Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မအချို့ နှင့် ကိုက်ညီမှုမရှိဟု ဦးဝင်းချိုပြောကြား

$
0
0
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၉၇ (ခ)၊ ၁၈၉ (ခ) တို့၌ ဥပဒေတစ်ရပ်ကအပ်နှင်းသည့် လုပ်ပိုင်ခွင့်အရ ပြုလုပ်သောနည်း ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများသည် သက်ဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုရှိရမည်ဟုဖော်ပြပါရှိ ထားပါသော်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၅၄ (က/ခ) တို့ အားအမှီပြုကာ ပြည်ထဲရေးဝန် ကြီးဌာနအနေဖြင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်နည်းဥပဒေအား ထုတ်ပြန်ခဲ့ပြီး ယင်း၏ နည်းဥပဒေ ပုဒ်မ (၁၈) သည် ဖွဲ့စည်းပုံအခြေ ခံဥပဒေပုဒ်မ (၃၅၄ က/ခ)တို့နှင့် ကိုက်ညီခြင်းမရှိကြောင်း ဥပဒေ ကျွမ်းကျင်သူတစ်ဦးကပြောသည်။

“ပုဒ်မ ၉၇ (ခ)နဲ့ ၁၈၉ (ခ) နှစ်ခုလုံးဖတ်ကြည့်ပါ။ အားလုံးအတူ တူပါပဲ။ ပြောဆိုရင်းက အဲသလို ဖွဲ့စည်းပုံအခြေခံဥပဒေကိုအမှီပြု ပြီး ထုတ်ရတဲ့နည်းပဒေတွေ ကြေငြာချက်တွေက မူလဥပဒေနဲ့ ကိုက်ညီမှုရှိရတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၄ (က)၊ (ခ) ကိုအကြောင်းပြုပြီး ငြိမ်းချမ်း စွာစီတန်းလှည့်လည်ခွင့်နည်းဥပဒေ ကို ထုတ်ပြန်တယ်။ အဲသလိုထုတ် ပြန်တဲ့အခါမှာ အဲဒီနည်းဥပဒေရဲ့ ပုဒ်မ (၁၈) ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ပုဒ်မ ၃၅၄ (က)၊ ၃၅၄ (ခ)နဲ့ လုံးဝမညီဘူး။ မကိုက်ညီတဲ့ နည်းဥပဒေကိုဘာကြောင့် ထုတ် ပြန်ပါသလဲ။ ယနေ့ဆန်္ဒပြနေတဲ့ သူတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ (က)နဲ့ (ခ)ကို မချိုးဖောက်ဘူး။ ဒါပေမဲ့ နည်း ဥပဒေပုဒ်မ (၁၈) ကိုတော့ ကျူးလွန်နေတယ်။ ဒီတော့ ဖွဲ့စည်း ပုံဥပဒေကိုလေးစားလိုက်နာတဲ့ သူတွေဟာ ဖွဲ့စည်းပုံဥပဒေနဲ့ မညီ ညွတ်တဲ့ နည်းဥပဒေကြောင့် အဖမ်းခံရတယ်ဆိုရင်တရားပါ သလား။ ဒီတော့ နည်းဥပဒေ ထုတ်ပြန်တဲ့ ပြည်ထဲရေးဝန်ကြီး ဌာနက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉၇ (ခ)နဲ့ ၁၈၉ (ခ) ကို ချိုးဖောက်နေတယ်လို့ပြောရင်မှားနိုင်မလား”ဟုဥပဒေကျွမ်းကျင်သူနှင့်လူအခွင့်အရေးဆောင်ရွက် နေသူဦးဝင်းချို့က ပြောကြားသွား သည်။

ငြိမ်းချမ်းစွာစီတန်းလှည့်လည် ခွင့်ဥပဒေပုဒ်မ (၁၈) ၌ မည်သူ မဆိုခွင့်ပြုမိန့်မရှိဘဲ။ ငြိမ်းချမ်းစွာ စုဝေးခြင်း (သို့မဟုတ်) စီတန်း လှည့်လည်ခြင်းပြုကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်း ခံရလျှင်ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်သုံးသောင်းထက်မပို သောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေချမှတ်ရမည်ဟု ဖော်ပြ ပါရှိထားသည်။

ခန့်ခန့်(ဒဿနိက)(The hot news weekly journal)



Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>