Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

၁၉၈၈ အရေးအခင်းနဲ့  ပတ်သတ်တဲ့ ရုပ်ရှင်ရိုက်မယ့် ဒါရိုက်တာ သျှိုကြီး

$
0
0
၁၉၉၀ ခုနှစ် အကျော်ပတ် ဝန်းကျင်တုန်းကရခဲ့တဲ့ စိတ်ကူးလေး ပါ။ အခုခေတ်မှာ ပွင့်လင်းလာတဲ့ အချိန်အခါလည်းဖြစ်လာပြီဆိုတော့ ၁၉၈၈ အရေးအခင်းနဲ့ပတ်သက်ပြီး အရုပ်နဲ့သမိုင်းတင်တာပေါ့။ အဲဒီ ချိန်မှာ ၁၉၈၈ အရေးအခင်းက အရမ်းကြီးကျယ်မြင့်မြတ်လွန်းတဲ့ အတွက် အရုပ်နဲ့ သရုပ်ဖော်တဲ့အခါ မှာ အမှားအယွင်းတွေ၊ လိုအပ်ချက် တွေဖြစ်ကောင်းဖြစ်နိုင်တဲ့အတွက်၊ အဲဒီရုပ်ရှင်ကြီးရိုက်ကူးဖို့အတွက် ကော်မတီ(၉)ဖွဲ့ဖွဲ့ထားတယ်။ အနု ပညာအကြံပေးအဖွဲ့၊ ဇာတ်ညွှန်း အကြံပေး၊ ဆက်တင်အကြံပေး၊ ရိုက်ကွင်းအကြံပေး၊ တည်းဖြတ် အကြံပေး၊ ဘာသာပြန်အကြံပေး အဖွဲ့စသည်ဖြင့် (၉)ဖွဲ့ ဖွဲ့ထားတယ်။ အနုပညာနဲ့ ဇာတ်ညွှန်းအကြံပေး ဆိုရင် ထုတ်လုပ်သူ ဦးအောင်လွင် တို့ပါဝင်တဲ့အပြင် (၈၈) ဖြတ်သန်း သူတွေပါဝင်မယ်။

အနုပညာအကြံ ပေးထဲမှာဆိုရင် (၈၈) ဖြတ်သန်းခဲ့ ကြသူများလို့နာမည်တပ်ထားတယ်။ ဇာတ်ညွှန်းကိုတော့ ဗရေဂျမ်း၊ ကိုရွှေမိုးသက်၊ မျိုးကိုမျိုး၊ ဇာတ် လမ်းကတော့ ဗရေဂျမ်းရဲ့ ဇာတ် လမ်းတစ်ပုဒ်ပါ။ ဇာတ်လမ်းနာမည် က "ချွန်စေမြစေစော'၊ ကောင်းကျိုး အထွေထွေ၊ ဒေါင်းအိုးတဝေဝေနဲ့ ချွန်ဝေမြစေသော်(ဝ်)ဆိုတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့၊ ကဗျာစာချိုးထဲက ယူထားတာပါ။ အဲဒီအတွက်လည်း ဆရာကြီး အမျိုးအနွယ်တွေကို ခွင့်ပြုချက်ယူ ထားပါတယ်။

အဲဒီဇာတ်ကားကြီးကို ရှေ့နှစ်(၅)လပိုင်း ဝန်းကျင်လောက် ရိုက်ပါ့မယ်။ ပရိသတ်မငြီးငွေ့ အောင် ဒရာမာလေးတစ်ခြမ်းထည့် ထားတယ်။ ဇာတ်လမ်းကတော့ စက်တင်ဘာလမှာ ငွေစက္ကူအရေး ကိစ္စကနေစပြီး ရှစ်လေးလုံးအရေး တော်ပုံကာလပြီးတဲ့အထိ ရည်ရွယ် ထားတယ်။ အဲဒီမှာ အဓိကဇာတ် ကောင်(၄)ယောက်ရှိမယ်။ အဲဒီ (၄)ယောက်ကိုတော့ အပြင် လူတွေကိုခေါ်ဖြစ်မယ်။ ဘယ်သူ တွေဖြစ်ဦးမယ်တော့ မသိသေးဘူး။ ကျန်တဲ့သူတွေကတော့ (၈၈) မျိုးဆက်တွေ တစ်ခန်းစနှစ်ခန်း စပါဝင်သရုပ်ဆောင်ကြမှာပါ။ ထုတ်လုပ်ရေးကတော့ အသစ် ဖြစ်တဲ့အတွက် မပြောသေးပါဘူး။

ဆင်ဆာအဖွဲ့ကို တင်ပြီးလို့ ရိုက်ကူး ခွင့်ကျပြီဆိုရင်တော့ စာနယ်ဇင်းကို မိတ်ဆက်ပေးမှာပါ။ ဒီဇာတ်လေး က နိုင်ငံရေးနဲ့မကင်းဘူး။ ဒါကြောင့် ဒီဇာတ်လမ်းမှာ အဓိကထားတာက ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး။ အဓိကဖော်ကျူး ထားတာက မိဘမေတ္တာ၊ သားသမီး မေတ္တာကိုဖော်ကျူးထားတာပါ။ တပ်မတော်ကိုလက်ညှိုးထိုးနေမယ့် အစား၊ တစ်ပါတီ စနစ်ကြောင့် ဖြစ်ပေါ်လာတဲ့အရေးအခင်းကြောင့် တပ်မတော်က ပြန်လည်ထိန်းသိမ်း ခဲ့တာကို ဖော်ကျူးထားတာပါ။ အဲဒီ ရုပ်ရှင်ဇာတ်ကားကြီးပြီးရင်တော့ အနည်းဆုံးအာရှမောင်ထိ လှည့် လည်ပြသဖို့ရှိပါတယ်။

By 8 Days a week အနုပညာဂျာနယ် Yoeyarlay



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>