Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အသက် ခုနစ်နှစ်အရွယ် ယောက်ျားလေးတစ်ဦး ပျောက်ဆုံးခဲ့မှုက ဂျပန်တွင် စည်းကမ်းပိုင်းဆိုင်ရာ ဆွေးနွေး ငြင်းခုံမှုများ ပေါ်ပေါက်လာ

$
0
0
ဇွန် ၃ ရက်က သားဖြစ်သူကို ပြန်တွေ့ပြီးနောက် မီဒီယာများနှင့် တွေ့ဆုံနေသော ယင်းကလေး၏ ဖခင်ဖြစ်သူ တာကာယူကီတာနိုအိုကာ (Photo: AFP)

အသက် ခုနစ်နှစ်အရွယ် ဂျပန် ယောက်ျားလေး တစ်ဦးကို မိဘများက အပြစ်ဒဏ်ပေးသည့် အနေဖြင့် တောင်ပေါ်လမ်းတွင် ပစ်ထားခဲ့မှုကြောင့် အချို့က မိဘများကို ဒေါသထွက်ခဲ့ကြပြီး အချို့က မိဘများ ရင်ဆိုင်ရသည့် ဖိအားများအတွက် ကရုဏာသက်မှုများ ရှိခဲ့ပြီး ဂျပန်တွင် ငြင်းခုံမှုများ ပေါ်ပေါက်စေခဲ့သည်။

ဆိုးသွမ်းသည့် အပြုအမူအတွက် ကားပေါ်မှ နှင်ထုတ်ကာ တောင်ပေါ်လမ်း၌ တစ်ယောက်တည်း ပစ်ထားခံခဲ့ရသည့် ရာမာတိုတာနိုအိုကာကို ဇွန် ၃ ရက်က စစ်စခန်းတစ်ခု အနီးတွင် အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့သည်။ ပြင်ပကမ္ဘာ၏ အမြင်တွင် ဆာမူရိုင်းစတိုင် စည်းကမ်းတင်းကျပ်စွာ ပြုစုပျိုးထောင်မှုအောက်၌ ကြီးပြင်းခဲ့သော အလုပ် ကြိုးစားသူများအဖြစ် ဂျပန်တို့ကို သိထားကြသော်လည်း လက်တွေ့တွင် ဂျပန်တို့သည် ယင်းရှုမြင်မှုနှင့် ပို၍ ကွဲပြားလာနေသည်။ ဖွံ့ဖြိုးပြီး ကမ္ဘာ့နိုင်ငံဖြစ်သည့် ဂျပန်တွင် မိဘများသည် မကြာသေးခင် ဆယ်စုနှစ်များ အတွင်း၌ ကလေးများကို ပို၍ အလိုလိုက် လာကြသောကြောင့် မျိုးဆက်ဟောင်းများက ဂျပန်တို့သည် ပျော့ပျောင်းလာကြောင်း ထောက်ပြ ဝေဖန်နေကြသည်။

ပြီးခဲ့သည့် တစ်ပတ်က ကလေးငယ် ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ပြီးနောက် လူမှုမီဒီယာတွင် ဂျပန်များက တုံ့ပြန် ဆွေးနွေးခဲ့ကြပြီး မိဘများ၏ လုပ်ရပ်သည် ညှဉ်းပန်းနှိပ်စက်မှု ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခဲ့သည့် အတွက် မိဘများသည် ဆိုးသွမ်းသူများဖြစ်ကြောင်း ရှုတ်ချ ဝေဖန်ခဲ့ကြသည်။ ယခုအခါ ယင်းကောင်လေးအား ပြန်လည်တွေ့ရှိခဲ့ပြီးနောက် ဂျပန် တစ်နိုင်ငံလုံးက စိတ်သက်သာရာ ရခဲ့သော်လည်း သဘောထားများက တင်းမာနေကြဆဲ ဖြစ်သည်။ “ပျောက်သွားတဲ့ ကောင်လေးကို ပြန်တွေ့ပါပြီ။ လုံးဝ အံ့သြစရာပါပဲ။ ဒါပေမဲ့ လူမရှိတဲ့ ကျွန်းတစ်ကျွန်းမှာ ဒီလို ပစ်ထားခဲ့တဲ့ မိဘတွေကို အရေးယူ အပြစ်ပေးရပါမယ်” ဟု ဂျပန် တစ်ဦးက Twitter တွင် ရေးသားခဲ့သည်။ ပျောက်ဆုံးခဲ့သော ကလေးငယ်၏ ဖခင် တာကာယူကီတာနိုအိုကာက သားဖြစ်သူကို ပြန်လည်တွေ့ရှိခဲ့ပြီးနောက် သတင်းထောက်များရှေ့တွင် မှားယွင်းကြောင်း ၀န်ခံခဲ့သည်။ ယခုဖြစ်ရပ်နှင့် ပတ်သက်ပြီး ဝေဖန်မှုများတွင် အထင်ရှားဆုံး တစ်ခုမှာ သြဇာကြီးသော ပညာရေး ပါရဂူ တစ်ဦးဖြစ်သည့် နာအိုဂီ၏ ဝေဖန်မှုဖြစ်သည်။ “သေချာတယ်။ သူတို့ မကြာခင် အဖမ်းခံရမှာပါ” ဟု အိုဂီက ရေးသားခဲ့သည်။

Ref: AFP
Eleven Media Group

Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>