Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ငလျင်ဘေးသင့်ဒေသခံပြည် သူများအတွက် NLD ပါတီမှ ငွေကျပ်သိန်းတစ်ရာ မတည်လှုဒါန်း

$
0
0
ငလျင်ဘေးသင့်ဒေသခံပြည်သူများအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဗဟိုလူမှု အထောက် အကူပြု အဖွဲ့မှ ကျပ်ငွေသိန်း၁၀ဝလှူဒါန်း လိုက်ကြောင်း ယင်းပါတီပြောခွင့်ရသူ ဦးအုန်းကြိုင် ကပြောသည်။

''စစ်ကိုင်းကိုသိန်း၅၀၊ မန္တလေး ကိုသိန်း၅ဝဆိုပြီးလှူပါတယ်။ အခုဒီနေ့ မနက်ပိုင်းကပဲပါတီဗဟို လူမှုအထောက် အကူအစည်းအဝေး ပွဲအရေးပေါ် လုပ်ခဲ့ ပါတယ်။ ကျွန်တော်တို့ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက် အရပါတီရဲ့ရန်ပုံ ငွေထဲကနေပြီး ငလျင် ဒဏ်သင့်ဒေသ တွေအတွက် မတည် ငွေထုတ်ပေး လိုက်ပါတယ်။ ဆက်လက်ပြီးလှူဒါန်းချင်တယ် ဆိုရင်လည်း လက်ခံပြီး သွား ရောက်ကူညီ ကယ်ဆယ်ရေးတွေ ကိုလုပ်ပေးပါမယ်'' ဦးအုန်းကြိုင်က ရန်ကုန်မှတစ်ဆင့် ကမ္ဘောဇ ဘဏ်ဖြင့် ယင်းဒေသများသို့ ငွေလွှဲနေစဉ် ရန်ကုန်မီဒီယာဂရု(ပ်)သို့ ပြော သည်။

လက်ရှိငလျင်ဘေးဒဏ်သင့် မန္တလေးနှင့်စစ်ကိုင်းမြို့များတွင် ပါတီ၏ ကိုယ်စားလှယ်များမှ ကွင်းဆင်း လုပ်ဆောင် လျက်ရှိကြောင်း ဦးအုန်းကြိုင်ကပြော သည်။

''စစ်ကိုင်းမှာဆို အမျိုးသား လွှတ်တော်ကိုယ်စားလှယ် အမတ် ဒေါက်တာမြင့်နိုင်၊ မန္တလေးမှာဆို ကိုမျိုး အောင်တို့ကကွင်းဆင်း လုပ်ဆောင် နေကြပြီးနောက်ဆုံးအခြေ အနေတွေကိုနေကြပြီး သတင်း တွေပို့ပေး နေပါတယ်'' ဟုလည်းဦးအုန်းကြိုင်ကပြောသည်။

''ရွှေဘိုဆေးရုံမှာဆိုရင် ကျောက်မြောင်းကလူနာ၁၅ယောက် ရောက်လာတယ်။ လူနာနှစ်ယောက်က ခါးကျိုးလို့ မန္တလေးဆေးရုံကို လွှဲပေးလိုက်တယ်လို့ သိရတယ်။ ပါတီဗဟိုကပို့ပေးလိုက်တဲ့ ကူညီငွေတွေ ကို တော့ မနက်ဖြန်မှာ ဆက်ပြီးလုပ်ဆောင် သွားဖို့စီစဉ်ထားတယ်။ လက်ရှိမှာကွင်း ဆင်းလုပ်ဆောင် နေတဲ့သူတွေပြန်လာ တဲ့ အချိန်မှပဲ အစည်းအဝေးလုပ်ပြီး ဆက်လက် လုပ်ဆောင်သွား ပါမယ်''ဟု စစ်ကိုင်းတိုင်းအန်အယ်လ်ဒီပါတီဝင် ဒေါ်တင့်တင့်ကပြောသည်။

Yangon Media Group



Viewing all articles
Browse latest Browse all 32865

Trending Articles


လုလုအောင် HD အသစ်


Washington DC မှာ MS-13 ဂိုဏ်းက အမျိုးသားတစ်ဦး ကိုခေါင်းဖြတ်သတ်


ဇီးပင်ကြီးနှင့် ဖောင်ကြီးမှ လေထန် နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


စနေမင်း နှင့် တနင်္ဂနွေမင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


⁠နှင်းဆီပင် စိုက်ပျိုး⁠ခြင်း အပိုင်း – (၂)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>