Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လွတ်လပ်သော တက္ကသိုလ်ကျောင်းသားသမဂ္ဂတရားဝင်ဖွဲ့စည်းခွင့်ပေးရေးအဆို အန်အယ်လ်ဒီဦးဆောင်သည့် ပြည်သူ့လွှတ်တော် တွင် တင်သွင်းရန် ကြိုးပမ်းမှု ပယ်ချခံရ

$
0
0
တက္ကသိုလ်များတွင် ကျောင်းသားသမဂ္ဂ တရားဝင်ဖွဲ့စည်းခွင့် ရရှိရေးနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောမှ ပြည်သူ့လွှတ်တော်တွင် တင်သွင်းနိုင်ရေးအတွက် တင်ပြခဲ့ရာ အမျိုးသားလွှတ်တော်မှ ခွင့်မပြုခဲ့ကြောင်းသိရသည်။

ယင်းအဆိုအား မေလ ပထမအပတ်ကတည်းက တင်သွင်းခွင့်ရရန်ကြိုးစားခဲ့ခြင်းဖြစ်ပြီး ဖွဲ့စည်းခွင့်ပေးပြီးဖြစ်သည်ဟု ဆိုကာ ပယ်ချခဲ့ခြင်းဖြစ်သည်။

လက်ရှိပြဌာန်းထားသော အမျိုးသားပညာရေး ဥပဒေတွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ တရားဝင်ဖွဲ့စည်းခွင့်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အဆင့်မြင့်ကျောင်းအလိုက် ရေးဆွဲထားသော ပဋိဥာဉ်နှင့်အညီဖွဲ့စည်းခွင့်ဆိုပြီးပါရှိသည်။

‘သဘောက သူတို့က ဖွဲ့စည်းခွင့်ပေးပြီးပြီဆိုပြီး ပယ်ချတာ။ ဒါပေမဲ့ ဥပဒေသေချာပြန်ကြည့်မယ်ဆိုရင် သူတို့ဖွဲ့စည်းခွင့်ပြုတယ်ဆိုတာ ပဋိဥာဉ်အလိုက်ဆိုတာက ကျောင်းအလိုက် ပဋိဥာဉ်မှ အခုအထိမှ မရှိသေးပဲ။ သဘောက သခင်အောင်ဆန်းခေတ်ကလို နိုင်ငံလုံးဆိုင်ရာသမဂ္ဂတွေလိုမျိုး ပေါ်မလာအောင် တားမြစ်ထားတဲ့ သဘောဖြစ်နေတယ်။ ကျောင်းအလိုက်ပဋိဥာဉ်ဆိုတာ ကျောင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီးမှ လုပ်ရမှာလား။ ဗဟိုဦးစီးပါဦးမှာလားဆိုတဲ့ သဘောဖြစ်နေတယ်။ လွတ်လပ်တဲ့ သမဂ္ဂတွေဖြစ်ဖို့ အတားဆီးဖြစ်စေတယ်။’ ဟု ဦးဦးလှစောက ပြောသည်။

ဗြိတိသျှကိုလိုနီလက်အောက်ဘ၀မှာပင် တက္ကသိုလ်များအနေဖြင့် ကျောင်းသားသမဂ္ဂများကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိခဲ့ပြီး မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည်ပင်လျှင် ကျောင်းသားသမဂ္ဂဥက္ကဌ အဖြစ်တာဝန်ယူခဲ့ဖူးပါသည်။

‘ကံဆိုးလွန်းတဲ့ကျနော်တို့နိုင်ငံမှာ မလိုချင်တာကိုပိုက်ထွေးနေခဲ့ရပြီး မြတ်နိုးတန်ဖိုးထားရတဲ့အရာတွေနဲ့ဝေးနေရပါတယ်။ မလိုချင်တဲ့ မရှိသင့်တဲ့ ပြည်တွင်းစစ်ရှိနေပြီး လိုချင် မြင်ချင်တဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂမရှိပါဘူး ။ တကယ်ဖြစ်ရမှာက ပြည်တွင်းစစ်မရှိတဲ့ လွတ်လပ်တဲ့ ကျောင်းသားသမဂ္ဂရှိတဲ့နိုင်ငံ ပါ။အခုက ဖက်ဒရယ်ကိုကြောက်လို့ ပုံဖျက်ခဲ့သလို လွတ်လပ်တဲ့ ကျောင်းသား သမဂ္ဂကိုလည်း ကြောက်တဲ့ သဘောဖြစ်နေတယ် ‘ ၇၄ ၊ ၇၆ မျိုးဆက် ကျောင်းသားခေါင်းဆောင်လည်း ဖြစ်ခဲ့သူ ဦးဦးလှစောက ပြောသည်။

Photo- Mg Khine aung facebook
The Ladies News Journal

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ