Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မြန်မာ့ပြုပြင်ပြောင်းလဲမှုများကို အင်တိုက်အားတိုက် ပံ့ပိုးကူညီရန်လို

$
0
0
၁၅.၁၀.၂၀၁၂နေ့ မနေ့ကစတင်၍ ရန်ကုန်မှ ဂျပန်နိုင်ငံ နာရီတာလေဆိပ်သို့ အသွားအပြန်တိုက်ရိုက်လေကြောင်းလိုင်းဖြစ် (ANA)ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ် တပတ်ကို အသွားအပြန် ၃ခေါက်ပြေးဆွဲပြီး ရန်ကုန်ကိုတိုက်ရိုက် ၇နာ၇ီခန့်ကြာမယ်လို့သိရပါတယ်...(Photo..Asahi shin bun)

(Yomiuri Shinbun မှ ၁၄ Oct 2012 ရက်စွဲပါ “Myanmar reforms need whole hearted support” သတင်းဆောင်းပါး ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ သို့ ဦးတည်ပြောင်းလဲကြိုးပမ်းမှုများကို အားပေးရန် စနစ် တစ်ခုတည်ဆောက်နေသည့် နိုင်ငံတကာ အသိုင်းအ၀ိုင်း ၏ အစီအစဉ် ကို အားလုံး က ကြိုဆို ထောက်ခံကြသည်။ မြန်မာနိုင်ငံသည် ယင်း၏ နိုင်ငံရေး၊စီးပွားရေး ပြောင်းလဲကြိုးပမ်းမှုများကို အရှိန်မြှင့်ရန် အတွက် အကူအညီများလိုအပ်နေပါသည်။

ကမ္ဘာ့ဘဏ် ၊ ADB စသော နိုင်ငံတကာ ငွေကြေးအဖွဲ့များ နှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ စုပေါင်း၍ မြန်မာနိုင်ငံ ဆိုင်ရာ အစည်းအဝေး ကို တိုကျိုတွင် ကြာသာပတေး နေ့က ကျင်းပခဲ့ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံက ပေးရန် အခြေအနေများကို ဇန်န၀ါရီလ တွင် အပြီးသတ်ရှင်းလင်းကာ နှစ်ပေါင်း ၂၀ကျော် ပြတ်တောက်နေသော ဖွံ့ဖြိုးရေးချေးငွေ ပြန်ပေးရန် မြီရှင် နိုင်ငံများက သဘောတူခဲ့ကြသည်။

မြန်မာနိုင်ငံမှ အများဆုံး ရရန်ရှိသော အကြီးဆုံးကြွေးမြီရှင် ဂျပန်နိုင်ငံက မြန်မာတို့ ပေးရမည့် ကြွေးဟောင်းဆပ်နိုင်အောင် ကူညီပေးရန် ဂျပန်နိုင်ငံ က ဆုံးဖြတ်ထားသည်။

မြန်မာတို့နှင့် ဆက်ဆံရေး တိုးတက်ရန် လိုလားခဲ့သော ဂျပန်နိုင်ငံက မြန်မာနိုင်ငံအား နိုင်ငံတကာ အသိုင်းအ၀ိုင်း က အင်တိုက်အားတိုက် ကူညီအားပေးနိုင်စေရန် လမ်းဖွင့်သွားအောင် ယခုလို စတင်အားထုတ်ခဲ့ခြင်း သည် အရေးပါသော ခြေလှမ်းတစ်ခုပင်ဖြစ်သည်။

တပ်မတော် အစိုးရ လက်ထက် လူ့အခွင့်အရေး ချိုးဖောက်ညှင်းပန်းမှုများကို တုန့်ပြန်အရေးယူသည့် အနေဖြင့် ဖွံ့ဖြိုးပြီး အင်အားကြီး နိုင်ငံများက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ ထားခဲ့ကြသောကြောင့် မြန်မာနိုင်ငံသည် ဒေသတွင်း အဆင်းရဲဆုံး နိုင်ငံဖြစ်ကာ အိမ်နီးချင်း အာဆီယံနိုင်ငံများ၏ နောက်တွင်အဝေးကြီး ပြတ်ကျန် နေရစ်ခဲ့သည်။

ကြီးကြီးမားမား အလားအလာ မည်သို့ပင်ဖြစ်စေ၊ မြန်မာအာဏာပိုင်များသည် ၂၀၁၂ တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးကာ ၂၀၁၁ နွေဦးတွင် တပ်မတော် အစိုးရကို ဖျက်သိမ်း၍ အရပ်ဖက်အစိုးရသစ်ထံ အာဏာတရားဝင်လွှဲပြောင်းခဲ့သည်။ ထို့နောက် ပိုင်းတွင် သမ္မတ သစ်ဦးသိန်းစိန် ဦးဆောင်သော အစိုးရက ဒီမိုကရေစီ ပြောင်းလဲရေးကို အရှိန်မြှင့်ခဲ့သည်။

ယင်းသို့သိသိသာသာပြောင်းလဲ သွားမှုကို နိုင်ငံတကာအသိုင်းအ၀ိုင်းကချီးကျူးခဲ့ကြပြီး မြန်မာနိုင်ငံသည်လည်း နိုင်ငံတကာ ချေးငွေ များပြန်ရမည့် ကတိက၀တ်များကို ဆွတ်ခူးနိုင်ခဲ့သည်။

လူဦးရေ သန်း၆၀ နှင့် အတူ သယံဇာတ ကြွယ်ဝလွန်းသော အာရှ၏ နောက်ဆုံးပေါ် ဈေးကွက်သစ် မြန်မာနိုင်ငံသည် စီးပွားရေး မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးလာမည် ဟူသော မျှော်လင့်ချက်များ တိုးပွားလာသည်။

ADB ဥက္ကဌ ဟာရုဟိကို ကိုရိုဒါက “မြန်မာနိုင်ငံသည် ပြည်တွင်းပြုပြင်ပြောင်းလဲမှုများကို ထိထိရောက်ရောက် တိုးတက်မှု ရှိအောင် လုပ်ဆောင်နိုင် ပါက အခြားအာဆီယံ နိုင်ငံများကို ၅နှစ်မှ ၁၀နှစ်အတွင်း လိုက်မှီနိုင်သည်” ဟု သုံးသပ်ပြောကြားသည်။ မြန်မာစီးပွားရေး ဖွံ့ဖြိုးမှု သည် ဖွံ့ဖြိုးပြီး အင်အားကြီး နိုင်ငံများထံမှ ငွေကြေးအကူအညီ နှင့် ရင်းနှီးမြုပ်နှံ မှုများဒ ကျားကန် ပံ့ပိုးပေးမှုဖြင့် အရှိန်မြင့်လာဖွယ်ရှိပါသည်။

အခြေခံ အဆောက်အဦး စနစ် တည်ဆောက်ခြင်းသည် သော့ချက်

မြန်မာနိုင်ငံ ရင်ဆိုင်နေရသော အဓိကစိန်ခေါ်မှုများမှာ လျှပ်စစ်ဓါတ်အား၊ ကားလမ်း၊ ရထားလမ်း ၊ စသော အခြေခံ အဆောက်အဦးစနစ် ဆိုးဝါးနိမ့် ကျခြင်း၊ ပညာရေး ကျန်းမာရေး နှင့် အခြားလူမှု ၀န်ဆောင်မှုများ မလုံလောက်ခြင်း တို့ပင်ဖြစ်သည်။ ဂျပန်နိုင်ငံက မြန်မာသို့ ပေးမည့် ချေးငွေများကို အခြေခံ အဆောက်အဦးစနစ် ဖွံ့ဖြိုးစေရေးအတွက် နည်းပညာနှင့် ရုပ်ဝတ္ထု ပစ္စများ ဖြည့်ဆည်ပေးရာတွင် အသုံးပြုရန် ရည်မှန်းထားသည်။

ဂျပန်ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများနှင့် ကုမ္ပဏီများမှာ မြန်မာနိုင်ငံတွင် စီမံကိန်းများ စတင်နေကြပြီး ဖြစ်သည်။ မြန်မာ့အထူးစီးပွားရေးဇုံများ ဖွံ့ဖြိုး လာစေရန် ယင်းကုမ္ပဏီများနှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်သွားရန် ဂျပန်အစိုးရက ဆုံးဖြတ်ထားသည်။

ဂျပန်ကုမ္ပဏီ များအတွက် မြန်မာနိုင်ငံသည် ထုတ်လုပ်မှု အခြေစိုက်နေရာသစ် ဖြစ်လာရန် အလားအလာ ကောင်းနေသည်။ ထို့အတွက် လူထုနှင့် ပုဂ္ဂလိက ကဏ္ဍများအကြား ပူးပေါင်း ဆောင်ရွက်မှု အားကောင်းဖို့လိုသည်။ မြန်မာနိုင်ငံသည် ယင်း၏ အဓိကစီးပွားဖက် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ခိုင်မာမှု ရှိသော်လည်း ဘီဂျင်း၏ သြဇာဖြန့်ကျက်မှုကို စိုးရိမ်ပူပန် နေပုံရ သည်။

ဤအခြေအနေတွင် မြန်မာနိုင်ငံ အပေါ် ဂျပန်တို့၏ အင်တိုက်အားတိုက် ကူညီပံ့ပိုးမှုများက ဒေသတွင်း သြဇာလွှမ်းမိုးရန် ကြိုးစားနေသော တရုတ် နိုင်ငံကို ဘရိတ်အုပ် ပေးနိုင်ဖွယ်ရှိကြောင်း တစေ့တစောင်း တင်ပြလိုက်ပါသည်။

Yangon chronicle



Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>