Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မြန်မာနိုင်ငံ၏ သမ္မတအနေဖြင့် ပထမဆုံးအကြိမ် နိုဘယ်ဆုခန့်မှန်းထိပ်တန်း (၅)ဦးစာရင်းတွင် ဦးသိန်းစိန် ပါဝင်လာ

$
0
0
မနက်ဖြန်တွင် ကြေငြာမည့် ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် ခန့်မှန်းစာရင်းတွင် မြန်မာနိုင်ငံမှ သမ္မတကြီးဦးသိန်းစိန်အနေဖြင့် နံပါတ်(၅) နေရာမှပါဝင်လာခဲ့သည်။ သမ္မတကြီးအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်တိုးတက်မှုအပေါ်တွင် အဓိကလူပုဂ္ဂိုလ်အဖြစ် ပါဝင်ခဲ့သူဖြစ်သည်။

 မြန်မာနိုင်ငံ၏ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို ဖော်ဆောင်ရာတွင်အခြားနိုင်ငံများနှင့်မတူပဲညင်သာပျော့ပျောင်းစွာပြောင်းလဲနိုင်ခဲ့သဖြင့် မြန်မာ့ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို နိုင်ငံတကာက BurmaSpring/MyanmarSpringစံတစ်ခုအဖြစ်သတ်မှတ်သည်အထိ အောင်မြင်မှုများစွာရရှိအောင်ဆောင်ရွက်နိုင်ခဲ့သော နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သည်။ နိုင်ငံ၏ငြိမ်းချမ်းရေးဆောင်ရွက်မှုများတွင် အဓိကလက်နက်ကိုင်အဖွဲ့အစည်း (၁၁)ဖွဲ့အနက် (၁၀)ဖွဲ့ကိုတိုက်ရိုက်ထိတွေ့ဆက်ဆံနိုင်ခဲ့ပြီးလက်နက်ကိုင်လမ်းစဉ်ဘိုးအေဖြစ်သော KNU အဖွဲ့နှင့်လည်း ငြိမ်းချမ်းရေးစကားပြောနိုင်ခဲ့ပြီဖြစ်သည်။

ကျန်ရှိသည့်ကချင်လက်နက်ကိုင်အဖွဲ့(KIA)နှင့်ပါလက်တွဲလုပ်ဆောင်နိုင်ပြီဆိုပါက နိုဘယ်ဆုအတွက် သေချာသလောက်ဖြစ်နေပြီဖြစ်ကြောင်းကို "ကျွန်တော်တို့ လွန်ခဲ့တဲ့နှစ် ဆုပေးပွဲပြီးကတည်းက သမ္မတကြီး ဦးသိန်းစိန်က နိုဘယ်ဆုအတွက် အသံထွက်ခဲ့တာဒါပေမယ့်မမျှော်လင့်ဘဲကချင်အရေးကိစ္စက ပေါ်လာတော့ မျှော်လင့်ချက်အားနည်းသွားတယ်။ အခုထိလည်း စစ်ပွဲက မပြီးသေးတော့ သမ္မတကြီးအတွက် နိုဘယ်ဆုက မမျှော်လင့်ရဲသေးဘူး။ ဒါပေမယ့်ဒါကဆုပေးတဲ့သူတွေအပေါ်မှာမူတည်တယ်။ အောင်မြင်လို့ ပေးမှာလား? အောင်မြင်စေချင်လို့ ပေးမှာလား? ဆိုတာအပေါ်မူတည်တယ်။ ဒေါ်အောင်ဆန်းစုကြည်တုန်းကလဲ သူ့ရဲ့လုပ်ရပ်များများ မရှိသေးခင်မှာ သူလုပ်နိုင်အောင် အားရှိဖို့အတွက် နိုဘယ်ဆုပေးခဲ့တာလေ။ အခုလည်း ဒီလိုမဖြစ်နိုင်ဘူးလို့ တော့ ပြောမရဘူး။

အခုတစ်ခေါက်မရဘူးဆိုလည်း သမ္မတကြီးသာမြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေကို စဉ်ဆက်မပြတ်ဖေါ်ဆောင်နိုင်နေမယ် ဆိုရင် ဆုအတွက် သေချာပါတယ်။ အခုနိုင်ငံရေးအင်အားစုတွေကို လွှတ်တော်ထဲမှာ တရားဝင်ဆွေးနွေးနိုင်အောင်လုပ်ခဲ့သလိုမျိုး လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေကို လွှတ်တော်ထဲမှာ ဆွေးနွေးနိုင်အောင် လုပ်နိုင်ပြီဆိုရင် နိုဘယ်ဆုတင်မဟုတ်ဘဲ ကမ္ဘာ့ ပြည်သူပြည်သားတွေ အတွက် နိုင်ငံရေးမူဝါဒဖော်ဆောင်မှုပြုနိုင်တဲ့ ကမ္ဘာ့အမြင့်ဆုံးဆုတစ်ခုကို တီထွင်ပြီး ပေးအပ်ရမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီကိစ္စဟာ ပြောသလောက် မလွယ်တဲ့ ကိစ္စဖြစ်နေလို့ပါပဲ" ဟုလေ့လာသူကိုမျိုးညီညီကပြောကြားသွားပါတယ်။



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>