Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဝါ၀ါဝင်းရှေ့ကလယ်သမားတွေ ဇာတ်နာလွန်းပြီ

$
0
0

သမ္မတရုံးက ဆန္ဒပြအရေးတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိတာ ၊ လယ်သမားတွေ အရေး သမ္မတကိုယ်တိုင်က သွေးထိုးမြှောက်ပင့်သူတွေကြောင့် ဆိုပြီး ပြောဆိုထားတာတွေ အပေါ်မှာ ရော ဘယ်လိုများ ထုတ်ပြန်ချင်ပါသလဲ ဗျာ . . . သမ္မတကြီးကိုယ်တိုင်ပေါင်းစားထားလေရော့သလား . . . . အစိုးရ ဆိုတာကို ..... အလုံးကြီးကြီးနဲ့ ကိုင်တုတ်နေရမလို ဖြစ်နေပြီ
တော်ဝင်ဆန္ဒပြအလုပ်သမားတွေဟာ သူတို့ရဲ့ ဆန္ဒပြတောင်းဆိုမှုဟာ ခုံသမာဓိရဲ့ ဆုံးဖြတ်ချက် အရ တောင်းဆိုချက် (၅)ချက်မှ (၄)ချက်ကို အလုပ်ရှင် နှင့် အလုပ်သမား ပြေလည်အောင် ညှိနှိုင်းပေးခဲ့တဲ့ အတွက် ဆန္ဒဖော်ထုတ်ခြင်း (၁၈)ရက်မြောက်နေ့ဖြစ်တဲ့ ဒီကနေ့မှာ ရပ်ဆိုင်းလိုက်ပါတယ်။ သူတို့တွေ ဆန္ဒဖော်ထုတ် နေစဉ်မှာ လှိုင်သာယာပဒံက လယ်သမားတွေဟာ ရရှိတဲ့ စားသောက်ဖွယ်ရာတွေ ခွဲဝေကူညီ ထောက်ပံ့ပေးခဲ့ တာကြောင့် လယ်သမားများ ဆန္ဒဖော်ထုတ်ရာ ၀ါဝါ၀င်း ကုမ္ပဏီရှေ့ကို ချီတက်ခဲ့ပါတယ်။
ဝါ၀ါဝင်းကုမ္ပဏီရှေ့အရောက်မှာ ညှိနှိုင်းဖြေရှင်းထားတယ်ဆိုတဲ့ ဇုန်အပိုင်း(၂)ထဲက လယ်သူမကြီး ဒေါ်ခင်ညိုနှင့် မချိုမာတို့ဟာ “ ဦးသိန်းစိန်ရယ် သမီးတို့ကိုကယ်ပါဦး။ အမေစုရယ်သမီးတို့ကို
ကယ်ပါဦး။ အဘဦးဝင်းချိုရယ် ကျွန်မတို့ကို ပစ်မထားပါနဲ့။ ကိုဝေဠုတို့ရယ် ကျွန်မတို့ကို ကူညီပါ။ ၀န်ကြီးက ညှိပေးမယ် ဆိုလို့ ယုံကြည်ပြီး ပြန်သွားတာ။ အမေလည်း မရှိတော့ဘူး မိုးထဲရေထဲမှာ ဆန္ဒပြရင်း သေပြီ။ အကိုကြီးစိန်ပေါလည်း ဆေးရုံတင်ထားရပြ” ဟု အော်ဟစ်ငိုကြွေးနေသော မြင်ကွင်းကို စတင်မြင်တွေ့ရပြီး ရောက်ရှိလာသော အလုပ်သမားများမှလည်း ၀မ်းနည်းကြေကွဲကာ လယ်သမားများအရေး ပူးပေါင်းတောင်းဆိုသွားမည် ဖြစ်ကြောင်းဖြင့်ကြွေးကြော် သွားကြသည်။

ဆန္ဒပြရာ နေရာသို့ ဇုန်အပိုင်း(၂)မှ လယ်သမား၃ဦး ရောက်ရှိလာရာ လယ်သမားဦးကြည်ရွှင်မှ “ဒီနေ့မနက်မှာ ခြံစည်းရိုးတွေခတ်တယ်။ ၀ါဝါ၀င်းကုမ္ပဏီ အလုပ်သမားတွေနဲ့ ကျွန်တော်တို့ ထိပ်တိုက်တွေ့တယ်။ ၀ါဝါ၀င်းကုမ္ပဏီက ညှိနှိုင်းမှု အဆင်မပြေသေးခင်မှာ လုပ်ငန်းတွေ ရပ်ဆိုင်းပေးထားပါမယ်လို့ပြောထားတယ်။ ဒေါ်ဆန်းဆန်းဝင်းကို ဖုန်းလှမ်းဆက်တဲ့အခါမှာ သူ့အနေနဲ့ တာဝန်မရှိပါဘူးတဲ့။ လျော်ဖို့ မလျော်ဖို့အတွက်ကိုလည်း သူ့မှာဘာမှ တာဝန်မရှိတဲ့အတွက် ဘာမှ မတတ်နိုင်ပါဘူးတဲ့။ လုံခြုံရေး ၀န်ကြီး ဦးတင်ဝင်းရှေ့မှာ ပြောထားတဲ့ကတိအတိုင်းလည်း မဖြစ်တော့ ၀န်ကြီးကို ဖုန်းဆက်တဲ့အခါ ဥပဒေလမ်းကြောင်းအတိုင်းသာ ဆက်လုပ်ပါတဲ့။ ကျွန်တော်တို့ ဥပဒေလမ်းကြောင်း အတိုင်းလည်းလုပ်ခဲ့ပြီးပါပြီ။ လမ်းပေါ်ရောက်လာတဲ့အထိ ဘယ်သူမှ တာဝန်ယူဖြေရှင်းမပေးဘူး။ ဒီနေ့မနက်မှာလယ်ယာမြေထဲက အခြေအနေက သူတို့ဘက်က တုတ်၊ဓားလက်နက်ကိုင်ပြီး ကျွန်တော်တို့ လယ်သမားတွေ အပေါ်မှာ ရန်ရှာလာတဲ့အထိ ဖြစ်လာတယ်။ ” လို့ ပြောပါတယ်။

တစာစာ ငိုကြွေးနေသော မြင်ကွင်းကို ကြည့်၍ လှိုင်သာယာလယ်သမားများအရေး ဆောင်ရွက်ပေးနေသူ ကိုဝေဠုမှ “ ကျွန်တော်တို့ လယ်သမားတွေ မျက်ရည်ကျတာကို ဒီ့ထက်ပိုပြီး ကြည့်မနေနိုင်ပါဘူး။ ပြည်သူတွေရဲ့ တောင်းဆိုမှုကို ညှိနှိုင်းဆွေးနွေးတယ်ဆိုပြီး လူထုလှုပ်ရှားမှုတွေ ရပ်တန့်ရုံသက်သက် မလုပ်ပါနဲ့။ ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး။ သူတို့မျက်ရည်တွေ သိပ်ကျလာရင် ဆင်းရဲမွဲတေမှု ပပျောက်အောင် ဆောင်ရွက်နေပါတယ် ဆိုတဲ့ အစိုးရကို လုံးဝလက်မခံနိုင်ဘူး။” ဟုပြောဆိုသွားသည်။
လှိုင်သာယာ အနော်ရထာစက်မှုဇုန်အပိုင်း(၁)မှ လယ်သမားများ ဆန္ဒဖော်ထုတ်ခြင်း ၁၂ရက်မြောက်နေ့ အထိ ရောက်ရှိခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိသေးဘဲ ယနေ့တွင် ညှိနှိုင်းအဆင်ပြေပြီဟု ယူဆရသော အပိုင်း(၂) လယ်သမားများပါ ထပ်မံရောက်ရှိလာခြင်း ဖြစ်သည်။ ထိုသို့ မလိမ့်တပတ် ဆောင်ရွက်သည်ဖြစ်၍ အပိုင်း(၂)မှ လယ်သမားများပါ ပူးပေါင်းဆန္ဒဖော်ထုတ်ကြတော့မည် ဖြစ်ကြောင်း သိရှိရသည်။
The Season News



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>