Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

သြဇာပြနေကြသော ရန်ကုန်တိုင်းအရှေ့ ပိုင်း ဆေးရုံကြီးပေါ်က ဆေးရုံဝန်ထမ်းများ

$
0
0
ရန်ကုန် အရှေ့ပိုင်း ဆေးရုံကြီး၌ ဆေးရုံဝန်ထမ်းများသည် ဆေးရုံတက် ရောက်သူလူနာများ၊ လူနာစောင့်များနှင့် ဧည့်သည်များ အပေါ်တွင် ဩဇာပြ ၍မချေမငံဆက်ဆံနေကြကြောင်းသိရသည်။ "ကျွန်မက နှလုံးသွေးကြောကျဉ်း လို့ ဆေးရုံ လာတက်တာပါ ဆေးရုံကို ရောက်လာတော့လမ်းလျှောက် နိုင်ပါ သေးတယ်။ အဲဒါကို ဆေးရုံဝန်ထမ်း တွေက တွန်းလှည်းနဲ့ အတင်းခေါ်ပြီး ကျွန်မတက်ရမယ့် အဆောင်ကိုလိုက်ပို့ ပေးတယ်။ မစီးချင်ဘူးဆိုရင်လည်း အော် ငေါက်သေးတယ်။ X-ray ရိုက်မယ့် ဓာတ်ခွဲခန်းကို သွားတော့ လည်းလမ်းလျှောက် သွားနိုင်ရဲ့သားနဲ့ တွန်းလှည်းကြီးနဲ့ အတင်းလာခေါ် တယ်။

ပြီးတော့တွန်းလှည်းခတောင်း တယ်။ ကိုယ်ကလည်း အြွေကမရှိဘူး။ တစ်ထောင်တန်လည်း မပေးချင်ဘူး လေ။ ဒါကြောင့်ပြန်အမ်းပေးဖို့ ပြော တော့ တစ်ထောင်တန်ပေးပါ ပြန်အမ်း ပေးမယ်ဆိုပြီးတောင်းတယ်။ ကျွန်မက မပေးဘူးအကြွေရရင်လာယူဆိုတော့မှအကြွေယူလာပြီးပိုက်ဆံလာတောင်းတယ်"ဟုရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး ပေါ်တွင် နှလုံးသွေးကြောကျဉ်းရောဂါ နှင့်တက်ရောက် နေသူလူနာတစ်ဦးထံမှ သိရသည်။ အဆိုပါဆေးရုံတွင် မနက်တိုင်း ပိုးသတ်ဆေးဖျန်း၍ သန့်ရှင်းရေး ပြုလုပ်လျက်ရှိရာ ပိုးသတ်ဆေးနံ့မခံ နိုင်သော လူနာများကစင်္ကြံများသို့ ထွက်၍ အနံ့ရှောင်သောအခါတွင် လည်းအော်ဟစ်ငေါက်ငမ်း၍ လူနာများ အား ခုတင်ပေါ်တွင်သာနေရန် ဆူပူ လျက်ရှိကြောင်း သိရသည်။ "အဖွားက အသက်(၈၀)ရှိပါပြီ နှလုံးကြီးလို့ ဆေးရုံလာတက်တာ ပါ။ ပိုးသတ်ဆေးတွေဖျန်းတော့ အနံ့ တွေကမခံနိုင်လို့စင်္ကြံန်မှာသွားနေတာ။ အဲဒါကို ခေါင်းလောင်းလိုက်တီး နေတဲ့ ဆေးရုံဝန်ထမ်းတစ်ယောက်က အထဲ ကိုဝင်အပြင်မှာမနေနဲ့၊ လူနာစောင့်တွေ ကဟိုးအောက်မှာသွားနေ၊ လူနာတွေ ကအခန်းထဲကိုဝင် ဆရာဝန်ကြီးတွေ လာရင်ဆူလိမ့်မယ်ဆိုပြီးခါးကြီးထောက် ပြီး အော်ဟစ်နေလို့ အဖွားတို့လည်း အနံ့မခံနိုင်တဲ့ကြားထဲက အထဲကို အမြန်ဝင်ပြေးရတယ်"ဟု အသက် ၈၀ အရွယ် နှလုံးကြီးရောဂါဖြင့်ဆေးရုံတက် ရောက်ဆေးကုသခံနေသူ အဖွားအိုထံမှ သိရသည်။ "ဟုတ်တယ် ကျွန်မလည်း နှလုံး သမားပါပဲ။ အနံ့အသက်တွေရှူမိရင် မခံနိုင်အောင် အရမ်းမောလာပါတယ်။ အဲဒါကြောင့် ကျွန်မလည်း အပြင် စင်္ကြံန်မှာ အနံ့ထွက်ရှောင်တာ အဲဒါ ခေါင်းလောင်းတီးပြီးလိုက်အော်နေတဲ့ ဆေးရုံဝန်ထမ်းအဖိုးကြီးက ညည်း လည်း လူနာပဲမဟုတ်လား။ အထဲဝင် နေ။ ဆရာဝန်ကြီးဆူမယ်ဘာညာလာ ပြောတာနဲ့ ကျွန်မလည်း အနံ့မခံနိုင် လို့အပြင်ထွက်တာပြီးရင်ဝင်မှာဘာညာ ပြောပြီး စကားများတယ်။ အရမ်းလူပါး ဝတယ် ဆရာဝန်တွေ ဆရာမတွေက အော်တာငေါက်တာထားပါတော့ သူတို့ က ဘာမှလည်းမဟုတ်ဘဲနဲ့လာပြီး ရင့် ရင့်သီးသီးတွေပြောကြတယ်။ မလိုအပ် ပဲ အကူအညီတွေလိုက်ပေး ပိုက်ဆံ တောင်း၊ မရရင်အော်ငေါက်နေကြ တာ။ တကယ်စိတ်ပျက်ဖို့ကောင်းပါ တယ်။ ဝန်ထမ်းတွေ ဒီလိုဖြစ်နေတာကို အပေါ်ကလူကြီးပိုင်းဆရာဝန်တွေသိစေ ချင်ပါတယ်။ ထိထိရောက်ရောက်လည်း အပြစ်ပေးစေချင်ပါတယ်။ ကျန်းမာရေး မကောင်းလို့ စိတ်ညစ်ရတာတစ်မျိုး ဘာမဟုတ်တဲ့ သူတွေအော်တာ ငေါက် တာခံရတာတစ်မျိုးနဲ့ ဆေးရုံ တက်ရ တာ စိတ်မချမ်းသာပါဘူး"ဟု အသက် ၂၅ နှစ်အရွယ် လူနာတစ်ဦးကပြော သည်။ သူမ၏ ခင်ပွန်းဖြစ်သူက လည်း ဆေးရုံဝန်ထမ်းများငွေကြေးတောင်း ခံပုံမှာ အကြွေးရှင်က အကြွေးတောင်း သလိုတစာစာတောင်းကြောင်း ဆေးရုံ မှာလစာယူထားသောကြောင့် ဆေးရုံ အလုပ်များကိုလုပ်ကိုင် နေကြသော် လည်း ဆေးကုသခံယူသူများထံမှလက် ဘက်ရည်ဖိုး တောင်းခံမှုများရှိကြောင်း လူနာများကိုမ ချေမငံဆက်ဆံကြောင်း လူထုပုံရိပ်သို့ဖြည့်စွက်ပြောကြားသွားသည်။

မေအိမ့်ဒါလီမွန်
The Public Image



Viewing all articles
Browse latest Browse all 32865

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


မြောက်ဒဂုံ ပင်လုံအလုပ်သမားရုံးတွင် ကိုရီးယား စာမေးပွဲဖြေဆိုရန်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ကျေးဇူးပြု၍ နောင်လာနောင်သားတွေအတွက် ထားခဲ့ပေးပါ(Please keep reserve for next...


မိန်းကလေး အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ အသုံးပြုနိုင်တဲ့အချက် (၈) ချက်


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>