”မြစ်ဆုံစီမံကိန်းကို ဆက်လက်အကောင်အထည်မဖေါ်ပါက နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို များစွာထိခိုက်လိမ့်မည်ဟု တရုတ်သံအမတ်က ပြောကြား ....
------ ------ ------ ------ -----
ကချင်ပြည်နယ်ဖွံ့ဖြိုးရေးနှင့်မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဆက်လက်အကောင်အထည်ဖေါ်ရန်ရည်ရွယ်ချက်ဖြင့် တရုတ်သံအမတ် မစ္စတာဟုန်လျန် နှင့်အဖွဲ့အားဇွန် ၄ရက်နံနက် က မြစ်ကြီးနားမြို့ရှိ တရုတ်သံအမတ်တည်းခိုနေထိုင်ရာ Palm Spring Resort ဟိုတယ်ရှေ့၌ စီမံကိန်ကိုမလိုလားသည့် ဒေသခံလူမှုအဖွဲ့အစည်းများနှင့် ကချင်နိုင်ငံရေးပါတီများမှ အဖွဲ့ဝင်များက မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်စဲသွားရန်၊ SPIC (ယခင် CPI) ကုမ္ပဏီ အမြန်ဆုံးရုတ်သိမ်းသွားရန် ပိုစတာများကိုင်ဆောင်၍ အော်ဟစ်ကြွေးကြော်ဆန္ဒပြခဲ့သည်။
ယင်းသို့ ဆန္ဒပြနေချိန်၌ တရုတ်သံအမတ်သည် ကချင်တိုင်းရင်းသားခေါင်းဆောင်များနှင့် ဟိုတယ်တွင်း၌မြစ်ဆုံကိစ္စဆွေးနွေးနေချိန်ဖြစ်သည်။
မြစ်ဆုံစီမံကိန်းကို ဆက်လက်အကောင်အထည်မဖေါ်ပါက နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို များစွာထိခိုက်လိမ့်မည်ဟု တရုတ်သံအမတ်က ၎င်းနှင့်အတူ လိုက်ပါသွားသည့် သတင်းသမားများအား ဇွန် ၂ ရက်က ပြောကြားခဲ့သည်။
နေနိုင်သူ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)