Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တရားသူကြီးနှင့်ရှေ့နေပေါင်း၍ စာရွက်အလွတ်ပေါ် လက်မှတ်ထိုးခိုင်းခဲ့

$
0
0
စာဖတ်ပရိသတ်အားလုံး ကျွန်မအဖြစ်ကို သင်ခန်းစာယူပြီး တစ်ပါးသူကို ယုံကြည်မှုဖြင့် ငွေ လက်မလွန်သင့်ကြောင်း တင်ပြပါရစေ။
ကျွန်မနဲ့ ကျွန်မရဲ့အစ်မတို့ထံမှ မြေစာရင်းဝန်ထမ်းတစ်ဦးနှင့် သူ့ဇနီးတို့က ငွေငါးသိန်းချေးယူပြီး တိမ်းရှောင်နေခဲ့ပါတယ်။ ကျွန်မလည်း ကျွန်မ ငွေ ၂ သိန်း ပြန်တောင်း၍ မရသောအခါ ပုဒ်မ (၄၁၇)ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ရပါတယ်။ အဲဒီမှာ မြို့နယ်ဒု-တရားသူကြီးက ကျွန်မထံမှ ငွေတစ်သောင်းကျပ်တောင်း၍ ရှေ့နေ မမြင့်မြင့်ဦးမှတစ်ဆင့် ပေးခဲ့ရပါ တယ်။ တစ်ဖက်က ၀န်ထမ်းဖြစ်ကာ ငွေကလည်း ၂ သိန်းတည်းဖြစ်၍ အမှုစစ်တရားသူကြီးက ညှိခိုင်းပါတယ်။ နောက်ကျွန်မအမည်၊ အသက်၊ အဖအမည်ပါရှိတဲ့ စာရွက် ပြောင်ပေါ်မှာ လက်မှတ်ထိုးခိုင်းခဲ့ပါတယ်။ တရားခံကို အာမခံပေးပါတယ်။ ရုံးချိန်းတစ်ရက်မှာ သူ့ ဇနီးအားပြန်ခေါ်ပေးရန် အချိန် ၅ ရက်ပေးပါတယ်။ ကျွန်မကို အိမ်ပြန်ခိုင်းပါတယ်။ သူက ဒု-တရား သူကြီးရုံးထဲမှာ ကျန်ခဲ့ပြီး ၁၀မိနစ်ခန့်မှ ပြန်ထွက်လာကာ ““နင်ရှုံးသွားပြီ”” ဟု ကျွန်မနားကပ်ပြီး ပြောသွားပါတယ်။

၁၅-၆-၂၀၁၂ ရက်နေ့တွင် ပုန်းနေသော ၎င်းမြေစာရင်းဝန် ထမ်း၏ဇနီးရှိသည့်နေရာကို သိရသဖြင့် ကျွန်မရှေ့နေထံသွားပြီး ၀ရမ်းထုတ်ရန် ဒုတရားသူကြီး ဆီသို့တင်ပါတယ်။ ဒါပေမဲ့ နောက်အပတ်မှ လာတင်ရန် တရားသူကြီးက ပြောပါတယ်။ ၁၇-၆-၂၀၁၂ ရက်မှာ ပုန်းနေသူမရှိတော့ပါ။ နောက်တစ်ချက်က ၁၂-၇-၂၀၁၂ ရက် ရုံးချိန်းတွင် ကျွန်မလက်မှတ်ထိုးခဲ့သော စာရွက်ပြောင်သည် ၂ ဖက်စလုံး စာလုံးများဖြင့် ပြည့်နေ၍ အကျိုးအကြောင်း ပြောသောအခါ တရားသူကြီးက နင်ကိုယ်တိုင် လက်မှတ်ထိုးခဲ့တာဟု ရန်တွေ့ပြောခဲ့ပါတယ်။၁၃-၇-၂၀၁၂ ရက် ရုံးချိန်းတွင်လည်း ဘာကိစ္စမှန်းမသိရဘဲ အခုချက်ချင်း အမိန့် ချရမလားဟု ပြောဆိုခံခဲ့ရပါသည်။ ယခုအချိန်ထိ မပြီးပြတ်သေးဘဲ ရှိနေပါသည်။ မြေစာရင်းဝန်ထမ်း ကိုယ်တိုင်ကလည်း ““ငါ့ကိုတိုင်လို့ အမြင်ကတ်လို့ မပေးတာ။ ဟိုမှာပေးစားမယ်”” ဟု ကျွန်မကို ပြော ခဲ့ပါသည်။

ကျွန်မသည် တရားရုံးဆိုလျှင် ကြောက်သွားပါပြီ။ ဒု-တရားသူ ကြီးတို့ကြောင့် တရားလိုမှ တရားခံအစစ် ထင်ခံရသလို ဒုက္ခခံစား နေရသည့်အတွက် ကျွန်မကဲ့သို့ သူတစ်ပါးကိုယုံကြည်ပြီး ငွေထုတ် ချေးပေးကြသောသူများ စိတ်ဒုက္ခမခံစားရစေရန် အယ်ဒီတာမှတစ်ဆင့် တင်ပြလိုက်ပါသည်။

မခင်အုန်းမြင့် (ကျိုက်လတ်မြို့နယ်) မြန်မာသံတော်ဆင့်



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>