Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မစုစုနွေးက နိုင်ငံလုံးဆိုင်ရာ လယ်သမားသမဂ္ဂဖွဲ့နိုင်ရန်ကြိုးပမ်းမည်

$
0
0
လယ်သမားများ၏ အခွင့် အရေးများကိုကာကွယ်ပေးနိုင် သော နိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂကြီးပေါ်ပေါက် လာအောင် ဆောင်ရွက်လျက်ရှိ ကြောင်း တောင်သူလယ်သမား သမဂ္ဂအဖွဲ့ငယ်များအား ရပ်/ကျေး အဆင့်မှ စတင်ပြီးဖွဲ့စည်းနေ ကြောင်း မုံရွာမြို့သို့ရောက်ရှိနေ သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လူငယ်အဖွဲ့ဝင် မစုစုနွေးက ပြောကြားခဲ့သည်ဟုသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် ကျေးရွာအုပ်စုများစု ပေါင်း၍ တောင်သူလယ်သမား သမဂ္ဂအဖွဲ့ငယ် ၁၀ဖွဲ့ကို ဖွဲ့စည်း နိုင်ခဲ့ကြောင်း၊လယ်သမားဦးရေ အယောက်(၃၀)ရှိလျှင် အဖွဲ့ဖွဲ့ နိုင်ကြောင်း၊၀င်ခွင့်လျှောက်လွှာ များကို မည်သူမဆိုဝင်ခွင့်ပေး ထားကြောင်း၊လယ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော် အစိုးရထံသို့ တင်ပြသွား မည်ဖြစ် ကြောင်း၊တောင်သူလယ်သမားများ ၏ အခွင့်အရေးကိုကာကွယ်သည့် သင်တန်းများ ၊တောင်သူလယ်သမား များ သိသင့်သိထိုက်သည့်ဥပဒေများအားကျွမ်းကျင်သူများနှင့်တိုင်ပင်ကာပို့ချသွားမည်ဖြစ်ကြောင်း၊ ရှေးနိုင်ငံရေးသမားကြီးများလည်း တောင်သူလယ်သမားများကို ကာကွယ်၍ တောင်သူလယ်သမား သမဂ်္ဂဖွဲ့ခဲ့ဖူးကြောင်း၊ ၁၉၃၉ခုနှစ် က မြန်မာနိုင်ငံတွင် ပထမဆုံးပေါ် ပေါက်ခဲ့သည့် ဗမာနိုင်ငံလုံးဆိုင် ရာ တောင်သူလယ်သမားအစည်း အရုံး(ဗတလစ)ကို သခင်မြက ဥက်္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီးသခင် အောင်ဆန်း၊သခင်သန်းထွန်းတို့ကအမှုဆောင်များအဖြစ်ပါဝင်ကာလွတ်လပ်ရေးကြိုးပမ်းရာတွင် ရှေ့တန်းမှညီညွတ်စွာ ပါဝင်ခဲ့ကြ ကြောင်း သိရသည်။

““တောင်သူတွေက တောရိုင်း မြေတွေကို ခုတ်ထွင်ရှင်းလင်းပြီး ဓာမဦးချလုပ်ကိုင်ခဲ့ကြတယ်။မြေ တွေကောင်းလာတော့ ကုမ်္ပဏီ တွေက သူတို့ပိုင်တယ်ဆိုပြီးပြော လာတယ်။တောင်သူတွေကဆီက လယ်တွေသိမ်းတယ်။ဥပဒေအရ တရားစွဲခံရတဲ့ တောင်သူတွေ တရားရုံးမှာ ရင်ဆိုင်နေရတယ်”” ဟု မစုစုနွေးက ပြောသည်။ မြင့်မြတ်ကြည်(Hot news weekly သတင်းဂျာနယ်



Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>