Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

"ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီး ကွယ်လွန်"

$
0
0
၁၉၆၂ခုနှစ်မတ်လ(၂)ရက်နေ့တပ်မတော်အာဏာသိမ်းရာတွင်ဒုတိယခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူဗိုလ်မှူးချုပ်ဟောင်းအောင်ကြီး(သခင်အောင်ကြီး-ပေါင်းတည်)သည် ယနေ့ အောက်တိုဘာ ၂၅ ရက် နံနက် ၈ နာရီ ၂၀ မိနစ် တွင် နှလုံးရောဂါဖြင့် ရန်ကုန်မြို့ ၊ ရှစ်မိုင်ရှိနေအိမ်၌ ကွယ်လွန်သွားကြောင်းသိရသည်။

ဦးအောင်ကြီးသည် အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်တို့မှစ၍ ပါလီမန် ဒီမိုကရေစီခေတ်၊ အိမ်စောင့်အစိုးရခေတ်အထိတပ်မတော်၌ရာထူးအဆင့်ဆင့်ဖြင့်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ဦးနေဝင်း၏ဆိုရှယ်လစ်ခေတ်တွင်တပ်မတော် မှ နုတ်ထွက်ခဲ့ပြီး နိုင်ငံရေးလောကသို့ဝင်ရောက်ခဲ့သည်။ ၁၉၈၈ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ရာ၌လည်း ဦးအောင်ကြီး ပါဝင်ခဲ့သည်။

သခင်အောင်ကြီး (ပေါင်းတည်) ကပေဖူးလွှာမဂ္ဂဇင်းတွင် "ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်၏ မျက်စိရောဂါ" ဆောင်းပါး၌ ဒေါ်ခင်ကြည်အကြောင်းကို အောက်ပါအတိုင်းရေးသားခဲ့ဖူးသေးသည်။

"နွေရာသီပူအိုက်သော သင်္ကြန် မတိုင်မီ ရက်တစ်ရက်ကဖြစ်ပါတယ်။ကျွန်တော်မာဇဒါ ဆလွန်းကားလေးကို ကိုယ်တိုင် မောင်းကာ ယူနီဗာစီတီရိပ်သာလမ်းက ခြံကြီးဟာ အင်းလျားကန်စပ်မှာ ရှိပြီး
အတော်ကျယ်တန်သလောက်ကျယ်ပါတယ်။ သရက်ပင်၊ ငှက်ပျောပင်၊ အုန်းပင်တွေနဲ့ ပြည့်နှက်လျက်ရှိပြီး မာလကာပင်၊ သံပရိုပင်တွေ၊ စက္ကူပန်းပင်တွေ အစုလိုက်၊ အစုလိုက်ရှိပါတယ်။ ပန်းမျိုး စုံရှိတဲ့ ငွေဖလားကြီးတွေနှင့် တင့်တယ်လှပတဲ့ ခေါင်းလောင်းပုံသဏ္ဍန်အဖြူပွင့်တွေသာပွင့်တဲ့လီလီဆိုတဲ့ အနောက်နိုင်ငံက ပန်းတစ်မျိုး ကိုသာ အခင်းနှင့်အခင်းနှင့်စိုက်ပါတယ်။ အဲ့ဒီခြံကြီးတစ်ခုလုံးကို မာလီအိုကြီးတစ်ဦးနှင့် ဒေါ်ခင်ကြည်တို့ကိုယ်တိုင် စိုက်ကြပါတယ်။

ပန်း တွေဟာ ဈေးဖိုးကာမိသလောက် ကာမိပါတယ်။ ဗိုလ်ချုပ်ကတော်ဟာ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးစဉ်က အာဇာနည်ကြီးများရဲ့ ဇနီးကို ထောက်ပံ့တဲ့ ပင်စင်ကလေးနှင့် ငွေတစ်ထောင်ပေါ့ခင်ဗျာ။ အဲဒီခြံကရတဲ့ပန်းဝင်ငွေ ကလေးနှင့် မျှတအောင် နေခဲ့ပါတယ်။ တစ်ခါမျှ ညည်းတာမရှိခဲ့ပါဘူး။

အမေရိကန်မှာ အလုပ်လုပ်နေရှာတဲ့သူ့သားကြီး အောင်ဆန်းဦးနဲ့ အင်္ဂလန်မှာနေတဲ့ သမီးအောင်ဆန်းစုကြည်တို့ထံ မှ ထောက်ပံ့တာလည်း လုံးဝ ဘူးပယ် လက်မခံ ရုံမက တစ်ခါက ဘဏ္ဍာရေးဒုဝန်ကြီး ဦးချစ်မောင် (ယခုရှေ့နေလိုက်သူ) ကလာရောက် ပြောပြသည့်အတွက် သူ့ရပိုင်ခွင့်ရှတဲ့ မိခင်နှင့် ကလေး စောက်ရှောက်ရေး ဌာန ညွှန်မှုး လုပ်သက်၊ အိန္ဒိယပြည်နယူးဒေလီမှာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြိးအဖြစ် အလုပ်လုပ်ခဲ့တဲ့ လုပ်သက်များအရ ရရှိခဲ့တဲ့ ပင်စင်ကလေးကိုတောင် စွန့်လွှတ်ပြီး ကျစ်ကျစ်လျစ်လျစ်ကလေးပဲ နေထိုင်ခဲ့ရှာသူ ဖြစ်ပါတယ်။ နိုင်ငံဂုဏ်ရည်တွေ ပေးတဲ့အချိန် အရောက်မှာ ကျွန်တော်တို့တစ်တွေ နိုင်ငံဂုဏ်ရည် ပင်စင်နှင့် အစိုးရလုပ်သက်ပင်စင်နှစ်ခုတွဲရတဲ့ အခါမှ ပြန်လည် ရခဲ့ပါတယ်။"

'' နှလုံးရောဂါနဲ့ဆုံးတာပါ၊ အသက် ၉၄ နှစ်ရှိပါပြီ၊ စနေနေ့ (အောက်တိုဘာ ၂၇) ၁၁ နာရီ ရေဝေးမှာ မီးသင်္ဂြုဟ်ပါမယ်'' ဟု ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီး၏ သားဖြစ်သူ ကိုမင်းကျော်သူ(ခ)ကိုသားငယ်က ပေါ်ပြူလာနယူးစ်သို့ပြောသည်။

အသက် ၉၀ ရှိပြီ ဖြစ်သော ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး (photo: True News) ပေါ်ပြူလာနယူးစ်



Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>