Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

နိုင်ငံရေး အကျဉ်းသားများအား ဓါးစာခံတွေလိုသဘောထားနေဟု ဒေါ်ခင်ဥမ္မာဆို

$
0
0
(မြန်မာနိုင်ငံကို ၃ပတ်ကြာရောက်လာခဲ့တဲ့ ပြည်ပရောက် ဒီမိုကရေစီလှုပ်ရှားသူ ဒေါ်ခင်ဥမ္မာက သူ့ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ရန်ကုန်မှာ ပြုလုပ်ခဲ့ပါတယ်။)

 မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများမရှိသင့်တော့ကြောင်းနှင့် နိုင်ငံတကာ ဧည့်သည်များလာလျှင် မျက်နှာပန်းလှ အောင် နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးခြင်းမျိုးမပြုလုပ်သင့်ကြောင်းမြန်မာ့အရေးလှုပ်ရှားသူများအဖွဲ့က ဒေါ်ခင်ဥမ္မာက ပြောဆိုသည်။

"မနေ့က နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးလိုက်တာ ဝမ်းသာပါတယ်။ ဒါပေမယ့် အိုဘားမားလာလို့လွှတ်ပေးတာဆိုရင် ကျွန်မ အိုဘားမားကို တစ်ပတ်တစ်ခါလောက် လာစေချင်ပါတယ်။ ဒါမှ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လွတ်မယ် ထင်ပါ တယ်။ တကယ်ဆိုရင် ဒီမိုကရေစီနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေဆိုတာ မရှိသင့်တော့ဘူး အခုက နိုင်ငံရေးအကျဉ်းသား တွေကို ဓါးစာခံတွေလိုသဘောထားနေတယ်" ဟု သူမက ပြောကြားသည်။

ထို့အပြင်သူမကလွတ်မြောက်လာသောနိုင်ငံရေးအကျဉ်းသားများ၏ဘ၀ရပ်တည်ချက်အတွက်အစိုးရကလုပ်ဆောင် ပေးသင့်ကြောင်း ၊ သူတို့၏ ကျွမ်းကျင်လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပေးသင့်ကြောင်းကျန်းမာရေးစောင့်ရှောက်မှုများကို လည်း
လုပ်ဆောင်ပေးသင့်ကြောင်း သူမက ထည့်သွင်းပြောကြားသည်။

"အစိုးရက အဲလိုပဲလေ။ နည်းနည်းလေးတော့ တွစ်လုပ်လိုက်ရမှလေ။ ၁၆ ရက်နေ့ နေ့စွဲနဲ့လွှတ်ထားတယ်။အိုဘားမား မလာခင်ပေါ့ကွယ်။ အိုဘားမားက ၁၉ ရက်နေ့လာမယ်။ အိုဘားမားက ဆန်ရှင်လျှော့တယ်မဟုတ်လား။ အိုဘားမား ဆန်ရှင်မလျှော့ခင် ဒီအစိုးရက အရင်လျှော့ထားပါတယ်ပေါ့။ ၁၆ ရက်နေ့မှာလွှတ်တယ်ပေါ့။ အခုဟာက ၁၆ ရက်နေ့ လွှတ်ပေမယ့် ယုံကြည်မှုကသိပ်ပြီးမရှိသေးဘူး။ယုံကြည်မှုခိုင်ခိုင်မာမာရှိသွားတဲ့နေ့ဒီနေ့ကလွှတ်ပြီလေ။အိုဘားမားလာမယ်လို့ သေချာပေါက်သိသွားတဲ့နေ့ကျတော့လွှတ်ပြီလေ။ သူတို့က မျက်နှာကောင်းလည်း ရချင်သေးတယ်။ အိုဘားမား မလာဘူးဆိုရင် သူတို့က လွှတ်ချင်မှလွှတ်မှာ။" ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ မမီးမီက ပြောကြားသည်။

"မနက်သုံးနာရီက ကျွန်တော့်ကို လာနှိုးတယ်။ အထုပ်တွေပြင်ထားဆိုလို့ ကျွန်တော် မနက်သုံးနာရီကတည်းက အထုပ်တွေ ပြင်ထားတာ။ I continue to defy the dictatorship, to satire the dictatorship" ဟု ၁၉ရက် နေ့တွင် သာယာဝတီ အကျဉ်းထောင်မှ လွတ်မြောက်လာသူ ကိုလက်ျာထွန်းက ပြောကြားသည်။

"အစိုးရပိုင်းကလူတွေ ပြောတာကြားဘူးပါတယ်။ ငါးအကြီးကြီးတွေကို လွှတ်ပေးပြီးပြီပဲဗျာ။ ငါးအသေးလေးတွေလည်း လွှတ်မှာပေါ့။ မလောပါနဲ့ ဆိုတာမျိုးကို ပြောကြတယ်။ နိုင်ငံရေးအကျဉ်းသားတွေက ငါးတွေလည်းမဟုတ်ပါဘူး။ အကြီး တွေလည်း မဟုတ်ဘူး။ အသေးတွေလည်း မဟုတ်ဘူး။ အားလုံးကအတူတူပဲ " ဟု ဒေါ်ခင်ဥမ္မာက ဆိုသည်။

ဆုဝေThe Myanma Age



Viewing all articles
Browse latest Browse all 32865


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>