Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မြန်မာနဲ့ထိုင်း နိုင်းယှဉ်ကြည့်တဲ့အခါဝယ် ( လီကွမ်ယု )

$
0
0
မြန်မာနှင့်ထိုင်းဟာ နယ်မြေ အကျယ်အဝန်းရော လူဦးရေ စာရင်းအရပါ နီးနီးစပ်စပ် တူညီပါတယ်။ ဒါ့အပြင် ( ၁၉၆၀ ) လွန်နှစ်များအထိ စီးပွားရေးဖွံ့ဖြိုး တိုးတက်နှုန်းလဲ မတိမ်းမယိမ်းပါပဲ။

( ၁၉၆၂ )ခုနှစ် ဗိုလ်ချူပ်နေဝင်း စစ်အာဏာ သိမ်းပြီးတဲ့နောက်မှာတော့ ဆိုရှယ်လစ်အမည်ခံ စစ်အစိုးရနဲ့အတူ စီးပွားရေးဘက်မှာပါ တံခါးပိတ်ဝါဒကျင့်သုံးခဲ့ပါတယ်။ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်ခဲ့ပြီးဆယ်စုနှစ်ပေါင်းများ စွာ အကူအညီပေးခဲ့တဲ့ အိန္ဒိယနိုင်ငံနဲ့ပါ ခပ်ကင်းကင်းနေခဲ့တယ်။

( ၁၉၈၈ ) ဥိးနေဝင်း အစိုးရအဖွဲ့ နူတ်ထွက်သွားပြီးတဲ့နောက်မှာ စစ်အစိုးရဟ အာဏာမှာ မြဲကျန်ခဲ့ပါတယ် ။ တစ်ချိန်တည်းလိုလိုမှာပဲ ထိုင်းဘက်မှာလဲ စစ်အာဏာသိမ်းမှူတွေ ဖြစ်ပွားခဲ့ပါတယ်။

မြန်မာပြည်နဲ့ မတူတာကတော့ ထိုင်းက စစ်ခေါင်းဆောင်တွေဟာခြားနားတဲ့ စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့တာပါပဲ။ ထိုင်းဟာ ဈေးကွက်၏စီးပွားရေးစနစ် ကိုဖေါ်ဆောင်ခဲ့ပြီး နိုင်ငံပေါင်းစုံက ရင်းနှီးမြူပ်နှံမှူပေါင်းစုံကို ဖိတ်ခေါ်ခဲ့ပါတယ်။ ပြီးတော့ အင်္ဂလိပ်အုပ်ချူပ်မှူလက်အောက်ကတည်းက ရောက်ရှိနေတဲ့ တရုတ်ရွေ့ပြောင်း အလုပ်သမားတွေကို အသုံးချခဲ့တယ်။

အခုအချိန်မှာတော့ ထိုင်းနိုင်ငံဟာ ထုန်ကုန်အများဆုံး အာရှနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်နေပါပြီ။ မြန်မာနိုင်ရဲ့တံခါးပိတ်ဝါဒကြောင့် တစ်ဦးချင်းဝင်ငွေ နဲ့ ပြည်တွင်း အသားတင် ထုတ်ကုန်တန်ဖိုးခြင်း ( ဂျီဒီပီ )အချိုးကိုနှိုင်းယဉ်လျှင် ထိုင်းနိုင်ငံနောက်များ စွာ နောက်ကျကျန်ခဲ့ပါတယ်။

( ၁၉၈၀ ) ခုနှစ်မှာ မြန်မာနိုင်ငံသားတွေက ( ၁၇၂ ) ဒေါ်လာနဲ့ ထိုင်းနိုင်ငံသားတွေက ( ၁,၀၆၀ ) ဒေါ်လာဖြစ်ပါတယ်။ ( ၂၀၁၂ ) မှာတော့ တစ်ဦးချင်းရဲ့ဂျီဒီပီ အချိုးဟာ ထိုင်းနိုင်ငံနဲ့ယဉ်ရင် ပိုမိုကွာဟလာပြီးမြန်မာက ( ၁၉၅၀ ) ဒေါ်လာနဲ့ ထိုင်းက ( ၈၅၁၆ ) ဒေါ်လာဖြစ်လာပါတယ်။

( ၁၉၉၇ ) ခုနှစ်မှာ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံကို လူအခွင့်အရေးချိုးဖောက်မှူကြောင့် ရင်းနှီးမြူပ်နှံမှူနဲ့ ကုန်သွယ်မှူတွေကို ပိတ်ပင်ခဲ့ပါတယ်။ တိုင်းပြည်စီးပွားရေးကျဆင်းမှူကြောင့်ရော အခြားပြဿနာတွေကြောင့်ပါဆေးဝါးကုသမှူ လိုအပ်တဲ့သူတွေဟာ ကျောက်မျက်ရတနာတွေ ဒါမှမဟုတ် သူတို့ပိုင်ဆိုင်သမျှတွေကို ထိုင်းနိုင်ငံနယ်စပ်မှာ သွားရောက် ရောင်းချလေ့ရှိပြီး ဆေးဝါးကုသနေရပါတယ်။ ( ဒါတော့ အဘိုးကြီးရွီးပြီ )

အခုချိန်မှာတော့ ပြုပြင်ပြောင်းလဲမှူ့ လက္ခဏာတွေ မြင်တွေ့နေရပါပြီ။ ဒီထဲကတစ်ခုကတော့ ယနေ့ခောတ်မြန်မာနိုင်ငံ ကို မွေးဖွားပေးခဲ့တဲ့ ဗိုလ်ချူပ်အောင်ဆန်းရဲ့ တတိယသမီး အောင်ဆန်းစုကြည် ပါဝင်လာတာပါ။ သူမကို ( ၁၉၄၅ ) ခုနှစ်မှာ မွေးဖွားခဲ့ပြီး ငယ်ဘဝတော်တော်များများကို နိုင်ငံရပ်ခြားမှာကြီးပြင်းခဲ့ပါတယ်။ ၁၉၈၈မှာ နေမကောင်းဖြစ်နေတဲ့ သူ့မရဲ့ မိခင်ကို ပြုစုစောင့်ရှောက်ဖို့ ပြန်လာရင်း ဒီမိုကရေစီ လူထုအုံကြွမှူမှာခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့ပြီး NLD ပါတီကို ထူထောင်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ( ၁၉၈၉ ) မှာ ပထမဆုံးအကြိမ် နေအိမ် အကျယ်ချူပ်ချခံရပြီး ( ၁၉၉၀ ) ရွေးကောက်ပွဲမှာတော့ တစ်တိုင်းပြည်လုံးဆန္ဒမဲပေးသူ စုစုပေါင်းရဲ့( ၉၅% )နဲ့ အနိုင်ရရှိခဲ့ပါတယ်၊ ဒါပေမယ့် စစ်အစိုးရက ဒါကိုအသိအမှက် မပြုခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ( ၂၁ ) နှစ်အတွင်းမှာ နေအိမ်အကျယ်ချူပ် ( ၁၅ )နှစ်ကျခံခဲ့ရပြီး ( ၁၉၉၁ ) ခုနှစ်မှာ နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။

၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာနောက်ဆုံးအကြိမ်အဖြစ် လွတ်မြောက်ခဲ့ပါပြီ။ ဒီနှစ်ဧပြီလထဲမှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ သူမပါတီဟာ အမတ်နေရာ (၄၃ ) နေရာ အနိုင်ရရှိခဲ့ပြီး သူမဟာလဲ လွတ်တော်အမတ်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူမရဲ့ သတ္တိရှိစွာ ရပ်တည်ပေးခဲ့မှုဟာ ယနေ့မြန်မာနိုင်ငံပြောင်းလဲမူ့ရဲ့ အကြောင်းတစ်ချက် ဖြစ်တယ်ဆိုရင် မှားမယ်မထင်ပါဘူး။

ထို့အတူပဲ စစ်အစိုးရအတွင်း အတွေးအမြင် ပြောင်းလဲလာမှုကလဲမြန်မာပြည်ပြောင်းလဲစေတဲ့ အချက်ပဲဖြစ်ပါတယ်။ ၂၀၁၁ခုနှစ် မတ်လမှာတော့ နအဖအကြီးအကဲ ဗိုလ်ချူပ်မှူးကြီးသန်းရွေ အငြိမ်းစားယူသွားပါတယ်။ နောက်ထပ်ခေါင်းဆောင်တစ်ယောက်အဖြစ် ယခုပြုပြင်ပြောင်းလဲတွေရဲ့ ဥိးဆောင်သူလို့ ယူဆရတဲ့ ဥိးသိန်းစိန်ကို သူရွေးချယ်ခဲ့ပါတယ်။
ဦးသိန်းစိန်ရဲ့ခေါင်းဆောင်မှူအောက်မှာပဲ မြန်မာနိုင်ငံဟာ အရပ်သားအစိုးရအဖြစ် ပြောင်းလဲခဲ့ပါပြီ။ သမ္မတဥိးသိန်းစိန် ဟီလာရီကလင်တန်နဲ့တွေ့စဉ်မှာသူမက တိုင်းပြည်ကို ရင်းနှီးမြှုပ်နှံမှူတွေ ကုန်သွယ်မှု့တွေဝင်လာအောင် ဒီထက် ပိုမို တံခါးဖွင့်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒီနှစ် စက်တင်ဘာလထဲမှာ သူတို့ နောက်တစ်ခါ တွေ့ကြတော့ ကလင်တန်က သွင်းကုန်ပိတ်ဆို့ထားတာတွေကို ဖြေလျှော့ပေးလိုက် ပါတယ်။ ဒါဟာ ထိုင်းနဲ့ စီးပွားရေးကွာဟမှု နည်းသွားစေမဲ့ အချက်ပါပဲ။ ထိုင်းနိုင်ငံကိုယ်၌ ကလဲ ဘုရင်စနစ်မှ စည်းမျဉ်းခံဘုရင်စနစ်သို့ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

ထိုင်းမှာ လွတ်လပ်တဲ့ရွေးကောက်ပွဲတွေ ပုံမှန်ပြုလုပ်လေ့ရှိပါတယ်။ဒါပေမယ့် အစိုးရအဖွဲ့အတွင်း မတည်မငြိမ်ရင်ဖြစ်စေ ဘုရင်ကို အတိုက်အခံလုပ်လာရင်ဖြစ်စေ စစ်အာဏာသိမ်းဖို့ အဆင်သင့်ရှိနေပါတယ်။ ပြီးခဲ့တဲ့ အနှစ် ၈၀ အတွင်းမှာ အောင်မြင်တဲ့ အာဏာသိမ်းမှု ၁၁ ခုဖြစ်ခဲ့ပြီး မအောင်မြင်တဲ့ အာဏာသိမ်းမှုတွေကတော့ ( ၇ ) ခုပါ ။ လက်တစ်လောဖြစ်ခဲ့တာက ( ၂၀၀၆ ) စက်တင်ဘာလတုန်းက သက်ဆင်ရှင်နာဝပ်ဆီက အာဏာသိမ်းမှူဖြစ်ပါတယ်။ စစ်တပ်ရဲ့ ဝင်ရောက်စွတ်ဖက်မှူတွေဟာ နိုင်ငံရေးကိုမတည်မငြိမ်ဖြစ်စေပြီး လာရောက်ရင်းနှီးမြုပ်နှံသူတွေကို အယုံအကြည်ကင်းမဲ့စေပါတယ်။ နှစ်နိုင်ငံစလုံးရဲ့ အစိုးရတွေဟာ လွန်ခဲ့တဲ့ နှစ်( ၅၀ ) က ဈေးကွက်စီးပွားရေးစနစ်သုံးတဲ့ထိုင်းနိုင်ငံဟာ တံခါးပိတ်ဝါးသုံးတဲ့ မြန်မာနိုင်ငံထက် တိုးတက်ကြီးပွားလာခဲ့တယ်ဆိုတာကို အမှတ်ရနေကြဦးမှာဖြစ်ပါတယ်။


via ဦးဦး ' FB



Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>