Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ညကလပ် ဘီယာဆိုင်များ ၊ အနှိပ်ခန်းများအား ဖယ်ရှားပေးရန် ဈေးသူ ၊ ဈေးသားများလိုလား

$
0
0
ရန်ကုန်မြို့တော်၏ စီးပွားရေး အချက်အချာကျသော သိမ်းကြီး ဈေးစီရုံသည် အနယ်နယ်အရပ် ရပ်မှ ရဟန်းရှင်လူမိဘပြည်သူများ နှင့် ကမ္ဘာလှည့်ခရီးသွားများဝယ် ယူအားပေးကြသော အဆင့်မြင့် ဈေးကြီးဖြစ်သည်။ သို့သော်လည်း သိမ်ကြီးဈေးစီရုံ ပထမထပ်စင်္ကြန် လမ်းတစ်လျှောက်တွင် ဘီယာဆိုင် များဖွင့်လှစ်ရောင်းချသဖြင့် အများ ပြည်သူတို့ ခုံကျော်တံတားများမှ ဈေးအတွင်းသို့ဝင်ထွက်သွားလာ ရာတွင် စိတ်အနှောက်အယှက် ဖြစ်နေကြကြောင်း သိရသည်။

အဆိုပါဘီယာဆိုင်များရှိနေ ခြင်းကြောင့် သိမ်းကြီးဈေးစီးရုံနှင့် ဒီရုံတို့အပေါ်ထပ်များရှိ ညကလပ် များ၊ အနှိပ်ခန်း (ပြည်တန်ဆာ ခန်း) များမှ ညဥ့်ငှက်မလေးများ သည် သရုပ်ပျက်ဝတ်ဆင်ပြီး
လာရောက်စားသောက်မြူဆွယ် ခြင်း၊ အမျိုးသားများ မကြာခဏ ဆိုသလို မူးယစ်သောက်စားရန် ဖြစ်ခြင်း၊ သာမန်အမျိုးသမီးကောင်း များကို ရိုင်းစိုင်းစွာစနောက်ခြင်းတို့ မြင်တွေ့နေသည်။

လောလောဆယ်ဖြစ်ရပ်တစ် ခုမှာ (၈.၁၀.၁၂) နေ့ နံနက် (၁၁) နာရီခန့်၌ Lion World ဘီယာဆိုင်တွင် ဖြစ်ပွားခဲ့သော အုပ်စုဖွဲ့ရန်ပွဲသည် ဈေးအတွင်း ထဲထိ ဆက်လက်ဖြစ်ပွားခဲ့သည့် အတွက် ဈေးသူ/သားများနှင့် အများပြည်သူတို့ အထူးစိုးရိမ် ထိတ်လန့်ခဲ့ရကြောင်း ယခင်က ဈေးစင်္ကြန်လမ်းတစ်လျှောက် ဆိုင်များမရှိခဲ့ကြောင်း ——ဌာန ၏စီမံခန့်ခွဲရေးညံ့ဖျင်းမှုကြောင့် (သို့မဟုတ်) အဂတိလိုက်စားမှု ကြောင့် ပေါ်ပေါက်လာသည်”ဟု ဈေးမိဈေးဖများနှင့် မိဘပြည်သူ တို့က ပြောဆိုလျက်ရှိနေကြ ကြောင်း သို့ဖြစ်၍ ရွှေတိဂုံဘုရား လမ်းမှ သိမ်ကြီးဈေးရှိ ဈေးများ နှင့် လုံးဝမသင့်လျော်ဥပဒေနှင့် မလွတ်ကင်းသော ညကလပ်၊ အနှိပ်ခန်း (ပြည်တန်ဆာခန်း)၊ ဘီယာဆိုင်များအား ဖယ်ရှားပေး ရန် ဈေးသူဈေးသားများကလိုလား လျက်ရှိကြကြောင်း သိရသည်။

ထွန်းမောင် (The Hot news Weekly)



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>