Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင်ဆန္ဒထုတ်ဖော်

$
0
0
ရန်ကုန်မြို့ မြို့တော်ခန်းမတွင် ယနေ့ ညနေ (၄း၀၀)နာရီအချိန်ခန့်၌လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းတည်ဆောက်မှုနှင့် ပတ်သက်၍ကျေနပ်မှုမရှိသော ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့သည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် လက်ပန်တောင်းမှ ဒေသခံ(၁၀၀)ခန့်က "လက်ပန်တောင်းစီမံကိန်းရပ်တန့်ရေး ဒို့အရေး" ဟု ကြွေးကြော်ဆန္ဒထုတ်ဖော်ကြသည်။

"အခု ဆန္ဒ္ဒထုတ်ဖော်တာက တရုတ်နဲ့ ပေါင်းဖွင့်ထားတဲ့ကုမ္ပဏီကြီးတွေကို ဒီစီမံကိန်းရပ်တန့်ဖို့ ဆန္ဒထုတ်ဖော်တာ" ဟု ဆန္ဒထုတ်ဖော်သူတစ်ဦးက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ခွင့် လျှောက်ထားခြင်းမရှိကြောင်းနှင့် သက်ဆိုင်ရာမှလည်း အဆိုပါကိစ္စနှင့် ပတ်သက်၍ ဥပဒေအတိုင်း အရေးယူရန်စီစဉ်လျက်ရှိကြောင်း သိရသည်။

မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ရုံးရှေ့၌လည်း လုံခြုံရေး ချထား

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေးနှင့် ပတ်သက်၍ယခု ဆန္ဒထုတ်ဖော်နေသူများသည် မဟာဗန္ဓုပန်းခြံအား (၇)ပတ် ပတ်၍တောင်းဆိုသွားမည်ဖြစ်ကြောင်း လက်ပန်တောင်းတောင်အရေး လှုပ်ရှားသူကိုဟန်ဝင်းအောင်က ပြောကြားသည်။ အဲ့ဒီ ဆန္ဒပြပွဲအတွင်း ငြိမ်းချမ်းရေးဗိသုကာ ဆရာကြီးဒဂုန်တာရာရဲ့ သ၀ဏ်လွှာကို ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ကိုဟန်ဝင်းအောင်မှ ဖတ်ကြားခဲ့ပါတယ်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ABSDF အဖွဲ့ဝင်ဟောင်း ကိုရဲလင်းက"တရုတ်နိုင်ငံက စီမံကိန်းတွေ ရပ်တန့်သွားဖို့ အဓိကတောင်းဆိုတာပါ"ဟု ဆိုသည်။

အဆိုပါ လက်ပန်တောင်းတောင်အရေး တောင်းဆိုနေသော ဒေသခံများအားဗကသအဖွဲ့ဝင်များ ယခင်နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ လယ်ယာမြေအရေးဆောင်ရွက်နေသူများနှင့် လူ့အခွင့်အရေးဆောင်ရွက်နေသူများက ၀ိုင်းရံလျှက် ရှိကြောင်းသိရသည်။ "ဥပဒေအတိုင်းအရေးယူမယ်ဆိုရင်တော့ မနက်ကအဖမ်းခံရတဲ့ ကျွန်တော်တို့(၄)ဦးကိုပဲ အရေးယူမှာပါ" ဟု ကိုဘိုဘိုကျော်က ပြောသည်။

ယနေ့မနက်တွင် သက်ဆိုင်ရာမှ ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးလှုပ်ရှားသူများဖြစ်သည့် ကိုဘိုဘိုကျော်၊ ကိုသီဟ၀င်းတင့်၊ ကိုရဲလင်း၊ ကိုဝင်းကိုတို့လည်း ပါဝင်အရေးဆိုလျှက် ရှိကြောင်း သိရသည်။
ယမန်နေ့ ည ၁၀ နာရီမှ မနက် ၁နာရီထိ သက်ဆိုင်ရာမှ ခေါ်ယူမေးမြန်းခံရသောဗဟိုကျောင်းသားသမဂ္ဂမှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုသီဟ၀င်းတင်ကဒီမိုကရေစီကူးပြောင်းနေစဉ်ကာလအတွင်း ယခုကဲ့သို့ ခေါ် ယူမေးမြန်းခြင်းများမပြုလုပ်သင့်ကြောင်း ထုတ်ဖော်ပြောကြားသည်။ “ဒီမိုကရေစီနိုင်ငံလဲကူးပြောင်းနေပြီဗျာ၊ခုလိုခေါ်ယူတာညှိနှိုင်းတာဟာ ဒီမိုကရေစီနိုင်ငံ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး”ဟု ၄င်းကပြောကြားသည်။

မြန်မာ့ခေတ်



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>