စွန့်ပစ်ခံ အဘိုးအဘွား များအတွက် ရိပ်သာတစ်ခု ဖွင့် လှစ်ရန် ခိုလှုံရာပရဟိတအဖွဲ့မှ လူငယ်များက သူဖုန်းစားများကဲ့ သို့ ၀တ်ဆင်ပြီး ရန်ကုန်မြို့ လှည်း တန်းစင်တာရှေ့၌ ဇွန်လ ၄ ရက် က အလှူခံရာ ကျပ် ၁၃ သိန်း ကျော် ရရှိခဲ့သည်။
စွန့်ပစ်ခံ အဘိုးအဘွားများ ကို ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ ကနောင်စုရပ်ကွက်၊ ရွာမလမ်း တွင် အဆောက်အအုံငှားရမ်းပြီး ရိပ်သာအဖြစ်ထားရှိရန် ကြိုးစား နေကြောင်း အဆိုပါအဖွဲ့မှ အဖွဲ့ ၀င်တစ်ဦးက ပြောသည်။ အဆိုပါ ရိပ်သာတွင် အဘိုးအဘွား ၃၀ ဦးခန့်အထိထားရှိရန် ရည်ရွယ်ထား သည်။
စွန့်ပစ်ခံရ၍ လမ်းပေါ်တွင် နေကြရသော အဘိုးအဘွားများ၊ တောင်းရမ်း စားသောက်ရသော ခိုကိုးရာမဲ့ အဘိုးအဘွားများစွာ အသက်ဆုံးရှုံးနေကြခြင်းကို တွေ့မြင်၍ အလှူလိုက်ခံရခြင်းဖြစ် ကြောင်း ပရဟိတလူငယ်များက ဆိုသည်။
‘‘ရိပ်သာအတွက်က ရေ၊ မီး၊ စားသောက်ဖို့နဲ့ ၀န်ထမ်းတွေထားဖို့အတွက် တစ်လကို ၁၅ သိန်းလောက်ကုန်မယ်လို့ ခန့်မှန်းထားပါတယ်။ ကျွန်မတို့က အဆောက်အအုံကလည်း ငှားရတာဆိုတော့လေ။ ဒီနေ့အလှူခံတာ ၁၃ သိန်းခွဲရပါတယ်။ ရိပ်သာအတွက် ရသလောက် အလှူခံတာပါ။ လိုရင်လည်း ကျွန်မတို့အဖွဲ့က စိုက်ထုတ်ပြီး လုပ်သွားမှာပါ’’ဟု ၎င်းကပြောသည်။
ဇွန်လ ၅ ရက်တွင် မြေနီ ကုန်း ဒဂုံစင်တာရှေ့၌ အလှူခံ မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဇွန်လ ၁၅ ရက်တွင်လည်း ရန်ကုန်မြို့လယ်ရှိ ဆူးလေစေတီအနီး၌ အလှူခံမည်ဖြစ်သည်။
ခိုလှုံရာပရဟိတအဖွဲ့ကို ၂၀၁၅ စက်တင်ဘာတွင် စတင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။
7Day News Journal