Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဆန္ဒပြမှုတွေကြောင့် ခရီးမရောက်ပဲဖြစ်နေတယ် လို့ပြောတဲ့ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဦးဝေလွင်

$
0
0
Photo..Irrawaddy

ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဦးဝေလွင် ရဲ့ လက်ပတောင်းတောင် စီမံကိန်း နဲ့ ပါတ်သက်ပြီး လွတ်တော်အတွင်း ရှင်းပြချက်ကိုနားထောင်ပြီး သတင်းစာမှာပါ သေချာအောင် နားလည်အောင်ဖတ်ခဲ့ပါတယ်..။ လက်မခံနိုင်တဲ့ အချက်ကိုပြောပါ့မယ်..။ ကျန်တာနောက်တော့ပြောမယ်..ဗျာ..။

နိုင်ငံတော်အနေ နဲ့ ဒီမိုကရေစီ ရှေ့ခရီးကို ချီတက်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်နေရာမှာ ဆန္ဒပြမှုတွေ နဲ့ ရင်ဆိုင်ကြုံတွေ့နေရတော့ ရှေ့ခရီး ကို မရောက်တော့ဘူး..။ နောက်ပြီး လွတ်တော်မှာဆွေးနွေးစဉ် ပါခဲ့ပေမဲ့ သတင်းစာမှာ တော့ ကျနော်ရှာတာ ဒီစကားလုံးကို မတွေ့တော့ဘူးဗျ...။ မိဘ တိုင်းဟာ သားသမီးတွေလိုချင်တာ ပူဆာသမျှ အားလုံးလိုက်လျော သင့်ပါသလား..။ သားသမီးတွေရှေ့ရေး ကောင်းဖို့ ရာအတွက် မလိုက်လျောသင့်ရင်လည်း မလိုက်လျောပဲနေတာမျိုးတွေ ရှိပါတယ်..လို့ ကျနော် ကြားမိပါတယ်..။ စကားလုံး တိတိကျကျ မဟုတ်ပေမဲ့ ဒီသဘောတရားပါပဲ..။

ဒီတော့ ခင်ဗျား တို့က မိဘ.. ကျန်ာတို့က သားသမီးပေါ့..။ ထားပါ..။ ဒါအရေးမကြီးပါဘူး..။ အရေးကြီးတာက မိဘ တိုင်းဟာ သားသမီးတွေ အပေါ် စေတနာ..၊ မေတ္တာ..၊ ဂရုဏာ..၊ စွန့်လွတ်အနစ်နာခံ တန်ဖိုးထားမှုတွေဟာ သံသယ ရှိစရာမလိုပါဘူး..။ ပြန်ပြီးမေးခွန်းထုတ်ဖို့ရာလည်း မလိုအပ်ပါဘူး..။

မိဘတိုင်းဟာသားသမီးတွေကို ကောင်းစားစေချင်ကြတာမို့ပါ...။ ဒါပေမဲ့... ခဗျာင်္းတို့မှာ အဲ့ဒီလိုဖြူစင်တဲ့ မိဘတွေရဲ့ စိတ်ထားမျိုးရှိပါ့မလားဗျာ..။ ဟာသ ပြတ်လုံးပြတ်နေတာများလား..။ ပြည်သူတွေအပေါ်ဘယ်တုန်းကများ စေတနာ..၊ မေတ္တာ..၊ ဂရုဏာ..၊ စွန့်လွတ်အနစ်နာခံ တန်ဖိုးထားမှုတွေ ပြသခဲ့ဖူးလို့လဲ..။ အလုပ် နဲ့ သက်သေ မပြဘူးဘဲနဲ့ စကားကို လွယ်လွယ်မပြောပါနဲ့လား..။ ပြောလို့ရော.. ပြည်သူတွေက ယုံကြပါ့မလား..။ မယုံတဲ့ ပြည်သူတွေမှာ အပြစ်မရှိပါဘူး.. ဒီလိုမယုံကြည်ရင်လည်း စောတက တက်စရာမရှိပါဘူး..။ ဆန္ဒပြကြတဲ့ ပြည်သူတွေမှာလည်း အပြစ်လဲမရှိပါဘူး..။ လုံးဝ အပြစ်ရှိနေတာက ခဗျာင်္းတို့ပါပဲ..။ တိုင်းပြည်ကို နှစ်ပေါင်း များစွာခေတ်နောက်ကျ ကျန်ခဲ့အောင်.. မွဲအောင်..လုပ်ခဲ့တာလည်း ခဗျာင်္းတို့ပါပဲ..။

ဒီတော့ တိုင်းပြည်တိုးတက်အောင် ခေတ်မီနည်းပညာတွေနဲ့ ဆောင်ရွက်ရာမှာ ဆန္ဒပြမှုတွေကြောင့် ခရီးမရောက်ပဲဖြစ်နေတယ် ဆိုတဲ့ ဆန္ဒပြသူတွေအပေါ် အပြစ်ပုံချ ချင်နေတဲ့ ခဗျာင်္းတို့ရဲ့ ခပ်နိမ့်နိမ့် အတွေးအခေါ်တွေကို လုံးဝ လက်မခံနိုင်ပါဘူး..။

(ဦးဝေလွင် ပြောတဲ့ တပ်မတော်သားတွေ နဲ့ မိသားစုဝင်တွေအတွက် အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ချက် နဲ့ တည်ထောင်ထားတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် ဟာ တပ်မတော်သား အများစုကို ပံ့ပိုးပေးနိုင်ပါရဲ့လား..ဆိုတဲ့ အကြောင်း ဒီရက်ပိုင်း မျက်မြင်တွေ့ခဲ့ရတဲ့ ကြေကွဲ ၀မ်းနည်းဖွယ် တပ်မတော်သား မိသားစု တစ်စုရဲ့အဖြစ်ကို နောက်နေ့မှာ ထပ်ပြီးပြောပါဦးမယ်...)

Ko nay myo Facebook



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>