Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

နိုင်ငံကျော်ကာတွန်းဇာတ်ကောင် မြိုင်ရာဇာတွတ်ပီက သူကံမကောင်းသေးကြောင်းပြောကြား

$
0
0
ကွယ်လွန်ရှာသည်မှာ (၇) နှစ်ရှိပြီဖြစ်သည့် ကာတွန်းပညာ ရှင် ဆွေမင်း(ဓနု ဖြူ)၏ နာမည် ကြီးကာတွန်း ဇာတ်ကောင်ဖြစ် သော မြိုင်ရာဇာတွက်ပီသည် အပြင်လောကတွင် ယနေ့ထိ သက်ရှိထင်ရှားအရှင် လတ်လတ် ရှိနေသည်။

သို့သော် ကာတွန်း ထဲကအတိုင်း ယနေ့အထိ တွက်ပီ ကံမကောင်းသေးကြောင်း ၎င်း ကိုယ်တိုင်ဖွင့်ဟ ပြောကြားသည်။ မြိုင်ရာဇာတွက်ပီသည်တိုင်း ပြည်အတွက် သက်စွန့်ဆံဖျား စစ်တိုက်ခဲ့သော စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်ကာ တိုက်ပွဲတွင် ရရှိခဲ့ သော ဒဏ်ရာများကြောင့် စစ် တပ်မှ ထွက်ပြီး မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာ၌ နေထိုင်လျက် လယ်ယာလုပ်ကိုင် နေခဲ့ရာ ၎င်းယာမြေများအား သိမ်းဆည်းခံရသဖြင့် မင်္ဂလာဒုံ မြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာ အမှတ်(၃)လမ်းမကြီး ညောင်ပင် မှတ်တိုင် မိုင်တိုင်အမှတ် (၆/၇) အနီးတွင် မြိုင်ရာဇာ တွက်ပီ အမည်ဖြင့် လိုင်စင်ရ ထန်းရည် ဆိုင် ဖွင့်လှစ်ရောင်းချ အသက် မွေးလျက်ရှိသည်။ သူ၏ ဘ၀ အတွေ့အကြုံများကို အခြေခံ၍ ဆရာဆွေမင်း (ဓနုဖြူ)က မြိုင်ရာ ဇာတွက်ပီကို ရေးဆွဲခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိ မြိုင်ရာဇာတွက်ပီ၏
ထန်း ရည်ဆိုင်ဆိုသည့် ဆိုင်းဘုတ်မှာ လည်း ဆရာဆွေမင်း (ဓနုဖြူ) ကိုယ်တိုင်ရေးဆွဲပေးခဲ့သည့် မူလ လက်ရာဖြစ်ကြောင်း သိရှိရသည်။

မြိုင်ရာဇာတွက်ပီက ပြော ကြားရာတွင် ““ကျွန်တော် ဒီနေ့ထိ ကံမကောင်းသေးဘူး၊ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ မသေမပျောက် စစ်တပ်က ထွက်လာပြီး လယ် လုပ်စားခဲ့ရတယ်။ ကိုယ်လုပ်နေ တဲ့ လယ်လေး အသိမ်းခံရတယ်။ ဘာမျှပြန်မရဘူး။ လက်နဲ့ဖ၀ါး ဖြစ်သွားလို့ ထန်းရည်ဆိုင်လေး ဖွင့်ပြီး ထမင်းစားနေရတယ်။ အခု ကျွန်တော်အပါအ၀င် အိမ် ထောင်စု တော်တော်များများရဲ့ အိမ်တွေကို ပိုက်လိုင်းချဖို့ မလွတ် ဘူးဆိုပြီး စည်ပင်က အတင်း အ ကျပ်ဖျက်သိမ်းဖယ်ရှားခိုင်းနတယ်။ လွတ်အောင်လုပ်လို့လည်း ရပါ တယ်ဗျာ။ ကျွန်တော်တို့ ဒုက္ခ ရောက်ပါပြီ။ ဘ၀ပျက်ပါပြီ။ တွက်ပီဒီနေ့ထိ ကံမကောင်း သေးဘူး””ဟု ပြောသည်။

မြိုင်ရာဇာတွက်ပီနှင့်အတူ ဖယ်ရှားပေးရန် နို့တစ်အပေးခံရ သော အိမ်ခြေ(၄၀)ကျော်မှလည်း နိုင်ငံတော်သမ္မတကြီးထံ အသ နားခံစာတင်ထားကြောင်း သိရ သည်။

The Hot news weekly ဂျာနယ် ကိုရွှေမိုးအေး



Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>