Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

သမ္မတချင်းတော့ မတူပါလေ

$
0
0
သမ္မတကြီး ဦးသိန်းစိန် ဘယ်လောက်ချမ်းသာသလဲ ဘယ်သူမှ မသိနိုင်ဘူး။ သမ္မတ အိုဘားမား ဘယ်လောက်ချမ်းသာသလဲ။ လူတိုင်း သိနိုင်အောင် ထုတ်ပြန်ထားတာတွေရှိတယ်။ အင်တာနက်ပေါ် တက်ကြည့်လိုက်ရင် သတင်းမီဒီယာတွေမှာ အထောက်အထားတွေရနိုင်တယ်။

Celebrity Net Worth ထဲမှာ အိုဘားမား ချမ်းသာတာကို ဒေါ်လာ ၁၂ ဒသမ ၂ သန်းလို့ ဖော်ပြထားတယ်။ Forbes ကမ္ဘာကျော် မဂ္ဂဇင်းကြီးမှာတော့ ဒေါ်လာ ၆ သန်းလို့ ပါတယ်။

အမေရိကန် သမ္မတတွေထဲမှာ အချမ်းသာဆုံးက ဂျော့ ဝါရှင်တန်ဖြစ်ပါတယ်။ သူက ဒေါ်လာ ၅၂၅ သန်းလောက် ချမ်းသာတယ်။ သူပိုင်ဆိုင်တဲ့ မြေယာခြံတွေက ဧက ၈၀၀၀ လောက်ရှိတယ်။ သမ္မတလင်ကွန်းကတော့ ဒေါ်လာ ၁ သန်းလောက်ပဲ ချမ်းသာတယ်။ ခေတ်သစ်သမ္မတတွေထဲမှာတော့ အိုဘားမားက အမွဲဆုံးလို့ဖော်ပြကြတယ်။

အိုဘားမား ဘာကြောင့် ဒေါ်လာ သန်းချီပြီး ပိုင်ဆိုင်သလဲဆိုတာ ပြောပြလို့ရတယ်။ သမ္မတ မဖြစ်မီကတည်းက သူ စာအုပ်နှစ်အုပ်ရေးခဲ့တယ်။ အဲဒီ စာအုပ်တွေဟာ သမ္မတဖြစ်တော့ ပိုပြီးပေါက်သွားတယ်။ ၂၀၀၆ မှာ ထုတ်ခဲ့တဲ့ The Audacity of Hope ဆိုတဲ့ စာအုပ်နဲ့ ၁၉၉၅ ခုနှစ်မှာ ထုတ်ခဲ့တဲ့ Derams From My Father ဆိုတဲ့ စာအုပ်နှစ်အုပ် ရောင်းရတဲ့အတွက် ရတဲ့ ဝင်ငွေဟာ ဒေါ်လာ သန်း ၂၀ လောက်ရှိတယ်လို့ ဝါရှင်ပို့စ် သတင်းစာကြီးက ဖော်ပြထားတယ်။

၂၀၁၀ မှာ အိုဘားမားက Of Thee I Sing: Aletter To My Daughters ဆိုတဲ့ စာအုပ်ကို ကိုယ်တိုင်ရေးပြီး ထုတ်ခဲ့တယ်။ အဲဒီက ရတဲ့ အကျိုးအမြတ်တွေအားလုံးကို ကျဆုံးစစ်သည်တော်တွေ၊ မသန်စွမ်းဖြစ်သွားတဲ့ စစ်သည်တော်တွေနဲ့ သူတို့ သားသမီးတွေ ပညာသင်ဆုအတွက် အားလုံးလှူလိုက်တယ်။

အိုဘားမား လစာက ဒေါ်လာ ၄ သိန်းပါ။ အဲဒီအထဲက အိမ်စရိတ်၊ သယ်ယူပို့ဆောင်စရိတ်၊ ဧည်ခံပွဲစရိတ်အတွက် ကိုယ်ပိုင်ငွေထဲက သုံးရတာတွေရှိတယ်။ သာမန်လူတွေလို မဟုတ်တဲ့အတွက် ဝင်ငွေထဲက ထုတ်သုံးရတဲ့ စရိတ်တွေများတယ်။ ဒါပေမဲ့ ချွေတာတဲ့ သမ္မတဖြစ်လို့ သူ့ငွေစာရင်းမှာ ဒေါ်လာ ၃ ဒသမ ၄ သန်းရှိတယ်ဆိုတာ ဖော်ပြထားတယ်။
အိုဘားမား ပင်စင်ယူရင် သူရမယ့် နှစ်စဉ်ထောက်ပံ့ကြေးဟာ ဒေါ်လာ ၁ ဒသမ ၅ သန်းလို့ Business Week မှာ ဖော်ပြထားပါတယ်။

အိုဘားမားဟာ ပင်စင်ယူရင် သမီးဖြစ်သူ ပညာရေးအတွက် လက်ရှိတော့ ဝါရှင်တန်မှာပဲ ငှားနေရဦးမယ်။ ဒါပေမဲ့ သူပိုင်တဲ့ အိမ်ဟာ ချီကာဂိုမှာရှိပါတယ်။ ချီကာဂို၊ ဟိုက်ပါ့ခ်မှာ သူ့အိမ်က စတုရန်းပေ ၆၂၀၀ ကျယ်ပါတယ်။ ၂၀၀၅ ခုနှစ်ကဒေါ်လာ ၁ ဒသမ ၆၅ သန်းနဲ့ ဝယ်ခဲ့တာလို့ Forbes မဂ္ဂဇင်းမှာ ဖော်ပြထားတယ်။ အဲဒါ လက်ငင်း ငွေချေပြီး ဝယ်ထားတာမဟုတ်ဘူး။ ၂၀၀၅ ခုနှစ်ကတည်းက နှစ်ပေါင်း ၃၀ အကြွေးယူပြီး အတိုး ၅ ဒသမ ၆၂၅ ရာခိုင်နှုန်းနဲ့ ဝယ်ထားတာလို့ Business Week မှာဖော်ပြထားတယ်။ သူသမ္မတဖြစ်တာက ၂၀၀၉ မှပါ။

သူတို့နိုင်ငံတွေမှာက သမ္မတကိုစောင့်ကြည့်နေကြတာ။ ဘာလုပ်လုပ် အချက်အလက်နဲ့ သတင်းတွေ ထုတ်ပြန် နေကြတာပဲ။ ကျွန်တော်လည်း သမ္မတဟောင်း ဦးသိန်းစိန် ဘယ်လောက်ပိုင်ဆိုင် ချမ်းသာတယ်ဆိုတာ လိုက်မွှေ ကြည့်တာပဲ။ ဘယ်မှာမှကို မတွေ့ရတာ။ ဒီလူတွေ အဲဒီလောက်ကို လျှို့ဝှက်နိုင်ကြတာ။ လယ်တောအိမ်ဆိုင်ကို တောင် သူမပိုင်ပါဘူးဆိုတာ ကြားလော်ဘီက အော်လို့သိရတာ။ ဒီတိုင်းပြည်က မီဒီယာတွေ တယ်ညံ့သဗျာ။

၃.၆.၂၀၁၆
Tin Nyunt

Viewing all articles
Browse latest Browse all 32865

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


TTA Oreo Gapp Installer


ချစ်စရာ့ မြန်မာ့ဓလေ့


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲ ကျင်းပ


တာနောယက္ခ


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


ယာတောက သာဗြော - အဝေးက ပေးစာတစောင် (ပုဂံငလျင်)


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


မြန်မာ ငါးဖမ်း စက်လှေကို ဘင်္ဂလားဒေ့ရှ် ရေတပ်မှ ဖမ်းဆီး ခေါ်ဆောင် သဖြင့် မြန်မာ့...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>