Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လက်ပန်တောင်းတောင် ပြည်သူ့ညီလာခံ ဒုတိယနေ့ ထုတ်ပြန်ချက်များကို လူထုနှင့် အဖွဲ့အစည်းပေါင်းစုံ အင်အား ၅၀၀၀ ခန့်မှ အခုလို အတည်ပြု။

$
0
0
Photo..Aung nay myo facebook
  လက်ပန်တောင်းတောင် ပြည်သူ့ညီလာခံကြီးမှ အတည်ပြု ဆုံးဖြတ်ချက်များ
၁။       လက်ပန်တောင်းတောင်ကြေးနီစီမံကိန်း လုံးဝ ရပ်တန့်ပေးရန်
၂။       နိုင်ငံတော် သမတကြီးဦးသိန်းစိန်၏စကားအရ ၁၈၂၄-ခုနှစ်မှစ၍ နှစ်ပေါင်း (၁၀၀)ကျော် နေထိုင်လာခဲ့ သော ဘင်္ဂလီလူမျိုးများအား မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုကာ နိုင်ငံသားအခွင့်အရေးများ အပြည့်အ၀ ပေးရန်နှင့် ယခုလက်ရှိကာလတွင် တရားမ၀င်ခိုးဝင်လာသော ဘင်္ဂလီများအား ဘင်္ဂလားဒေ့ရှ် သို့မဟုတ် တတိယနိုင်ငံများသို့ ပို့ဆောင်ပေးရန်
၃။       ကချင်ပြည်နယ်တွင် စစ်ရပ်စဲရေးကို ချက်ချင်းရပ်ပြီး တန်းတူညီမျှသော တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာရန်
၎။       ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရန်
၅။       တိုင်းရင်းသားဒေသများတွင် စစ်အင်အားမတိုးချဲ့ရန်
၆။       နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ ဖြေရှင်းရန်
၇။       လယ်ယာမြေများ မတရားသိမ်းပိုက်နေမှုများ ချက်ချင်းရပ်ရန်
၈။       လယ်သမားများ၏ ဘ၀ကို အာမခံသည့် လယ်ယာမြေဥပဒေနှင့် မြေလွတ်မြေရိုင်းဥပဒေ ပေါ်ထွက် လာစေရန်
၉။       ဒေသခံတောင်သူလယ်သမားများ၏အကျိုးကို အာမခံသည့် မျှတသည့် အင်းလုပ်ငန်း ဥပဒေ ပေါ်ထွက် လာရန်
၁၀။     လွတ်လပ်သော တောင်သူလယ်သမား သမဂ္ဂများပေါ်ထွန်းလာရန်
၁၁။       အလုပ်သမားများ၏ အကျိုးစီးပွားကို ကာကွယ်သည့်အလုပ်သမား ဥပဒေများ ပေါ်ထွက်လာရန်
၁၂။       လွတ်လပ်သော အလုပ်သမား သမဂ္ဂများပေါ်ထွက်လာရန်
၁၃။       အလုပ်သမားထုအပေါ် မတရားဖိနှိပ် ဂုတ်သွေးစုပ်နေမှုများ အားလုံးရပ်တန့်ရန်
၁၄။       အလုပ်သမားများ၏ စားဝတ်နေရေးကို လုံလောက်သည့် အနှိမ့်ဆုံးအခြေခံလစာကို အမြန်ဆုံး သတ်မှတ် ပြဌာန်းရန်
၁၅။       အစိုးရ တိုက်ရိုက်အုပ်ချုပ်မှုမှ ကင်းလွတ်ပြီး သီးခြားလွတ်လပ်သည့် တက္ကသိုလ်များ ပေါ်ထွက်လာစေ မည့် ကျောင်းသားထု အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်သော ကျောင်းသားကိုယ်စားလှယ်များ ပါဝင်ခွင့် ရရှိစေမည့် ပညာရေးလွတ်လပ်ခွင့် အခွင့်အရေးကို လမ်းဖွင့်ပေးနိုင်မည့် ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ရည်တည်ဖွဲ့စည်းခွင့်ကို ရရှိစေနိုင်မည့် ဒီမိုကရေစီနည်းကျ တက္ကသိုလ်များဥပဒေတစ်ရပ် အမြန်ဆုံးပေါ်ထွက်ရေး
၁၆။       ကျောင်းသားသမဂ္ဂအဆောက်အအုံ တရားဝင်ပြန်လည်တည်ဆောက်ပေးရန်
၁၇။       မြန်မာနိုင်ငံတ၀ှမ်းလုံးတွင် ဖြစ်ပေါ်နေသည့် ပြည်သူလူထု ရင်ဆိုင်နေရသည့် ပြဿနာများကို လွတ်တော်များနှင့် အစိုးရတို့ မှ တရားမျှတစွာနှင့်ထိရောက်စွာ အမြန်ဆုံးဖြေရှင်းပေးရန်
၁၈။       လက်ပန်တောင်းတောင်စီမံကိန်းကို လွတ်လပ်သော ပြည်သူ့ကော်မရှင် တစ်ရပ်ဖွဲ့ ၍ စုံစမ်းစစ်ဆေး ပေးရန်
၁၉။       နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်ပေးရန်
၂၀။       ၁၉၅၀-ခုနှစ် အရေးပေါ် စီမံချက် အက်ဥပဒေ ပုဒ်မ ၅(ည) ကိုဖျက်သိမ်းရန်
၂၁။       ဆန္ဒပြခွင့်ဥပဒေ နည်းဥပဒေများ ပြင်ဆင်ရန်
၂၂။       အမျိုးသမီးများနှင့် ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်သည့် နိုင်ငံတကာ အဆင့်မီ ဥပဒေ တစ်ရပ်ပေါ်ထွက်ရန်
၂၃။       နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ချိုးဖောက်သည့် ကြေညာချက်များ ထုတ်ပြန်နေခြင်းများကို တရုတ်နိုင်ငံ တာဝန်ရှိသူများက ချက်ချင်းရပ်ရန်
၂၄။       အမျိုးသမီးများကို အမျိုးသားများနှင့် တန်းတူအခွင့်အရေးရရန်
၂၅။       သဘာဝပတ်ဝန်းကျင်နှင့် အမျိုးသားယဉ်ကျေးကို ထိန်းသိမ်းရန်
၂၆။       တိုင်းရင်းသားပြည်သူတရပ်လုံး လက်ခံနိုင်သည့် ဒုတိယ အကြိမ်ပင်လုံညီလာခံကြီး အမြန်ဆုံး ခေါ်ယူကျင်းပပေးရန်

ဂါမဏိ 



Viewing all articles
Browse latest Browse all 32865

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


သီးမခံနိုင်တဲ့အဆုံး လင်ယောက်ျားရဲ့ ငယ်ပါကို ညှစ်ပြီးသတ်လိုက်တဲ့ ဇနီး


မိန်းကလေး အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ အသုံးပြုနိုင်တဲ့အချက် (၈) ချက်


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>