံများကို မသွားဘဲ မြန်မာနိုင်ငံကို ၀င်လာသည့် အ ပေါ် မှာ ရခိုင်ပြည်သူများက သံသယများရှိနေကြောင်းနှင့် ယခုကဲ့သို့ သံဃာ တော်များအပါအ၀င် အမျိုးသမီး များက OIC ကိုလက်မခံကြောင်း ဆန္ဒပြတောင်းဆိုနေသည့်အတွက် ပြည်သူများဆန္ဒကို လိုက်လျှော့ရန် ပြည်နယ် အစိုးရကိုလည်း ဖိအားပေးတောင်းဆိုရန် အစီ အစဉ်ရှိကြောင်း ဦးအောင်မြကျော်က ပြောသည်။

ယခုကဲ့သို့ ပြည်သူများကန့်ကွက်နေသည့်အတွက် ဒီမိုကရေစီဖော်ဆောင်သည့်အစိုးရအနေဖြင့် ပြည်သူများ၏ ဆန္ဒကို နားထောင်သင့်ကြောင်း စစ်တွေမြို့မှ လူကြီးတဦးကပြောသည်။

ပြည်သူများက မြန်မာနိုင်ငံတွင် OIC  ရုံးဖွင့်လှစ်မည်ကို ရန်ကုန်နှင့် ရခိုင်ပြည်နယ်တွင် ကန့်ကွက်သည့် ဆန္ဒပြ ပွဲများ ဆက်တိုက် ပေါ်ပေါက်နေသော်လည်း OIC ရုံးများကို မြန်မာနိုင်ငံတွင် မကြာမီ ဖွင့်လှစ်မည်ဖြစ်ကြောင်း OIC၏ မူဆလင် လူနည်းစု ရပ်ဝန်းဌာန ရိုဟင်ဂျာအရေးဆိုင်ရာတာဝန်ခံ မစ္စဒီနာ မန်ဒနီက ပြောသည်ဟု ဘီဘီစီ မြန်မာပိုင်းအစီအစဉ် အင်တာ နက်စာမျက်နှာတွင် ဖော်ပြထားသည်။

ရန်ကုန်တွင် ဖွင့်လှစ်မည့် OIC ရုံးမှာ ဗီဇာအပါဝင် ထောက်ပံ့ရေးဆိုင်ရာများကို လုပ်ဆောင်မည်ဖြစ်ပြီး စစ် တွေမြို့တွင် ဖွင့်လှစ်မည့်ရုံးမှာ လူသားချင်းအကူအညီ ထောက်ပံ့ပေးရာ ရုံးအဖြစ် ထားရှိမည်ဖြစ်ကြောင်း မစ္စ ဒီနာမန်ဒနီက ယမန်နေ့ညနေက ထုတ်လွင့်သည့် ဘီဘီစီ မြန်မာပိုင်းကို ပြောသွားသည်။

မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ရန် စက်တင်ဘာလ ၁၁ ရက်နေ့က မြန်မာနိုင်ငံ နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးနှင့် OIC တို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

http://www.narinjara.com



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...