Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ရန်ကုန်တက္ကသိုလ် ကမ္ဘာ့အလယ်ပြန်တင့်တယ်ရန် ဒေါ်အောင်ဆန်းစုကြည် အဆိုတင်သွင်း

$
0
0
photo..Ko minn facebook

ပညာရေးနှင့်ပတ်သတ်သောအဆိုကို ဒေါ်အောင်ဆန်းစုကြည်က "ကျမအနေနဲ့ အရေးကြီးတယ်လို့သတ်မှတ်ထားတဲ့ အကြောင်းလေးကို ရှင်းပြချင်ပါတယ်။ကျမတို့နိုင်ငံဟာ ပညာရေး အဆင့်အတန်းအမတန်လိုနေတယ်ဆိုတာကတော့ ဘယ်သူမှငြင်းမဲ့ ကိစ္စမဟုတ်ပါဘူး။ပညာရေးနဲ့ပတ်သတ်ပြီးဆိုလို့ ရှိရင်အရေးကြီးတာက ဒီနေ့တင်လုပ်ရမဲ့ ကိစ္စမဟုတ်ပါဘူး ၊မနေ့တနေ့တည်းက လုပ်ရမဲ့ကိစ္စဖြစ်ပါတယ်။ခုချိန်မှာ ကျမတို့နိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကိုဖြောင့်ဖြူးဖို့အတွက် ကူညီချင်တဲ့စေတနာရှိတဲ့ သူတွေကလည်းပါဝင်ပြီးတော့ ကူညီချင်တဲ့ အနေအထားမှာ ရှိနေတုန်း ဒီအခွင့်အရေးကို လက်မလွတ်အောင် ယူရမယ်လို့ ကျမ ယုံကြည်ပါတယ်၊အခု ပညာရေးမြှင့်တင်ရေး နဲ့ပတ်သတ်လို့မနက်တုန်းက ဒေါက်တာစိုးရင်ပြောသွားခဲ့တာလည်းကြားရပါတယ်၊

လှိုင်တက္ကသိုလ်ကျောင်းပြောင်းသွားတဲ့ အခါမှာ campus life ပေါ့ ၊ကျမကတော့ ဒါကို တက္ကသိုလ်ပရ၀ဏ်အတွင်းလို့ပဲ ဘာသာပြန်ချင်ပါတယ်၊ဘာဖြစ်လို့လဲဆိုတော့ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ အတွေ့အကြုံဆိုတာဟာ စာသင်းခန်းထဲမှာနဲ့ မလုံလောက်ပါဘူး၊ စာသင်ခန်းထဲမှာပဲသင်ပေးလိုက်တဲ့ပညာတွေဟာ မလုံလောက်ပါဘူး၊တက္ကသိုလ်ကျောင်းသူကျောင်းသားများအနေနဲ့ လူမှုရေးနဲ့ပတ်သတ်လို့ အရည်အချင်းတွေဖြည့်ဆည်းဖို လိုပါတယ်၊ဒီလို အရည်အချင်းတွေ ရဖို့ဆိုတာဟာ တက္ကသိုလ် ပရ၀ဏ်အတွင်းဘ၀ဟာ အရေးကြီးပါတယ်၊ကျမတို့ ရန်ကုန်တက္ကသိုလ်ဟာ သမိုင်းအရ ပညာရေးဘက်မှတွင် မဟုတ်ဘူး၊နိုင်ငံရေးဘက်မှာလည်း အင်မတန်မှအရေးပါတဲ့ ပုဂ္ဂိုလ်ကြီးတွေ မွေးထုတ်ပေးခဲ့ပါတယ်။တက္ကသိုလ်များဟာ စံချိန်မီလို့ရှိရင် ဒီလိုပဲဖြစ်ရမှာပါ၊နိုင်ငံတကာမှာကြည့်လိုက်ရင် အထင်ရှားဆုံးတက္ကသိုလ်တွေ က နိုင်ငံ့ခေါင်းဆောင်တွေ အသီးသီးဖော်ထုတ်ပေးလိုက်တာအများကြီးရှိပါတယ်၊

ကျမတို့နိုင်ငံမှာလည်းတချိန်တခါတုန်းက ဒီလိုဖြစ်ခဲ့ပေမဲ့ အခြေအနေဟာအများကြီး ပြောင်းသွားပါပြီ၊အခုပြန်ပြီးပြောင်းလဲလို့ရတဲ့ အချိန်မှာပြန်ပြီးပြောင်းလဲရမယ်လို့ ကျမ ယုံကြည်ပါတယ်။ရန်ကုန်တက္ကသိုလ်မှာ ဆိုလို့ရှိရင် အစတုန်းကပညာရှင်တွေဟာ လွတ်လွတ်လပ်လပ်နဲ့ တစ်ယောက်နဲ့တစ်ယောက်တိုင်ပင်ဆွေးနွေးပြီးတော့ ပညာအရည်အသွေးမြင့်နိုင်တဲ့ အနေထားရှိခဲ့ပါတယ်။ဝိဇ္ဇာသင်တဲ့သူက ၀ိဇ္ဇာသင်ပြီးတော့ သိပ္ပံသင်တဲ့သူက သိပ္ပံပဲသင်မယ် ၊တခြားဘာသာရပ်တွေကိုဒီလိုပဲခွဲခြားမယ်ဆိုရင် လူတစ်ယောက်ရဲ့အရည်အချင်းတွေကပြည့်စုံတယ်လို့ပြောလို့မရပါဘူး၊

ဒါကြောင့်ကျမတို့ဟာ တက္ကသိုလ် ပရ၀ဏ်ဘ၀ ရှင်သန်ရေးဆိုတာဟာ ကိုယ့်ဘာသာမတူတဲ့၊ကိုယ်ယူတဲ့ ဘာသာမတူတဲ့ကျောင်းသားအချင်းချင်းမှာလည်း နှီးနှော ဖလှယ်နိုင်ေ အာင်လို့၊ပြီးတော့လည်းဘ၀တစ်သက်တာအတွက် မိတ်ဖြစ်ဆွေဖြစ်ပေါင်းသင်းနိုင်အောင်လို့ဆိုတာလဲ အများကြီးပါပါတယ်၊ကျမတို့ ဒီလိုဗဟိုကျတဲ့ တက္ကသိုလ်တက္ကသိုလ် တစ်ခု အင်မတန်မှ အရည်အသွေးမြင့်တဲ့နေရာတစ်ခုလို့ဆိုတာမှာ၊ဒီလိုနေရာတစ်ခုကို သုညကနေစပြီးဖန်တီးမဲ့နေရာမှာရဖို့ဆိုတာ မလွယ်ပါဘူး၊ဒါပေမဲ့ရန်ကုန်တက္ကသိုလ်မှာတော့ အခြေခံရှိပြီးသားလို့ ကျမတို့ဒီလိုမြင်ပါတယ်၊တချိန်တခါတုန်းက အင်မတန်မှအစဉ်အလာကောင်းခဲ့ပြီးတော့၊အခုလည်းပြန်ပြီးတော့ပြုပြင်မယ် ၊ မွမ်းမံမယ်ဆိုလို့ရှိရင် အရင်တုန်းကလို အရည်အသွေးတွေမြင့်လာနိုင်မယ့် အနေအထားတစ်ခုရှိပြီးသား။

ဒီမှာကျမတစ်ခုပြောတဲ့အခါမှာ နေရာဆိုတာပထ၀ီအရတည်နေရာကိုပြောတာမဟုတ်ပါဘူး၊အဆောက်အအုံကိုပြောတာပါ၊ဒေါက်တာစိုးရင်ပြောသွားတာ မှာ လှိုင်တက္ကသိုလ်ရဲ့ အနေအထားကိုပြောသွားပါတယ်၊အင်မတန်မှကောင်းမွန်တဲ့ အနေအထားဖြစ်တယ်၊ တက္ကသိုလ်တစ်ခုရဲ့အင်္ဂါရပ်တွေနဲ့ကိုက်ညီတဲ့အနေအထား တစ်ခုဖြစ်တယ် ဆိုတာကို ပြောသွား ပါတယ်၊အခုလှိုင်တက္ကသိုလ်ကို ဘယ်လိုနည်းနဲ့သုံးစွဲနေလဲဆိုတာကို ဒုပညာရေးဝန်ကြီး ဦးဘရှိန်ရှင်းသွားတာကာတော့ဌာနဆိုင်ရာတွေရှိတယ်ဆိုတာတော့ ရှင်းသွားပါတယ်၊ ဒါပေမဲ့ကျမသိပ်ပြီးတော့မရှင်းပါဘူး၊ဒီဟာတွေဟာ ဘွဲ့ကြိုကျောင်းသူကျောင်းသားတွေ အတွက်လား၊ဘွဲ့လွန်ကျောင်းသူကျောင်းသားတွေ အတွက်လားဆိုတာသိပ်ပြီးတော့ မရှင်းပါဘူး၊ကျမအမြင်မှာတော့ဒါဟာ ဘွဲ့လွန်ကျောင်းသူကျောင်းသားတွေအတွက်လို့ထင်ပါတယ်၊တက္ကသိုလ်မှာတကယ့်ကို တက္ကသိုလ်ဘ၀ကိုနားလည်ဖို့ တက္ကသိုလ်ဘ၀ ရဲ့သင်ခန်းစာတွေကိုယူနိုင်ဖို့ဆိုတာ ဘွဲ့ကြိုကျောင်းသားတွေ အဆင့်ကပိုပြီးယူနိုင်တာဖြစ်ပါတယ်၊

အဲကြောင့်၇န်ကုန်တက္ကသိုလ်လို့ ကျမပြောတဲ့အခါမှာ တည်နေရာအရ ကန့်သတ်မှုမထားပဲနဲ့ ရန်ကုန်တက္ကသိုလ်နဲ့ မဝေးလှတဲ့လှိုင် နဲ့ ဆက်ပြီး လုပ်ဖို့သင့်ရင်လည်း လုပ်လို့၇အောင်လို့ ဒါကိုရှင်းအောင်လို့ ကျမပြောသွားတာပါ၊နို့မိုဆိုရင် အရင်တုန်းက ရန်ကုန် ၀ိဇ္ဇာနဲ့ သိပ္ပံ တက္ကသိုလ်ပရ၀ဏ် အတွင်း မှာပဲလုပ်စေချင်တဲ့ ထင်မြင်ချက် ဖြစ်သွားမှာ ပါ၊တက္ကသိုလ်တစ်ခုတည်းမှာ ဘာသာရပ်မျိုးစုံသင်နိုင်ရမယ်၊သုတေသနပြုနိုင်တဲ့ အခြေအနေတွေ ရှိရမယ်၊သုတေသန ပြုတဲ့ နေရာမှာဆရာတွေ ဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေဟာ ပူးပေါင်းပြီးဆောင်ရွက်နိုင်တဲ့ အနေအထားရှိ၇မယ်၊အဲဒိတော့မှ ဆရာ၊ဆရာမတွေကြားထဲမှာ လည်းသံယောဇဉ်ဖြစ်တယ်၊ တစ်ယောက်နဲ့တစ်ယောက်လည်းပိုပြီးတော့သိကြသွားတယ်၊နောက်ပြီးတော့ရေရှည်မှာဆက်ပြီးတော့ သုတေသနလုပ်ငန်းတွေလုပ်ဖို့ဆိုတာလည်းပိုပြီးတော့ အဆင်ပြေသွားပါတယ်၊

ဒါကြောင့် ကျမတို့နိုင်ငံမှာပညာရေးအဆင့်မြှင့်ဖိုဆိုလို့ရှိရင် တစ်နေရာကသတ်သတ်မှတ်မှတ်လုပ်လို့ရှိရင်ကောင်းမယ် ကျမထင်ပါတယ်၊မကြာခင်ကာလတုန်းကကျမတို့ကော်မတီ များအစည်းအဝေးမှာလည်းပညာရေးဆိုင်ရာကော်မတီ က ပြောသွားတာရှိပါတယ်၊နေရာတိုင်းမှာ မလုပ်နိုင်ရင်တောင် စတဲ့နေရာလေးက ဖြစ်နိုင်အောင်လုပ်ရမယ်ဆိုတာကို တင်ပြသွားတာ အင်မတန်မှန်ပါတယ်၊ရန်ကုန်တက္ကသိုလ်က လုပ်မယ်ဆိုရင် အင်မတန်မှထိရောက်နိုင်ပါတယ်၊တက္ကသိုလ်တစ်ခုရဲ့ အင်္ဂါရပ်ပေါင်းစုံနဲ့ညီအောင်လို့ကျမတို့ ဘယ်လိုပြန်လုပ်မလဲ၊ကျမတို့နိုင်ငံမှာ အမှန်ပြောရရင် နိုင်ငံတကာတက္ကသိုလ်တွေကို အဆင့်မီတဲ့ တဲ့တက္ကသိုလ်ဆိုတာ အခု လုံးဝမရှိတော့ပါဘူး၊

အရင်တုန်းကတော့ ရန်ကုန်တက္ကသိုလ်ဟာ နိုင်ငံတကာနဲ့ယှဉ်နိုင်တဲ့ အနေအထားမှာရှိခဲ့ပါတယ်။အဲဒီတော့ ဒီတက္ကသိုလ်ကို ပြန်လည်မွမ်းမံပြီးတော့ ပြုပြင်မယ်ဆိုတာ ကျမက အဆောက်အအုံတွေတင်ပြောတာမဟုတ်ပါဘူး၊ သင်နည်းစနစ်တွေ၊ဖွဲ့စည်းပုံတွေ၊နောက်ပြီးတော့ ကျောင်းသူကျောင်းသားများရဲ့ဘ၀ကိုကြေညာထားရပါမယ်၊တက္ကသိုလ်ဆိုတာဟာ ကျောင်းသူကျောင်းသားများကိုဗဟိုပြုတဲ့နေရာသာဖြစ်ရပါမယ်၊ဗဟိုပြုတဲ့ ကျောင်းသူကျောင်းသားများဟာလည်းဘွဲ့ကြိုကျောင်းသူကျောင်းသာတွေဖြစ်ဖို့ အရေးကြီးပါတယ်၊ဒီလိုဖြစ်နိုင်ဖို့ကျမကဒီလိုပြုပြင်မွမ်းမံဖို့တိုက်တွန်းတာဖြစ်ပါတယ်၊အခု အချိန်မှာ ကျမတို့ ပညာရေးနဲ့ပတ်သတ်လို့ထောက်ပံ့ချင်တဲ့ အလှူရှင်တွေက အများကြီးကမ်းလှမ်းလာတာရှိပါတယ်။ကမ်းလှမ်းတာကို သတ်သတ်မှတ်မှတ်ဘယ်လိုလုပ်မယ်၊ဘာလုပ်ချင်သလဲ၊ရတဲ့ပံ့ပိုးငွေကိုဘယ်လို သုံးမလဲဆိုတာကို အလှူရှင်တွေက တိတိကျကျသိချင်ပါတယ်၊ဒီဟာတွေကို ခွဲပြီးတော့ သုံးလိုက်မယ်ဆိုတစ်ခါတစ်လေ ဆိုရင် ဟိုနည်းနည်းဒီနည်းနည်းနဲ့ ဘာမှ အရာမရောက်နိုင်တဲ့အခြေအနေဖြစ်သွားပါတယ်၊

ရန်ကုန်တက္ကသိုလ်လိုတစ်နေရာထဲမှာ သေသေချာချာကြီးကြပ်ပြီး အောင်မြင်အောင်လုပ်မယ်ဆိုရင် အလှုရှင်တွေကလည်း အားတက်မယ်။နောက်ပြီတော့ ကူညီပံ့ပိုးချင်တဲ့စိတ်တွေလည်းဖြစ်လာမှာပါ ။မကြာခင်တုန်းကဆိုတာ ၁၀ စု နှစ်အတွင်းမှာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာလျောက်ခဲ့တဲ့ တစ်ချို့နိုင်ငံတွေမှာစောစောပိုင်းက မျှော်လင့်ချက်တွေ မဖြစ်လာတဲ့ အခါကြတော့ အလှုရှင်များဟာ စိတ်ပျက်သွားတဲ့ အနေအထားရှိပါတယ်၊သူတို့ ဂရုဏာသက်ခြင်းဟာလျော့လျော့သွားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ပေးလိုက်တဲ အကူအညီတွေဟာ အဟောသိခံ ဖြစ်သွားတာများလို့၊ကျမတို့ နိုင်ငံဟာဒီလိုမဖြစ်အောင် အင်မတန်မှ သတိထားရမှာပါ၊ရန်ကုန်တက္ကသိုလ် တစ်နေရာကိုထိထိမိမိနဲ့ အဆင့်မြှင့်တက္ကသိုလ်ကြီးဖြစ်အောင်လုပ်ပေးနိုင်မယ်ဆိုရင် အလှူရှင်တွေကလည်းအားတက်ပြီးနောင်ဆက်ပြီးတော့ ထောက်ပံ့ချင်တဲ့ အနေအထားမှာရှိမှာပါ၊အခုကမ္ဘာမှာရှိတဲ့ အကောင်းဆုံးအဆင့်မြင့်ဆုံးတက္ကသိုလ်တွေကလည်း ဒီလိုစီမံကိန်းမျိုးကိုဝိုင်းဝန်းပြီးကူညီဖို့ အဆင်သင့်ရှိတယ်ဆိုတာလည်း ကျမသိရပါတယ်။ဒါကြောင့်အခွင့်အရေးရှိတုန်းကို ကျမတို့ရဲ့နိုင်ငံရဲ့ အဆင့်မြှင့်ပညာရေးဒီထက်ဒီထက်ပိုပြီးမြင့်အောင်၊ ကမ္ဘာ့စံချိန်မီနိုင်ဖို့အတွက်ကျမဒီအဆိုကို တင်သွင်းရခြင်းဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူများနဲ့ လွှတ်တော်အတွင်းက ကော်မတီ၊ ကော်မရှင် အဖွဲ့ အဖွဲ့ဝင်များ၊ဘာသာရေး ကျွမ်းကျင်သူများနောက်ပြီးတော့ အသိပညာအတတ်ပညာရှင်များ အားလုံးစုပေါင်းပြီးတော့ကြီးကြပ်ပြီး လုပ်သွားမယ်ဆိုလို့ရှိရင်၊မြန်မြန်ဆန်ဆန် နဲ့ ဒီစီမံကိန်းကို စနိုင်မှာပါ၊ခုခေတ်ဆိုတာ မြန်မြန်ဆန်ဆန်လုပ်မှ လည်းအထမြောက်ပါတယ်၊အချိန်ဆွဲနေရင် ကူညီချင်တဲ့သူတွေက စိတ်ပါဝင်စားမှုလျော့သွားတက်ပါတယ်၊ကျမအနေနဲ့ ပြည်ထောင်စု အစိုးရဟာဦးဆောင်ပြီးတော့ဒီလိုကြီးကြပ်ရေးအဖွဲ့ပေးပြီးတော့ ရန်ကုန်တက္ကသိုလ်ပြုပြင်မွမ်းမံရေးနဲ့ အဘက်ဘက်ကနေပြီး အရင်တုန်းကလို တက္ကသိုလ်ကြီး၊ကမ္ဘာ့ အလည်မှာ လျှမ်းလျှမ်းတောက်ပညာရေးဌာနကြီး၊တက္ကသိုလ်ကြီးဖြစ်သွားအောင် လို့ ပြည်သူပြည်သားတွေက ဖြစ်စေချင်တယ်လို့ကျမယုံကြည်ပါတယ်၊အဲဒီယုံကြည်ချက်အရ ဒိအဆိုကိုတင်သွင်း တာဖြစ်ပါတယ်"ဟု ပြည်သူ့လွှတ်တော်သို့ တင်သွင်းပြောကြားခဲ့သည်။

အောင်ထက် ( NYK )
Popular Myanmar News Journal



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...