Quantcast
Viewing all articles
Browse latest Browse all 32865

အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် စကားစစ်ထိုးပွဲနှင့် ပြုပြင်ပြောင်းလဲရမည့် မြန်မာ့အရေး

မနေ့ က အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် စကားစစ်ထိုးပွဲမှာ သမတဘရက်ခ် အိုဘားမားက သူ့ပြိုင်ဖက် ရီပတ်ပလင်ကန် သမ္မတလောင်း Mitt Romney ကို ပြန် ဦးဆောင် တိုက်ခိုက်ခဲ့ပါသည် ။ မန်ဆာချုးဆက်ပြည်နယ် အုပ်ချုပ်ရေးမှုးဟောင်း မစ် ရွန်မနီကလည်း ပြန်ပြီး ပြင်းပြင်းထန်ထန် ခုခံခဲ့ပါသည် ဆိုသောသတင်းကို အင်တာနက် သတင်း စာမျက်နှာများမှာ တွေ့ ရသည့် အပြင် မနေ့ ညက တီဗီမှ သူတို့ နှစ်ဦး၏ debate စကားစစ်ထိုးပွဲကို ကိုယ်တိုင် တိုက်ရိုက်ကြည့်လိုက်ရသောအခါ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲမှတက်လာမည့် အနာဂတ် အမေရိကန် သမ္မတလောင်းကို လေးစားမိသလို လူထုမှ တိုက်ရိုက်မေးမြန်းသော မေးခွန်းများကို အချိန်အကန့် အသတ် တစ်ခုအတွင်း နှစ်ဦးစလုံးမှ ပါတီ၏ မူဝါဒများ ဆုပ်ကိုင်ပြီး တိကျမှန်ကန်စွာ ပြန်လည်ချေပ ဆွေးနွေးခြင်းသည်ပင် လွတ်လပ်ပွင့်လင်းသော ဒီမိုကရေစီ၏ အနှစ်သာရတစ်ခုအဖြင့် မျက်ဝါးထင်ထင် မြင်တွေ့ လိုက်ရပါသည် ။

လာမည့် နိုဝင်ဘာလ ရွေးကောက်ပွဲမှ တက်လာမည့် အမေရိကန် သမ္မတလောင်းကို အမေရိကန်ပြည်သူများ အပါအ၀င် တမ္ဘာလုံးမှ စိတ်ဝင် တစား စောင့်ကြည့်နေကြသည် ။ အရွေးချယ်ခံမည့် သမ္မတ လောင်း နှစ်ဦး၏ စကားစစ် ထိုးပွဲကိုလည်း စိတ်ဝင်တစား လေ့လာ သုံးသပ် အကဲခတ်သူများလည်း ကမ္ဘာအ၀ှမ်း ဒုနဲ့ ဒေးရှိပါသည် ။ အဘယ်ကြောင့် ဆိုသော် အမေရိကန်၏ စီးပွားရေး ၊ နိုင်ငံရေး မူဝါဒများသည် ကမ္ဘာ့နိုင်ငံ အသီးသီးနှင့် တစ်နည်းမဟုတ် တနည်း ဆက်နွယ်ပတ်သက်နေသောကြောင့် ဖြစ်ပါသည် ။

၎င်းတို့ နှစ်ဦး၏ စကားစစ်ထိုးပွဲများမှစိတ်ဝင်စားဖွယ် အချက်တစ်ချို့ ကို ကောက်နှုတ် တင်ပြ ဆွေးနွေးလိုပါသည် ။ ယခုအခါတွင် အမေရိကန်နိုင်ငံတွင် အလုပ်လက်မဲ့ ၂၃ သန်းမျှရှိနေပြီး လစဉ် အလုပ်သမား ( ၈ )သောင်း ၀န်ကျင်လောက် အလုပ်လက်မဲ့ ဖြစ်နေမှုအပေါ် သုံးသပ်ဆွေးနွေးကြပါသည် ။

အမေရိကန်နိုင်ငံ၏ အလုပ်လက်မဲ့ စာရင်းစစ်တမ်းအရ ၂၀၀၉ခု နှစ်ဆန်းပိုင်းမှ စတင်ကာ အမေရိကန်နိုင်ငံတွင် အလုပ်လက်မဲ့ ဦးရေမှာ ( ၄ ) သန်းကျော်ရှိပါသည် ။ ဒါပေမဲ့ နှစ်စဉ် နိုင်ငံတကာမှ အလုပ်သမားပေါင်း ၁၂၅၀၀၀ ကို လစဉ်ခေါ်ယူနေသည်ဟု ၄င်းစစ်တမ်းအရသိရပါသည် ။ ၂၀၀၉ ဇွန်လ စစ်တမ်းအရ အမေရိကန် လူမျိုး ၂၆ သန်းနီးပါးသည် အလုပ်လက်မဲ့ ဖြစ်နေပြီး အချိန်ပိုင်း part time လုပ်ကိုင်မှုများရှိသလို လုပ်ငန်းခွင်မှ လုံးဝ ထွက်ခွာသွားရသူများရှိသည် ဟုဆိုပါသည် ။ ဆိုလိုသည်မှာ အမေရိကန် နိုင်ငံ၏ ပြည်တွင်း စီးပွားရေးမှာ ကျဆင်းလျက်ရှိပါသည် ။

သို့ အတွက် ကြောင့် သမ္မတလောင်း ( ၂ ) ဦး၏စကားစစ် ထိုးပွဲတွင် အမေရိကန် နိုင်ငံ ၏ အလုပ်လက်မဲ့ ပြဿနာကို အဖြေရှာမည့် အရေးသည် သေရေးရှင်ရေးတမျှ အရေးကြီးသကဲ့သို့  ဆွေးနွေးသွားသည်ကို တီဗွီ ဖန်သားပြင်တွင် တွေ့ မြင်လိုက်ရပါသည် ။ သို့အတွက် ကြောင့် ရီပတ်ပလင်ကန် သမ္မတလောင်း Mitt Romneyမှ စကားစစ်ထိုးပွဲတွင် နောင်လာမည့် ( ၄ ) နှစ်အတွင်း အလုပ်အကိုင် ( ၁၂ ) သန်းဖန်တီးသွားမည် ဟု ဆွေးနွေးပြောဆို သွားခဲ့သည် ။တစ်ဆက်တည်းမှာပင် အခွန်အကောက် ကိစ္စရပ်များကို ဘယ်လို ကိုင်တွယ် ကြမည့်အရေးအပြင် ပြည်တွင်းသို့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာစေရန် မည်သို့ မည်ပုံအဖြေရှာကြမည်ကို ဝေဖန် သုံးသပ်မှုများကလည်း စကားစစ်ထိုးပွဲကို ပိုမို စိတ်ဝင်စားစေပါသည် ။ ထိုအထဲမှ မှတ်သားစရာ တစ်ချက်မှာ အမေရိကန် ပြည်တွင် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြား ကုမ္မဏီများအနေဖြင့် အခွန်ငွေ ( ၃၀ ) %ပေးဆောင်ရမှာဖြစ် ပေမည့် ကနေဒါတွင် မူ ( ၁၅ ) %သာ အခွန်ပေးဆောင် ရကြောင်း စကားစစ်ထိုးပွဲမှာ ထည့်သွင်း ပြောကြားသွားတာ တွေ့ ရပါသည် ။

သို့ အတွက်ကြောင့်လည်း အမေရိကန် နိုင်ငံထက် အခွန်သက်သာသော ကနေဒါနိုင်ငံတွင် အမေရိကန်မှ ကားကုမ္မဏီများ အပါအ၀င် High Tech ဆက်သွယ်ရေး ကုမ္မဏီများကို တွေ့ မြင်နေရခြင်းဖြစ်ပါသည် ။

သို့ သော် တခြားတဖက်တွင် တရုပ်နိုင်ငံ လို အလုပ်သမား ဈေးပေါမှုများသည် အမေရိကန်မှ ကုမ္မဏီ အများအပြားကို တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများဖြစ်ပေါ်စေသည့် အကြောင်းအရင်းဖြစ်သလို မညီမျှသည့် တရုတ်ငွေကြေးစနစ်ကြောင့်လည်း ကုန်သွယ်မှုတွင် ချိန်ခွင် ရှာ မညီ မျှမှုကို ဖြစ်ပေါ်နေကြောင်းလည်း စကားစစ်ထိုးပွဲမှာ သမ္မတ နှစ်ဦးမှ အပြန်အလှန် ပြောဆို သုံးသပ် လျက် တစ်ဦးကိုတစ်ဦး အကြိတ်အနယ် တိုက်ခိုက်ခဲ့ကြပေသည် ။

သမတဘရက်ခ် အိုဘားမားသည် ၂၀၀၈ခု သမ္မတရွေးကောက်ပွဲတွင် ဂတိပေးခဲ့သည့် အတိုင်း အမေရိကန် စစ်တပ်ကို အီရတ်မှ ရုတ်သိမ်းပြီးသည့်အပြင် အကြမ်းဖက် အဖွဲ့ ခေါင်းဆောင် ဘင်လာဒင်ကို ပင် အသေဖမ်းဆီးမိခဲ့ကြောင်းပြောကြားခဲ့ပါသည် ။ ထိုအချိန်တွင် သမ္မတလောင်း Mitt Romneyမှ ဝေဖန်ပြောဆိုသည်မှာ မကြာသေးမီက လစ်ဗျားတွင် ဖြစ်ပွားခဲ့သော အမေရိကန် သံအမတ်အပါအ၀င် အမေရိကန် ( ၄ ) ဦး လုပ်ကြံ သတ်ဖြတ်ခံရမှုတွင် သမ္မတ အိုဘားမားမှ ချက်ချင်းတုံ့ ပြန်မှု မပြုပဲ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများဖြင့် သာ အချိန်ကုန်နေကြောင်း စွပ်စွဲပြောဆိုခဲ့ပါသည် ။ Mitt Romneyမှ အိုဘားမားအပေါ် ယခင် ဝေဖန်ပြောဆိုမှုများတွင်လည်း သူ့ သမ္မတ ရွေးကောက်ပွဲကို အလုပ်နှင့် စတင်မှာ ဖြစ်ပြီး အိုဘားမားကတော့ တောင်းပန်မှုဖြင့် စတင်မည် ဟု မဲဆွယ်စည်းရုံးရေး ခရီးများတွင် ပြောကြားခဲ့ပေသည် ။ ဆိုလိုသည်မှာ သူ့ အနေဖြင့် အမေရိကန်ပြည်သူပြည်သားများအတွက် အလုပ်အကိုင်သစ်များဖန်တီးပေးမှာ ဖြစ်ပြီး အိုဘားမားအနေဖြင့်မူနိုင်ငံခြား တိုင်းပြည်များ နှင့် နိုင်ငံတကာ ခေါင်းဆောင်များသည် အမေရိကန်ကို တစ်စုံတရာ မကြိုက်နှစ်သက်သည့် အပေါ်သူ နားလည်ပါသည်ဟု အချက်ပြသည့်နည်းလမ်းကို သုံးကြောင်း နှင့် အမေရိကန်ကို မလိုလားသူများက အမေရိကန် အလံများကို ကမ္ဘာ တ၀ှမ်းတွင် မီးရှို့ သည့်အပေါ်နားလည်ပါကြောင်း အိုဘားမား၏ စကားလုံးများသည် သနားကြင်နာဟန်ပြသနေကြောင်း Mitt Romneyမှ အိုဘားမားအပေါ် ယခင် ဝေဖန်ပြောဆိုမှုများလည်းရှိခဲ့ပေသည် ။

အမေရိကန်နိုင်ငံ၏ ရေနံထုတ်လုပ်မှုသည် ၁၄ % ကျဆင်းခဲ့ ခြင်းအပေါ် စကားစစ်ထိုးခြင်းသည်လည်း စိတ်ဝင်စားဖွယ်ဖြစ်ခဲ့သည် ။ အမေရိကန်သည် ဂျော့ဘုရှ် လက်ထက်ကလို ရေနံထုတ်လုပ်မှုကို အီရတ် ၊ ဗင်နီဇွဲလားတို့ ကဲ့သို့ သော နိုင်ငံများနှင့် နိုင်ငံရေး စီးပွားရေး အရ ပတ်သက်နေမှုများအပေါ် မှီခို သည့် အသွင်ဆောင်ထားသော ပေါ်လစီကို သုံးသပ်ဆွေးနွေးသလို တခြားတစ်ဖက်တွင်လည်း လောင်စာဆီ စား သက်သာသော ကားထုတ်လုပ်မှုအပါအ၀င် ကျောက်မီးသွေး ၊ သလာဝဓာတ်ငွေ့  ၊ လေ စွမ်းအင်များကို ထုတ်ယူ သုံးစွဲသွားမည်ဟု ဆွေးနွေးမှုများလည်းပါဝင်ပါသည် ။အမေရိကန်နိုင်ငံသို့  တရားမ၀င်ခိုးဝင်လာ သူများအပေါ် ပြဌာန်းရမည့် ဥပဒေအပါအ၀င် အမျိုးသမီးရေးရာ ကိစ္စ နှင့်ကျန်းမာရေး ၊ ပညာရေး ကိစ္စရပ်များကို လည်း စကားစစ်ထိုးခဲ့ကြပါသည် ။ အစိုးရကိုယ်တိုင်က ဘဏ်များနှင့် ဆက်စပ်ပြီး တက္ကသိုလ် ကော လိပ် ကျောင်းသားများအတွက် အတိုးနှုန်းနဲပါးစွာဖြင့် ကျောင်းပညာသင် စားရိတ် ချေးငွေသည် လည်း အထူးစိတ်ဝင်စားဖွယ်ဖြစ်ပါသည် ။

ကနေဒါနိုင်ငံတွင်လည်း အခမဲ့ ကျန်းမာရေး စနစ်အပြင် တက္ကသိုလ် ကော လိပ် ကျောင်းသားများအတွက် အတိုးနှုန်းနဲပါးစွာဖြင့် ကျောင်းပညာသင် စားရိတ် ချေးငွေကို ဖန်တီးထားပါသည် ။ ဘွဲ့ ရပြီး အလုပ်အကိုင် ရမှ ၄င်းချေးငွေကို ပြန်ဆပ်ရန် လိုအပ်ပါသည် .။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း က အမေရိကန် ပြည်ထောင်စုသို့ အလည်အပတ် ရောက်ရှိခဲ့ကြသော သမ္နတ ဦးသိန်းစိန် နှင့် မြန်မာ့ဒီမို ကရေစီခေါင်းဆောင်ဒေါ်ငောငဆန်းစုကြည် တို့ ၏ အမေရိကန်ခရီးစဉ်သည် အမေရိကန် မြန်မာ ဆက်ဆံရေးကို အခန်းသစ် ဖွင့်လှစ်နိုင်ခဲ့ပါသည် ။ အမေရိကန်နိုင်ငံမှ မြန်မာပြည်အပေါ်ထားရှိသော စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ မှုများကို ရုတ်သိမ်းပေးခဲ့သလို မြန်မာပြည်တွင် လူ့ အခွင့်အရေးချိုးဖောက်မှုများ မရှိတော့ပါက အမေရိကန် မြန်မာ စစ်ရေးလေ့ကျင့်မည့် အရိပ်အယောင်များပင်ရှိကြောင်း သတင်းများကဆိုပါသည် ။

ဒီနေရာတွင် မြန်မာ့အရေးကိုကြားဖြတ် ဆွေးနွေးလိုသည်မှာ အမေရိကန် နိုင်ငံလို နှစ်ပေါင်းများစွာ ဒီမိုကရေစီနှင့် ကျင့်သားရနေသော တိုင်းပြည်သည် ပင်လျှင် အဖက်ဖက်တွင် ကောင်းသထက်ကောင်းအောင် ပြုပြင် ပြောင်းလဲ ပြင်ဆင်စရာများ တပုံတပင်ရှိပါသည်။ မြန်မာနိုင်ငံ လို ဒီမိုကရေစီကို စတင်လေ့ကျင့်သော တိုင်းပြည်တွင်မူ ဒီထက်မက များပြားလှစွာ ပြုပြင်ပြောင်းလဲစရာများရှိနေခြင်းအပေါ် ဓမ္မဓိဌာန်ကျကျ ရှုမြင်ရပေမည် ။

မြန်မာပြည်တွင် လူထုနှင့် တိုက်ရိုက်ပတ်သက်နေသော စီးပွားရေး ၊ပညာရေး ၊ ကျန်းမာရေး အပါအ၀င် အလုပ်အကိုင်သစ် ဖန်တီးမှုများ ၊ ပွင့်လင်းမြင်သာသော စီးပွားရေး ရင်းနှီးမြှုပ်နှံ မှုနှင့် တိုင်းပြည် အခွန်အကောက်များ ၊တရားမ၀င် ၀င်လာသူများအတွက် ဥပဒေသများ ၊ နိုင်ငံတကာနှင့် ဆက်ဆံမည့် သံတမန်ရေး ၊ နိုင်ငံခြားရေးမှုဝါဒများ အပြင် လူထုကို မတရားဖိနှိပ်သော မတရားဥပဒေသများပြင်ဆင်ခြင်း ၊ဖွဲ့ စည်ုးအုပ်ချုပ်ပုံ အခြေခံ ဥပဒေပြင်ဆင်ရေးဆွဲရေး ၊ ပြည်တွင်းငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ် ရင်ကြားစေ့ရေး ကိစ္စရပ်များသည် သဘောထားကြီးကြီးဖြင့် ကိုင်တွယ်ဖြေရှင်း ရမည့် ကိစ္စရပ်များဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည် ။

အောင်ခိုင်မြင့်
၁၈ အောက်တိုဘာ ၂၀၁၂
ကိုးကား
http://www.democratichub.com/debate/4678.aspx?o=pv&gclid=CJmi96D3ibMCFdEWMgodawoAjg
http://www.taxback.com/usa-foreign-companies.asp
https://www.numbersusa.com/content/learn/issues/american-workers/americas-jobless-statistics.html

Image may be NSFW.
Clik here to view.

Image may be NSFW.
Clik here to view.


Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>