Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့ ပြိုင်ကားလူသတ်မှုကိစ္စ အဓိကတရားခံ ၀န်မခံသေး

$
0
0
ပြီးခဲ့သည့်လ အောက်တိုဘာ ၂၃ ရက်နေ့ညသန်းခေါင်ယံအချိန် နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့ ဟာမစ်တစ်ကားမှတ်တိုင်တွင် ဖြစ်ပွားခဲ့သော ပြိုင်ကားမောင်းလူငယ်တစ်စုနှင့် ဘိုးဘွားရိပ်သာ သန့်ရှင်းရေးဝန်ထမ်းလူငယ်များ ခိုက်ရန်ဖြစ်ပွားရာမှ လူသတ်မှုဖြစ်သွားသော အမှုမှ အဓိကတရားခံမှာ အပြစ်ခံဝန်ချက်မပေးသေးကြောင်းသိရှိရသည်။

ဖြစ်စဉ်အကျဉ်းမှာ ပြိုင်ကားမောင်းလူငယ်အုပ်စုမှသန့်ရှင်းရေးဝန်ထမ်းလူငယ်တစ်ဦးအားဝိုင်းဝန်းကန်ကျောက်ပြီး ရေအိုးစင်မှ ရေအိုးဖြင့် ခေါင်းရိုက်ခွဲခဲ့ပြီး အကြမ်းဖက်ခံရသောကြောင့် နောက်စေ့ကွဲသွေးထွက်ဒဏ်ရာ၊ ကျောက်ကပ်နှစ်လုံးစလုံးပျက်စီးစိမ့်ထွက်၊ အတွင်းဝမ်းခေါင်းအတွင်းသွေးသွန်မှုများဖြစ်ပေါ်ပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်ဖြစ်ပွားစဉ် ပြိုင်ကားလူငယ်အုပ်စုမှ လူငယ်များမှာ အမူးလွန်နေပြီး သန့်ရှင်းရေးဝန်ထမ်းလူငယ် ၃ ဦးမှာလည်း ဘီယာအနည်းငယ်သောက်သုံးထားကြောင်းကို သက်သေများမှထွက်ဆိုထားသည်။ ၂၄ ရက်နေ့ ညပိုင်းအချိန်တွင် အမှုဖြစ်စဉ်တွင်ပါဝင်ခဲ့သော လူငယ် ၉ ဦးစလုံးကို ဖမ်းဆီးခဲ့ပြီး အဓိကတရားခံဖြစ်သူ Nissan FairLady ကားပိုင်ရှင်ဖြစ်သူ အောင်ကောင်းခန့် (ခ) အောင်ကောင်း အသက် (၁၉)နှစ် (ဘ) ဗိုလ်မှူးကြီးဌေးအောင်(ငြိမ်း) ဦးဆောင်ညွှန်ကြားရေးမှူး အမှတ်(၃)သတ္တုတွင်းလုပ်ငန်း မှာ အပြစ်ရှိကြောင်း ၀န်မခံသေးဘဲ သန့်ရှင်းရေးဝန်ထမ်းလူငယ် ၃ ဦးမှ ၄င်းတို့အဖွဲ့ လူငယ် (၉) ယောက်အား ဂီတာဖြင့်စတင်ရိုက်နှက်ပြီး ထိခိုက်ဒဏ်ရာရရှိခြင်းကြောင်း အမှုဖွင့်လှစ်ပေးပါရန် ဗဟန်းရဲစခန်းတွင် တရားလိုပြုလုပ်တိုင်ကြားထားကြောင်းသိရှိရသည်။

ဖြစ်စဉ်တွင်ပါဝင်သည့် တစ်ဦးတည်းသော မိန်းကလေးဖြစ်သူ တရားခံ အောင်ကောင်းခန့်၏ သမီးရည်းစားဖြစ်သူ အေးနန္ဒာကို (ခ) နန္ဒာ အသက်(၂၄)နှစ်အားလည်း ပထမရမန် ယူပြီး အချုပ်ထားရှိကြောင်း သတင်းရရှိပါသည်။

News by: People Development for Knowledge



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>