Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မင်္ဂလာဒုံမှာ ဆုံစို့နာဖြစ်ပွား

$
0
0
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ကုန်းတလဘောင်ကျေးရွာက ရတနာမာန်အောင် သီလရှင်စာသင်တိုက်ကို ဇွန်လ ၃ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Zaw Win/RFA
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ကုန်းတလဘောင်ကျေးရွာက ရတနာမာန်အောင် သီလရှင်စာသင်တိုက်မှာ ဆုံစို့ကူးစက်ရောဂါ ဖြစ်ပွားနေတဲ့အတွက်ဆိုပြီး အဲ့ဒီကျောင်းတိုက်ကို မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဝင်ထွက်သွားလာတာကို ပိတ်ပင်ထားပါတယ်။

ကျောင်းတိုက်အတွင်းက သံဃာတော်တွေနဲ့ သီလရှင်တွေကို အပြင်မထွက်ဖို့နဲ့ အပြင်ကလည်း ကျောင်းတွင်းကို မဝင်ရောက်ဖို့ မင်္ဂလာဒုံမြို့နယ် ကျန်းမာရေးဦးစီးမှူးက တားမြစ်ထားတယ်လို့ ကုန်းတလဘောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအုန်းမြင့်က ပြောပါတယ်။

"ဆရာဝန် ဆရာမတွေကနေပြီးတော့ အဲ့ဒီမှာကူးစက်ရောဂါပေါ့လေ ဆုံစို့ကူးစက်ရောဂါဖြစ်နေတဲ့အတွက် ဒါကိုအုပ်ချုပ်ရေးမှူကလည်း ကူညီပြီးဆောင်ရွက်ပေးပါဆိုလို့ ကျနော်လည်း လူဝင်လူထွက်မရှိအောင်လို့ ကျနော်တို့အနေနဲ့ ရာအိမ်မှူးတွေနဲ့နေပြီးတော့ လမ်းတွေကိုပိတ်ဆို့ထားတယ်၊ လိုအပ်အကူအညီရှိရင် လည်းပြောပါဆိုပြီး သူတို့လည်း လိုအပ်တဲ့အကူအညီကိုလည်း ကျနော်တို့ ဆောင်ရွက်ပေးခဲ့ပါတယ်"

ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့က အဲ့ဒီကျောင်းတိုက်က သီလရှင်ဆရာလေးတစ်ပါး သေဆုံးခဲ့ရာမှာ မှု့ခင်းဆရာဝန်က ဆုံစို့ကူးစက်ရောဂါကြောင့်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ သီလရှင်းကျောင်းတိုက်မှာ နေထိုင်သူတွေကို မြို့နယ် ကျန်းမာရေး ဦးစီးဌာနက နေ့စဉ်ကာကွယ်ဆေး တိုက်ကျွေးနေပါတယ်။

ဆုံစို့ကူးစက်ရောဂါဆိုရင် ကာကွယ်ဆေးကို ၁ဝ ရက်တိတိ နေ့စဉ်သောက်ရင် ရောဂါပျောက်ကင်းတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးမှူးက ပြောပါတယ်။

အဲ့ဒီကျောင်းတိုက်မှာ သံဃာတော်တွေနဲ့ သီလရှင် စုစုပေါင်း ၅၈ ပါး သီတင်းသုံးတာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese/

Viewing all articles
Browse latest Browse all 32865

Trending Articles


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


တာချီလိတ်မြို့ အားခေရွာထဲ၌ ကျပ်သိန်းပေါင်း ၁၄၅ သိန်းခန့် တန်ဖိုးရှိသည့်...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


ဦးအောင်ဇေယျမှ ကုန်းဘောင်မင်းဆက်တည်ဆောက်ခြင်း အစ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


TTA Oreo Gapp Installer


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


ထိုင်း-မြန်မာ နယ်စပ် ပဋိပက္ခ (၂၀၀၃)


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


တာနောယက္ခ


မနောမယအိမ်ခြံမြေရောင်းနည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>