(၃-၆-၁၆ )ရက်နေ့ည ၈ နာရီခန့်က ပုသိမ်မြို့နေမစုမြတ်နိုး သည် တကသိုလ်လမ်းရှိ လက်ဘက်ရည်ဆိုင်တွင်သူငယ် ချင်းများဖြင့်ထိုင်နေစဉ် ရည်းစားဟောင်းဖြစ်ခဲ့ဘူးသော
ပလပ် ဆိုသူမှအတင်းအကြပ်ခေါ်ဆောင်သဖြင့် ၎င်းဆိုင် ကယ်ဖြင့်လိုက်သွားပြီးနောက် ပလပ်မှ စုမြတ်နိုးဆိုင်ကယ် နှင့်ဖုန်းအား သတ်ပစ်မည်ဟုဆိုကာ ခြောက်လှန့်တောင်း ယူထားသဖြင့် ၎င်းမှထွက်ပြေးလာခဲ့ကြောင်း မိဘများအား အကြောင်းကြားဖြင့် ဖခင်ဦးကျော်ဝင်းမှ သမီးဖြစ်သူအား
လိက်လံခေါ်ဆောင်ခဲ့ပြီး ဖုန်းနှင့်ဆိုင်ကယ်အား ခြောက်လှန့် တောင်းယူထားသူ ပလပ်အား အရေးယူပေးရန်တိုင်တန်း သဖြင့် ပုသိမ်မြို့မရဲစခန်း (ပ) ၂၅၅/၁၆ ပုဒ်မ ၃၈၆ ဖြင့် အမှု ဖွင့်အရေးယူခဲ့
အမူမှ တရားခံဖမ်းဆီးရမိရေးအတွက် ပုသိမ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ လိုက်လံစုံစမ်းခဲ့ရာ (၄.၆.၂၀၁၆) ရက်နေ ညနေ ၆ နာရီခန့်တွင် တရားခံပလပ်အား ပုသိမ်မြို့ စက်မူဇုန်လမ်းတွင် ဖမ်းဆီး ရမိခဲ့ပြီး ဖမ်းဆီးစဉ် ၎င်းထံမှ အရိုးအသွား ၁၂ လက်မခန့်ရှိ ဓားမြှောင်တစ်ချောင်းအား သိမ်းဆည်းရမိသဖြင့် လက်နက် ဥပဒေပုဒ်မ ၁၉ (င) အရ အရေးယူ ခဲ့
ရဲတပ်ဖွဲ့ဝင်များမှ ပလပ်အားဖမ်းဆီးစဉ် တရားခံသူငယ်ချင်း ဖြစ်သူ ဇော်လွင်ဖြိုးမှ ပြန်လည်ခုခံရန်ပြုသောကြောင့် နယ်ထိန်းရဲတပ်သား မိုးဇော်ဟိန်းနုတိခမ်းတွင် ဒဏ်ရာရရှိ ခဲ့သဖြင့် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်အား ခုခံလက် ရောက်မှုကျုးလွန်သူ ဇော်လွင်ဖြိုးအား ပုဒ်မ ၃၃၂ ဖြင့် အမှုဖွင့်အရေးယူခဲ့
မိဘများအနေဖြင့် သမီးမိန်းခလေးများအား နမူနာပြောပြ အတုယူနိုင်စေရန် ပုသိမ်မြို့မရဲစခန်းမှ တိုက်တွန်းအပ်ပါ သည်
Credit@Zaw Min Tun
VIA~Ye Lin Aung