Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

နေပြည်တော် ပျဉ်းမနား ကမ္ဘောဇဘဏ်မှ ငွေထုတ်ပြီးပြန်လာသူ အမျိုးသမီးတဦး နေ့ခင်ကြောင်တောင် လုယက်ခံရ

$
0
0
နေပြည်တော် ပျဉ်းမနား ကမ္ဘောဇဘဏ်ခွဲ(၂)မှ ငွေထုတ်ပြီးပြန်လာသူအမျိုးသမီးတဦး နေ့ခင်းကြောင်တောင် လုယက်ခံရသည့်ဖြစ်စဉ်တခု ဇွန် ၃ ရက်နေ့က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ နေပြည်တော် ဇေယျာသီရိမြို့နယ် ကျည်တောင်အုပ်စု ခေါမကျေးရွာနေ မရီရီနွဲ့(၂၄ နှစ်)သည် ဇွန် ၃ ရက် နေ့လည် ၂ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ပျဉ်းမနားမြို့ ၊ နှင်းဆီပန်းအ၀ိုင်းအနီးရှိ ကမ္ဘောဇဘဏ်ခွဲ(၂)မှ ငွေထုတ်ပြီး စူပါကတ်ဆိုင်ကယ်ဖြင့် အဟာရသုခဈေးသို့အသွား ဘောဂသီရိကားဝင်းရှေ့ မြို့ရှောင်လမ်းပေါ်အရောက် အနောက်မှကပ်ပါလာသော ဆိုင်ကယ်တစီး လူနှစ်ဦးမှ မရီရီနွဲ့၏ဆိုင်ကယ်အား ကျော်တက်ပြီး ဆိုင်ကယ်ရှေ့ခြင်းထဲတွင်ထည့်ထားသော ငွေ ၄၆၄,၀၀၀ ကျပ်ပါ အိတ်ကို လုယူထွက်ပြေးသွားခဲ့သည်။

လုယက်သူများနောက်သို့ မရီရီနွဲ့မှ ဆိုင်ကယ်ဖြင့်လိုက်ရာ သကြားစက်လမ်းဆုံအရောက်တွင် လုယက်သွားသူများ၏ဆိုင်ကယ်ကို မီပြီး ငွေအိတ်ကို ပြန်လုရာတွင် လုယက်သူများက တွန်းထုတ်လိုက်သဖြင့် ဆိုင်ကယ် လဲကျပြီး မရီရီနွဲ့၏ ၀ဲပါးရိုး၊ ယားဒူးနှင့် လက်ကောက်ဝတ်နေရာများတွင် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သည်။ ထို့နောက် အနီးရှိယာဉ်မောင်းတဦးအား အကူအညီတောင်းခံပြီး လိုက်လံဖမ်းဆီးရာ နံပါတ်ဖျက်ထားသော ဆိုင်ကယ် ၉ယ/၄၄၇--(နောက်နှစ်လုံး ဖျက်ထား)၏နောက်တွင် လိုက်ပါလာသူ ပျဉ်းမနားမြို့နယ် ကင်ပွန်းတန်းအုပ်စု အောင်ချမ်းသာရပ်နေ ကိုမင်း(၂၅နှစ်) အား ဖမ်းဆီးရမိခဲ့သည်။

လုယက်သူနှစ်ဦးအနက် ဆိုင်ကယ်မောင်းနှင်သူမှာ ငွေအိတ်နှင့်အတူ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသူ ကိုမင်းကို ပျဉ်းမနားရဲစခန်းတွင် (ပ)၃၄၄/၂၀၁၆ ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်အရေးယူထားပြီး လွတ်မြောက်သွားသူအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြာင်း သိရသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Viewing all articles
Browse latest Browse all 32865

Trending Articles


(ဒုတိယရင်ခွင်နဲ့ရှင်သန်ခြင်း)ဝထ္ထုတို(စ..ဆုံး)


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


MECTel CDMA 800 MHz ဖုန်း အသုံးပြု သူများ မိုဘိုင်းဖုန်း မှတစ် ဆင့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


တာနောယက္ခ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


အောင်မြို့● လူမိုက်ကိုဖိုးစောဟု ခေါ်လေသည်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>