Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တကိုယ်တော်ဆန္ဒပြသူ ရှေ့နေ ဦးမြင့်အေးနှင့် ကူညီသူ ၂ ဦး တရားစွဲခံရ

$
0
0
ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့တွင် အစိုးရရုံးများနှင့် ကြံ့ဖွံ့ရုံးတို့ ရှေ့တွင် တစ်ကိုယ်တော် ဆန္ဒပြခဲ့သူ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးနှင့် ဆန္ဒပြရာတွင် အကူအညီပေးခဲ့သူ နှစ်ဦးအား ပြည်မြို့ အမှတ် (၂) ရဲစခန်းက ယမန်နေ့တွင် ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုခဲ့ကြောင်း သိရသည်။

ဆန္ဒပြသူ ရှေ့နေ ဦးမြင့်အေးနှင့် ဗီနိုင်းပိုစတာ ကူကိုင်ပေးသူ ကိုရေခဲ
ဆန္ဒပြစဉ်က အာဏာပိုင်များအနေဖြင့် ဓာတ်ပုံနှင့် ဗွီဒီယိုမှတ်တမ်းများသာ ရိုက်ကူးခဲ့ပြီး တစုံတရာ နှောင့်ယှက်ခဲ့ခြင်း မရှိသော်လည်း ဆန္ဒပြပြီး နောက်တနေ့ဖြစ်သော အောက်တိုဘာလ ၁၉ ရက်နေ့၊ နေ့လည် ၂ နာရီတွင် ပြည်မြို့ အမှတ် (၂) ရဲစခန်းမှူး ဦးလှထွန်းက ရှေ့နေဦးမြင့်အေးအား နေအိမ်မှ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဦးမြင့်အေးနှင့်အတူ ဆန္ဒပြစဉ်က ဓာတ်ပုံရိုက်ရန် ဗီနိုင်းပိုစတာကို ကူကိုင်ပေးခဲ့သူ ကိုရေခဲနှင့် ဆန္ဒပြရာ ရုံးများရှေ့သို့ ဆိုင်ကယ်ဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သူ ကိုဘရှီးတို့ကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“အမိန့်မရဘဲ ဆန္ဒပြလို့ဆိုပြီး မနေ့က နေ့လည် ၂ နာရီမှာ လာဖမ်းသွားပါတယ်။ ည ၉ နာရီလောက်မှာ
သုံးယောက်စလုံးကို အာမခံနဲ့ ပြန်လွှတ်လိုက်တယ်” ဟု မြို့ခံလူငယ်တစ်ဦးက အတည်ပြုပြောကြားသည်။

အဆိုပါ ဖမ်းဆီးခံရသူ သုံးဦအား ပုဒ်မ (၁၈) – ‘ကြိုတင်အကြောင်းကြား ခွင့်တောင်းခြင်းမရှိဘဲ ဆန္ဒပြမှု’ ဖြင့် တရားစွဲဆိုထားပြီး ဖမ်းဆီးခေါ်ဆောင်သွားစဉ်ကာလအတွင်း စခန်းမှူးက တရားခံဟု သုံးနှုန်းကာ ရင့်ရင့်သီးသီး ဆက်ဆံခြင်းကိုလည်း ခံခဲ့ရကြောင်း ဦးမြင့်အေးနှင့် နီးစပ်သူတဦးက ပြောသည်။

“ဆန္ဒပြတုန်းက အသုံးပြုခဲ့တဲ့ ဗီနိုင်းပိုစတာတွေကို သက်သေအဖြစ် သိမ်းသွားတယ်။ ဖမ်းသွားတဲ့အချိန်မှာလည်း စခန်းမှူးက သူတို့သုံးဦးကို တရားခံတွေလို့ သုံးနှုန်းပြီး ရင့်ရင့်သီးသီး ဆက်ဆံခံရတယ်လို့ သိရတယ်” ဟု သူက ပြောသည်။

ရှေ့နေ ဦးမြင့်အေးသည် “ရုံးခွန်တော်တံဆိပ်ခေါင်းများ တန်ဖိုးမြှင့်တာကို မကျေနပ်ပါ။ High Court နှင့် ရန်ကုန်တိုင်းဒေသကြီး စုပေါင်းရုံးကို အလွဲသုံးစားလုပ်တာ မကျေနပ်ပါ” စသည့် စာသားများပါဝင်သော ဗီနိုင်းပိုစတာကို ကိုင်ဆောင်၍ ပြည်ခရိုင်တရားရုံးရှေ့၊ အခွန်ရုံးရှေ့နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးရုံးရှေ့တို့တွင် အောက်တိုဘာလ ၁၈ ရက်နေ့က တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့ခြင်းကြောင့် သူနှင့်အတူ အကူအညီပေးခဲ့သူ နှစ်ဦးအား ယခုကဲ့သို့ ဖမ်းဆီးပြီး တရားစွဲဆို ခံခဲ့ရခြင်းဖြစ်သည်။

Ko shin



Viewing all articles
Browse latest Browse all 32865

Trending Articles


မြန်မာ့တပ်မတော်၏ စစ်လက်နက်ဖြည့်တင်းခြင်း


TTA Oreo Gapp Installer


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ကျောင်းသူတဦးအား ဆယ်တန်းအောင်ဆေး ပေးမည်ဆိုပြီး အလိုမတူဘဲ သားမယားပြုကျင့်ရန်...


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မင်းဆက်ဝေ-တတိယ(ဘလော့စုစည်းမူ)


အမျိုးသားများနဲ့ ပါတီတက်ပြီး အရက်သောက်လို့ ကြိမ်ဒဏ်အချက် ၈၀ အပြစ်ပေးခံရတဲ့...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>