Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မပြီးသေးသော မြန်မာ့ ဒီမိုကရေစီအရေးအား အိန္ဒိယပြည်သူများ ဆက်ကူရန် ဒေါ်စုပြော

$
0
0
နေရူးမိန့်ခွန်းပွဲမှာခန်းမအတွင်းကို စတင်ဝင်ရောက်လာစဉ်
India နိုင်ငံရဲ့ နိုင်ငံရေး ပဲ့ကိုင်ရှင်ကြီး ဆိုနီရာ ဂန္ဒီနဲ့အတူ နေရူးမိန့်ခွန်းပွဲ မှာ
ဒေါ်အောင်ဆန်းစုကြည် လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်တုန်းက ရေးသားထုတ်ဝေခဲ့တဲ့ Burma and India ဆိုတဲ့စာအုပ်ကို ဒီနေ့ဒုတိယအကြိမ် ပြန်လည် ထုတ်ဝေလိုက်ပါတယ်။ နေရူးမိန့်ခွန်းဟောပွဲမှာ ပွဲဦးထွက် မိတ်ဆက်တင်ပြသွား။
နယူးဒေလီ (မဇ္ဈိမ)။ ။ နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၆ နာရီ ၁ဝ မိနစ်မှ စတင်၍ နာရီဝက်ကျော်ကြာ ပြောကြားခဲ့သော ဂျဝါဟာလာနေရူး အထိမ်းအမှတ် ဟောပြောပို့ချချက်အပြီးတွင် မြန်မာ့ဒီမိုကရေစီအရေးမှာ မပြီးဆုံးသေးဘဲ အိန္ဒိယ ပြည်သူများအနေဖြင့် ဆက်လက် ကူညီအားပေးကြရန် တိုက်တွန်းပြောကြားသွားသည်။

“အစိုးရဆိုသည်မှာ အပြောင်းအလဲ ရှိနိုင်တာဖြစ်တဲ့အတွက် ပြည်သူချင်း ဆက်ဆံရေးကို ပိုမိုခိုင်မြဲအောင် တည်ဆောက်ဖို့ လိုပါတယ်” ဟု ပြောဆိုသွားသည်။

ဧည့်ပရိသတ် တထောင်ကျော် တက်ရောက်သော အဆိုပါ ဟောပြောပို့ချပွဲသို့ နေရူးအထိမ်းအမှတ်အဖွဲ့နှင့် ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ မစ္စဆိုနီရာဂန္ဓီ၊ ကွန်ရက်ပါတီ အတွင်းရေးမှူး ရာဟူးလ်ဂန္ဓီတို့ အပါအဝင် အစိုးရဝန်ကြီးများ အိန္ဒိယနိုင်ငံရေး အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များလည်း တက်ရောက်လာကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောချက်တွင် ဂျဝါဟာလာ နေရူးနှင့် မြန်မာ့ လွတ်လပ်ရေးတိုက်ပွဲ ဆက်စပ်နေ မှု၊ ဒေါ်အောင်ဆန်းစုကြည် ၁၆ နှစ်သမီးအရွယ်က နေရူးအား နယူးဒေလီဘူတာရုံတွင် ပထမဆုံး တွေ့ဆုံခဲ့ပုံ တို့ကိုလည်း ထည့်သွင်း ပြောကြားသွားသည်။

ထို့ပြင် နေရူး၏ ဇနီး ကမလာ မမာမကျန်းဖြစ်နေစဉ်က နေရူးမှာ အင်္ဂလိပ် ကိုလိုနီသမားတို့၏ အကျဉ်းထောင်တွင်း ကျရောက်နေရပြီး ခေတ္တလာတွေ့စဉ် ဇနီးကပင် ၎င်းအား ပြန်လည်အားပေးကာ လွတ်လပ်ရေးတိုက်ပွဲအား ဆက်စေခဲ့ခြင်းကို ပြောပြသွားသည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်တွင် ကျခံနေရစဉ် ခင်ပွန်း မိုက်ကယ်အဲရစ် ကင်ဆာဝေဒနာ ခံစားခဲ့ရခြင်းနှင့် နှိုင်းချင့် ကိုယ်ချင့်ကာ စဉ်းစားဖွယ်ဖြစ်သည်။

ထို့ပြင် မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးခဲ့သူ အိန္ဒိယနိုင်ငံသားများလည်း တက်ရောက်ခဲ့ကြကာ မြန်မာနိုင်ငံသား ၁ဝဝ ကျော်လည်း လာရောက်နားထောင်ခွင့်ရခဲ့။
Photo..ခွန်ဒီးယမ် Facebook



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>